3/08/2016

♪ “Asus Zenfone 2” ♫


စမတ်ဖုန်းများတွင် အကောင်းဆုံးသော စွမ်းရည်များကို ကုမ္ပဏီများက ထည့်သွင်းထုတ်လုပ်ပေးချင်ကြပါ တယ်။ ဒါမှသာ မိမိတို့၏ထုတ်ကုန်များကို သုံးစွဲသူတွေကကြိုက်နှစ်သက်မှာဖြစ်ပါတယ်။ နည်းပညာအမှတ်တံဆိပ်တွေ ထဲတွင် နာမည်ရှိသော Asus သည်လည်း သုံးစွဲသူတွေ ကြိုက်နှစ်သက်မယ့် အကောင်းစားဖုန်းတစ်လုံးကို ၂၀၁၅ ခုနှစ်၊ မတ်လက ရောင်းချပေးထားပါ တယ်။ ထိုဖုန်းဟာ ကမ္ဘာ့ပထမဆုံး 4GB RAM ပမာဏပါရှိသော ဖုန်းဖြစ်ပါ တယ်။ Zenfone 2 မှာ သတ္တု အမျှင်အချောသတ်မှုနှင့် ကောင်းမွန်သော ဒီဇိုင်းပုံစံရှိပါတယ်။

လက်တစ်ဖက်တည်းဖြင့် သက်သောင့်သက်သာနှင့် လွယ်ကူစွာ သုံးနိုင်ရန် ဒီဇိုင်းလုပ်ထားပြီး၊ Zenfone 2 ကို အသံထိန်းခလုတ်၊ ကိုယ့်ပုံကိုယ်ရိုက်သည့်အခါ Camera Shutter အဖြစ်လည်း လုပ်ဆောင်နိုင် သည့် အလိုအလျောက်ခလုတ်တစ်ခုနှင့် အဆင့်မြင့်မြင့်ပြင်ခုံး နောက်ဖုံး တစ်ခုကိုလည်း စီစဉ်ထားပါတယ်။ ဖုန်းရဲ့ မျက်နှာပြင်အကျယ်အ၀န်း ကတော့ 5.5 inches ဖြစ်ပြီး၊ 1080x1920pixels ပမာဏသိပ်သည်းဆ၊ 403ppi ပမာဏတို့ဟာ ကောင်းမွန်သော ရုပ်ထွက်များကို ပေးစွမ်းနိုင်ပြီး၊ ဂိမ်းကစားခြင်းများနှင့် ဗီဒီယိုကြည့်ခြင်းများတွင် အံ့အားသင့်ဖွယ်အလင်းနှင့် ထူးခြားကောင်းမွန်သော အရောင်များပေးပါတယ်။

အသံအရည်အသွေးအတွက် SonicMaster နည်းပညာ တပ်ဆင်ထားပါ တယ်။ Audio Wizard Application က တကယ့်ကိုယ်ပိုင်အသံ အတွေ့အကြုံ တစ်ခုအတွက် Zenfone 2 ၏ အသံကို စိတ်ကြိုက် ပြုပြင်နိုင်ပါတယ်။ Zenfone 2 ဟာ မည်သည့်အခြေအနေအတွင်မဆို အလွန်ကြည့်ကောင်း သောပုံများ၊ အရည်အသွေးမြင့် ဓာတ်ပုံနှင့် ဗီဒီယိုများကို ရိုက်ကူးနိုင်ပါ လိမ့်မယ်။ ဘာကြောင့်လဲဆိုရင် အဓိကကင်မရာသည် 13MPစွမ်းရည်ရှိပြီး၊ ရှေ့ကင်မရာ ငယ်ကတော့ 5MP စွမ်းရည်ပါ။ Flash အလင်းကြိုက်ပါကလည်း အပူရောင် tone နှင့် သဘာဝအရောင်များ သေချာရရှိစေဖို့ realtone dual LED flash တပ်ဆင်ပေးထားပါတယ်။

Zenfone 2 ရဲ့ Dual Sim Dual Active (DSDA) နည်းပညာနဲ့ ဆင်းနှစ်ခု ထည့်နိုင်သည့်အပေါက်မှာ သုံးစွဲသူအား အရေးကြီးခေါ်ဆိုမှုများကို မည်သည့်အခါမှလွတ်မသွားစေရန် သေချာစေ ပါတယ်။ Sim 1 တွင် ခေါ်ဆိုမှုတစ်ခုလုပ်နေစဉ် (သို့) လက်ခံနေစဉ် အခြား ခေါ်ဆိုသူတစ်ဦးက Sim 2 ကို ချိတ်ဆက်ရန်ကြိုးစားနေပါက Sim 1 ကို ချိတ်ဆက်မှုမရပ်စေဘဲ တရစပ်တည်းပြောင်းလဲနိုင်ပါတယ်။

Asus Zen UI ဟာ ရိုးရှင်းပြီး စမတ်ဖြစ်သည့်အတွက် သုံးသူများအတွက် အဆင်ပြေစေ ပါလိမ့်မယ်။ Google Play ထဲတွင်လည်း Zen UI app များစွာရှိပါတယ်။ ဖုန်းရဲ့ဘက်ထရီအမျိုးအစား ဟာ Li-Po 3000 mAh ဖြစ်တာကြောင့် တစ်ခါ အားသွင်းထားရုံနဲ့ အချိန်အကြာကြီးအသုံးပြုနိုင်ပါလိမ့်မယ်။

<Specification>
Network - GSM/HSPA/LTE
Processor - Quad Core 2.3 GHz
Screen - 5.5 inches
Camera - 13 MP
Bluetooth - v4.0
Storage - 32 GB
OS - Android OS,v5.0
Contact - 09-961028280
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 


www.pyaephyo.com