3/08/2016

♪ “ဆမ်ဆောင်းမြန်မာမှ ကျပ် ၉ သိန်းတန် Galaxy S7 Edge ကို ကမ္ဘောဇဘဏ်နှင့် ချိတ်ဆက်၍ ၆ လ အရစ်ကျအတိုးမဲ့ ရောင်းပေးမည်” ♫


ဆမ်ဆောင်းမြန်မာမှ ကျပ် ၉ သိန်းတန် Galaxy S7 Edge အား ကမ္ဘောဇဘဏ်နှင့် ချိတ်ဆက်ပြီး အတိုးမဲ့စနစ်ဖြင့် ၆ လအရစ်ကျ ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ဆမ်ဆောင်းအနေဖြင့် ကမ္ဘောဇဘဏ် မှ တာဝန်ရှိသူများနှင့် သဘောတူလက်မှတ်ရေးထိုးမှုကိုလည်း ပြုလုပ်ခဲ့ပြီး ဘဏ်တွင်ကျပ် ငွေ ၉ သိန်း Saving acc ထားရှိသူတိုင်း Galaxy S7 Edge အား တစ်လလျှင် ကျပ် ၁ သိန်းခွဲနှုန်းဖြင့် ၆ လ အရစ်ကျ ပေးဆောင်နိုင်မည် ဖြစ်သည်။ကမ္ဘောဇဘဏ်မှ တာဝန်ရှိသူတစ်ဦးဖြစ်သော ဦးအောင်ကျော်မျိုး က ''ဆမ်ဆောင်းက KBZ နဲ့ ချိတ် ဆက်လိုက်တာဖြစ်လို့ S7 edge ကို အတိုးနှုန်းမဲ့ ၆ လအရစ်ကျစနစ်နဲ့ ကြိုတင်မှာယူနိုင်မှာပါ။ ကြိုတင်မှာယူ နိုင်တဲ့ကာလက မတ်လ ၇ ရက်ကနေမတ်လ ၁၈ ရက်နေ့အထိ သတ်မှတ် ထားပါတယ်။ ကြိုတင်မှာယူ စနစ်ဖြင့် အရစ်ကျဝယ်ယူသူတွေအနေနဲ့ စတင်ရောင်းချမည့်နေ့တွင်ပေးအပ်မည့် အပိုဆောင်းလက်ဆောင် တွေကို ကံစမ်းမဲအစီအစဉ်မှအပ ရရှိမှာဖြစ်ပါတယ်'' ဟုပြောသည်။

မတ်လ ၂ဝရက်တွင် စတင်ရောင်းချမည်ဖြစ်သော Galaxy S7 Edge နှင့် မကြာမီပြည်တွင်းသို့ တင်သွင်းမည်ဖြစ်သော Samsung Galaxy S7 စမတ်ဖုန်းတို့အားမတ်လ ၄ ရက်နေ့တွင်ပြည်တွင်း၌ စတင်မိတ်ဆက်ပေးခဲ့ ခြင်းဖြစ်သည်။ဆမ်ဆောင်းမြန်မာမှ Head of Department ကိုဇာနည်ဝင်းထက် က ''အခုတင်သွင်းမယ့် S7 နဲ့ S7 Edge ကို ရေလုံးဝ မဝင်အောင် လုပ်ထားတယ်။ ရေထဲမှာထားပြီး နာရီဝက်လောက်အထိ ဖုန်းရဲ့ ဖန်ရှင်တွေကို သုံးလို့ရတယ်။ ပြီးတော့ အရင် S6 တုန်းက SD ကတ်ထည့် လို့မရလို့ ကွန်ပလိန်းတက်ကြတော့အဲဒါကို အခု ဖြေရှင်းပေးထားတယ်။ ဆင်းကတ်နှစ်ခုထည့်သုံးလို့ရလာပြီး SIM slot မှာပဲ SD ကတ်ကို ထည့်သုံး လို့ရအောင် လုပ်ပေးထားတယ်။ ပြီးတော့ ယူနီကုတ်ရော၊ ဇော်ဂျီပါသုံးလို့ အဆင်ပြေအောင်လည်း လုပ်ထားပါတယ်။ GPU ပိုင်းကိုလည်း အဆ ၇ဝ နီးပါး မြှင့်တင်ထားတယ်'' ဟုပြောသည်။

Samsung Galaxy S7 Edge အား မတ်လ ၂ဝ ရက်နေ့တွင် ရန်ကုန်ရှိ မြန်မာပလာဇာနှင့် မန္တလေးရှိ ဆီဒိုးနားဟိုတယ်တို့တွင် မနက် ၉ နာရီ မှစတင်ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါနေ့တွင် ဝယ်ယူ သူများအနေဖြင့် မနက် ၉ နာရီမှစတင်ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါနေ့တွင် ဝယ်ယူသူများ အနေဖြင့် ငွေကျပ် ၁ သိန်းခွဲ တန်ဖိုးရှိ အပိုပစ္စည်းများအဖြစ် ဆမ်ဆောင်းဘက်ထရီ pack တစ်ခု၊ 64 GB ဆမ်ဆောင်း micro SD Card တို့အပြင် ဆမ်ဆောင်းဂီယာ S2 Classic အလုံး ၂ဝဝ ကိုလည်း မဲ ဖောက်ပေးသွားရန် စီစဉ်ထားပါသည်။ ဝယ်ယူ သူများထဲမှ တယ်လီနော ဆင်းကတ်ဖြင့် အသုံးပြုသူများအနေဖြင့် သုံးလ ဆက်တိုက်လစဉ် ကျပ် ၁သောင်းတန် ငွေဖြည့်ကတ်ဖြည့်သွင်းပါက လစဉ် အင်တာနက်ဒေတာ အသုံးပြုခွင့် 1GB အခမဲ့၊ လစဉ် တယ်လီနောဖုန်း အချင်းချင်း ခေါ်ဆိုခွင့် မိနစ် ၁ဝဝ၊ လစဉ် capture app မှ cloud storage တွင် အခမဲ့ upload၊ ဒေါင်းလုတ်ပြုလုပ်နိုင်မည်ဖြစ်သည်။

မတ်လ ၂ဝ ရက်နေ့ပြည်တွင်း၌ စတင်ရောင်းချပေးမည့် အစီအစဉ်တွင် မျက်နှာပြင် 5.5 လက်မရှိသည့် Galaxy S7 edge ရွှေရောင် တစ်မျိုးတည်း သာ ပါဝင်မည်ဖြစ်ပြီး မျက်နှာပြင် ၅.၁ လက် မရှိသည့် S7 ကိုတော့ ဧပြီလ ပထမပတ်တွင် ရွှေရောင်တစ်မျိုးတည်းသာ တင်သွင်းသွားရန်ရှိကြောင်း သိရသည်။ S7 edge အတွက် အမည်းနှင့်အဖြူရောင်များကို နောက်ပိုင်း တွင်ဆက်လက်တင်သွင်းရောင်းချသွားရန် စီစဉ်ထားကြောင်း ကိုဇာနည် ဝင်းထက်မှ ဆိုပါသည်။

ရဲလင်းလင်းသန်း
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com