3/08/2016

♪ HPရဲ့ကွန်ပြူတာအသွင်ကူးပြောင်းနိုင်တဲ့ စမတ်ဖုန်း - “HP Elite x3” ♫


HP ကနေ ကွန်ပျူတာအသွင်ကူးပြောင်းသုံးစွဲနိုင်တဲ့ Elite x3 စမတ်ဖုန်းကို ထပ်မံထုတ်လုပ်ပေးလိုက် ပါတယ်။ ၎င်းကို Dock ထဲထည့်ထားပြီး Desktop PC mode ကို ပြောင်းလဲသတ်မှတ်ပေးနိုင်ပါတယ်။

GSM, LTE နဲ့ HSPA Networks တွေမှာ အဆင်ပြေပြေအသုံးပြုနိုင်ပြီး Nano SIM card 2 card ကိုထည့်သုံးနိုင်ပါတယ်။ ဖုန်းအရွယ်အစားက 161.8×83.5×7.8 mm ရှိပြီး 195g အလေးချိန်ရှိပါတယ်။ 5.96 inches ရှိတဲ့ Capacitive Touchscreen မျက်နှာပြင်ကြောင့် မြင်ကွင်းတွေကို ကျယ်ကျယ်ပြန့်ပြန့်တွေ့မြင်နိုင်ပြီး 1440×2560 pixels သိပ်သည်းဆရှိတဲ့ ပုံရိပ်တွေကိုပြသပေးနိုင်ပါတယ်။

၁လက်မအတိုင်း အတာမှာတော့ 493 ppi pixels သိပ်သည်းဆကိုပေးစွမ်း မှာပါ။ Multitouch စနစ်ကိုသုံးစွဲနိုင်ပြီး Corning Gorilla Glass 4 နဲ့ ဖုံးအုပ် ကာကွယ်ပေးထားတဲ့အတွက် အကြမ်းခံပြီး IP67 Certified ရရှိထားလို့ ဖုန်းဒဏ်နဲ့ ရေဒဏ်ကိုခံနိုင်ရည်ရှိပါတယ်။ ရေအောက် ၁ မီတာအထိ ယူဆောင်သွားနိုင်ပြီး ရေထဲမှာ မိနစ်(၃၀)လောက်ထားနိုင်ပါတယ်။

IP67 Certified အရည်အသွေးရှိပြီး 30fps နဲ့ 1080p ဗီဒီယိုတွေကိုရိုက်ကူးပေး နိုင်ပါတယ်။ အရှေ့ကင်မရာက 8MP Resolution ကိုရရှိနိုင်ပါတယ်။ Internal Memory 64 GB က လုံလောက်တဲ့ Data ပမာဏကိုသိမ်းဆည်း ပေးထားနိုင် တဲ့အပြင် Micro SD Card ကို 200GB အထိ ထပ်မံစိုက်ထည့်သုံးနိုင်ပါတယ်။

ဒါ့အပြင် RAM က 4GB တောင်ပါရှိပါတယ်။ ထည့်သွင်းအသုံးပြုပေးထားတဲ့ Chipset အမျိုး အစားကတော့ Qualcomm MSM8996 Snapdragon 820 ပါ။ Removable Li-Ion 4150 mAh ဘက်ထရီကဖုန်းကို အချိန်အကြာကြီး သုံးစွဲနိုင်မှာဖြစ်ပြီး အရောင်ကတော့ အမည်းရောင်တစ်မျိုးတည်းရှိပါတယ်။

<Specification>
Network - GSM/HSPA/LTE
CPU - D.C 2.15 GHz & D.C 1.6 GHz
Memory - 64GB (up to 200 GB)
OS - Microsoft Windows 10
Bluetooth - v4.1, A2DP
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com