1/11/2016

♪ အရည်သွေးကောင်းမွန်ပြီး ဈေးနှုန်းသင့်တင့်တဲ့စမက်ဖုန်းအသစ်တစ်မျိုး - “XOLO Q700” ♫


ပြည်တွင်းဈေးကွက်ထဲကိုအိန္ဒိယနိုင်ငံမှ အမှတ်တံဆိပ်တစ်ခု ဖြစ်သည့် XOLO ဖုန်းများကိုလည်းရောင်း ချပေးထားပါသည်။ XOLO ဖုန်းများအတွက် Service Center များကိုလည်းဖွင့်လှစ်ပေးထားပြီးXOLO ဖုန်းများကို မြို့ကြီးများတွင်ဝယ်ယူရရှိနိုင်ပါတယ်။ စတင်တင်သွင်းခဲ့သည့် ဟန်းဆက် အမျိုးအစား မှာလေးမျိုးဖြစ်ပါတယ်။ အခြားမော်ဒယ်သစ်များကိုလည်း ထပ်မံရောင်းချပေးပါဦးမယ်။ ထိုဖုန်းတွေ ထဲကမှ ရေစိုခံ၊ အကြမ်းခံသည့် ဖုန်းအမျိုးအစားကတော့ Q700 ဖြစ်ပါတယ်။

ဖုန်းမိတ်ဆက်သည့် အခမ်းအနားတွင်လည်းQ700 ဟန်းဆက်အားရေစိမ်ခံနိုင်မှုရှိကြောင်း ကိုစမ်းသပ်ပြခဲ့ပါ တယ်။ ဒါကြောင့် Q700 ဟန်းဆက်သည် ရေစိုခံဖုန်းကို ကြိုက်နှစ်သက်သူများအတွက် သင့်တော် သည့် ဖုန်းအမျိုးအစားဖြစ်ပါတယ်။ Q700 ရဲ့ အရွယ်အစားပမာဏကတော့ 135.8 x 67.5x10.2mm ဖြစ်ကာ၊ အလေးချိန်ကတော့ 151.3g ဖြစ်ပါတယ်။ ဆင်းကတ်နှစ်ခုထည့်သွင်း အသုံးပြုနိုင်မည့် ဖုန်းအမျိုးအစားဖြစ် ပါတယ်။ IPS LCD capacitive touchscreen ရဲ့ အကျယ်အ၀န်းပမာဏကတော့ 4.5 inches ပါ။

မြင်ကွင်းစွမ်းရည်အတွက် ထောက်ပံ့ပေးထားသည့် pixels ပမာဏကတော့ 540x960 ပါ။ တစ်လက်မမှာရှိမယ့် pixel ပမာဏသိပ်သည်းဆကတော့ 245ppi ဖြစ်ပါတယ်။ အဓိက ကင်မရာကို5MPစွမ်းရည်ဖြစ်အောင် ဆောင်ရွက်ပေးထားပြီး၊ ရှေ့ကင်မရာငယ်ကတော့ VGA စွမ်းရည်ပါ။ 720pစွမ်းရည်ဖြင့် ဗီဒီယိုရိုက်ကူးပါကတစ်စက္ကန့်ကို30 frames နှုန်းရရှိ ပါမယ်။ မှတ်ဥာဏ် ပမာဏအပိုင်းတွင် RAM ကို1GB နှင့် Internal Storage ကို4GB ဖြစ်အောင် ထည့်သွင်းပေးထားပါတယ်။

အချက်အလက် အများအပြား သိမ်းဆည်းနိုင်စေဖို့အတွက်လည်းCardslotစနစ်ပါရှိပါတယ်။ ဘက်ထရီ အမျိုးအစားကတော့ Li-Ion 2400mAh ဖြစ်ပြီး၊ စကားပြောဆိုဖို့ အတွက် ၁၀ နာရီကျော်နီးပါး ခံနိုင်စွမ်းရှိပါမယ်။ မြန်မာစာစနစ် အသုံးပြုနိုင် ပါမယ်။

<Specification>
Network - GSM/HSPA
Screen - 4.5 inches
CPU - Quad Core 1.2 GHz
OS - Android OS,v4.2
Memory - up to 32 GB
Bluetooth - Yes
Contact - 09-250080364
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com