1/09/2016

♪ ဈေးနှုန်းချိုသာသောဖုန်းများအသုံးပြုချင်သူများအတွက် - “Vital P6” ♫


ပြည်တွင်းဈေးကွက်ထဲရှိ အချို့သောဖုန်းတွေသည် လူသိသိပ်မများပေမယ့် သုံးပျော်အောင် စီမံပေးထားပါတယ်။ ထိုဖုန်းတွေဟာ သူ့ဝယ်လိုအားနဲ့သူ ဈေးကွက်ရှိပါတယ်။ ထိုဟန်းဆက်တွေရဲ့ စွမ်းရည်ဟာ များသောအားဖြင့် အလယ်အလတ်အဆင့်ရှိပါတယ်။ အရည်အသွေး သင့်တင့်ပြီး ဈေးနှုန်း သိပ်မများသော ဖုန်းများကို ၀ယ်ယူသုံးစွဲချင်သည့် အခြေခံလူတန်းစားနဲ့ အလယ်အလတ်တန်းစားများ အတွက် အဆင်ပြေစေပါတယ်။

သုံးစွဲသူများ အတွက် ဈေးနှုန်းသက်သာသော ဟန်းဆက်များကို ထုတ်လုပ်ပေးထားသော အမှတ်တံဆိပ်များစွာထဲတွင် Vital လည်းပါရှိပါတယ်။ Vital ရဲ့ P6 ဟာ လေးထောင့်ပုံစံရှိပြီး ထိပ်ဘက်ထောင့်တွေ၌ အ၀န်းအ၀ိုက်ပုံစံ ဖော်ထား ပါတယ်။ အသုံးပြုနိုင်မယ့် Network အမျိုးအစားကတော့ GSM/WCDMA ဖြစ်ပါတယ်။ ဖုန်းရဲ့ မျက်နှာပြင်အကျယ်အ၀န်းဟာ 5inches ဖြစ်ပါတယ်။ ဒါကြောင့် ကျယ်ဝန်းတဲ့မြင်ကွင်းပုံရိပ်များကို ခံစားရရှိနိုင်ပါတယ်။ ကြည်လင် သောပုံရိပ်များကို ပေးစွမ်းနိုင်စေဖို့ အတွက်လည်း 540 x 960 Pixels ပမာဏနှင့် ထောက်ပံ့ပေးထားပါတယ်။

ဓာတ်ပုံရိုက်ကူးနိုင်စေဖို့အတွက် ကင်မရာနှစ်မျိုးနှစ်စားတပ်ဆင်ပေးထားပြီး ကင်မရာများရဲ့ စွမ်းရည်ဟာ အသင့် အတင့်သာရှိပါတယ်။ အဓိက ကင်မရာ သည် 5MP စွမ်းရည်ရှိပြီး ရှေ့ကင်မရာငယ်ရဲ့စွမ်းရည်ကတော့ 2MP ဖြစ်ပါတယ်။ မှတ်ဥာဏ်ပမာဏအပိုင်းတွင် RAM ကို 512MB ထည့်သွင်း ပေးထားပြီး ROM ကို 4GB ဖြစ်အောင်ဆောင်ရွက်ပေးထားပါတယ်။

အသုံးပြုနိုင်မယ့် CPU အမျိုး အစားကတော့ Dual Core 1.3GHz ပါ။ P6 တွင် Android OS ကိုသုံးစွဲနိုင်မှာဖြစ်ပြီး Version ကတော့ 4.4.2 ပါ။ အားသွင်းအသုံးပြုရမယ့် Battery အမျိုးအစားကတော့ 2800mAh ဖြစ်ပါတယ်။ ဆင်းကတ် ၂ ကတ် ထည့်သွင်း အသုံးပြုနိုင်မယ့်ဖုန်းဖြစ်ပြီး မြန်မာစာစနစ်လည်း ပါရှိကာ အာမခံသက်တမ်း (၁)နှစ်ပေးထားပါတယ်။

<Specification>
Network - GSM/WCDMA
Screen - 5 inches
Memory - 4 GB
Bluetooth - Yes
CPU - Dual Core 1.3GHz
OS - Android OS,v4.4.2
Contact - 02-70297
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com