1/06/2016

♪ “Selfie နဲ့ Video Chatting အသားပေးထုတ်လုပ်လိုက်တဲ့ KENBO Fly O31” ♫


ပြည်တွင်းဈေးကွက်ထဲကို အခုဆိုရင်နိုင်ငံပေါင်းစုံကတင်သွင်းတဲ့ စမတ်ဖုန်း အများစုဝင်ရောက်လာနေပါပြီ။ ဒီလို များပြား တဲ့စမတ်ဖုန်းတွေထဲမှာ တရုတ်နိုင်ငံထုတ်စမတ်ဖုန်းတွေကတော့ အများဆုံးပဲလို့တောင် ဆိုနိုင်ပါ တယ်။ အခြားဘက်ကနေ ကြည့် လိုက်မယ်ဆိုရင် များပြားတဲ့စမတ် ဖုန်းတွေ ဈေးကွက်ထဲ ကိုဝင်ရောက်လာတာဟာ သုံးစွဲသူတွေအတွက် ရွေးချယ်စရာ အခွင့်အလမ်းတွေ များပြားလာတယ်လို့တောင် ဆိုနိုင်ပါတယ်။ တန်ဖိုး ကြီးမြင့်ပြီး ဒီဇိုင်းပိုင်းဆိုင်ရာမှာ ကောင်းမွန်သည့် စမတ်ဖုန်းတွေ ဖြစ်တဲ့ Samsung,HTC,Sony,OPPO လိုစမတ်ဖုန်းတွေကို ၀ယ်ယူကိုင်ဆောင် ဖို့ခက်ခဲ့သူတွေအတွက်ကတော့ ဈေးသက်သာတဲ့ ဖုန်းလေးတွေက လုပ်ဆောင်ချက်ကောင်းမွန်ပြီးသုံးစွဲရတာ အဆင်ပြေစေမှာပါ။ ပြည်တွင်း ဈေးကွက်အတွင်းမှာ နာမည်ကြီး စမတ်ဖုန်းအမြင့်စားတွေနဲ့အတူ အပြိုင် လိုက် ရောင်းနေတဲ့စမတ်ဖုန်းကုမ္ပဏီငယ်လေးတွေရှိနေပါတယ်။ သူတို့တွေ ကတော့ Coolpad, AOTO,Vivoနဲ့ KENBO လိုစမတ်ဖုန်းကုမ္ပဏီတွေပဲ ဖြစ်ပါတယ်။ အခြားစမတ်ဖုန်းထုတ်လုပ်သူတွေနဲ့မတူညီဘဲ ဒီဇိုင်းပိုင်း ဆိုင်ရာပြောင်းလဲမှုတွေနဲ့ မော်ဒယ်အနည်းငယ်ကိုသာ ပြည်တွင်း ဈေးကွက် ကို တင်သွင်းဖြန့်ချိရောင်းချတဲ့ ကုမ္ပဏီတစ်ခု ရှိပါတယ်။ သူကတော့ KENBO ကုမ္ပဏီဖြစ်ပြီး ပြည်တွင်းဈေးကွက်အတွက် ဈေးသက်သာတဲ့ ဖုန်းတွေ ကိုတင်သွင်းပေးနေတာပါ။

KENBO ရဲ့စမတ်ဖုန်းလေးတွေဟာ တန်ဖိုးအားဖြင့်သက်သာပြီး လုပ်ဆောင်ချက် လည်းကောင်းမွန်တာကြောင့် အခြေခံ အဆင့်သုံးစွဲသူတွေ ဟာ နှစ်ခြိုက်စွာသုံးစွဲလာတာကိုတွေ့ရပါတယ်။ အခုလည်း KENBO ဟာ သူတို့ရဲ့မျိုးဆက်သစ်စမတ်ဖုန်း လေး ဖြစ်တဲ့ Fly O31 ကိုဈေးကွက်အတွင်း ရောင်းချနေပါတယ်။ အကောင်းဆုံးအရည်အသွေးမြင့်ကင်မရာပါဝင်သော Selfie ရိုက်ကူးရာတွင် သက်သောင့်သက်သာရှိရှိနဲ့ ဖက်ရှင်ကျကျဖုန်းကို ကိုင်ဆောင်လိုသူများ၊ ဈေးနှုန်းသက်သာကာ နည်းပညာ မြင့်တဲ့ မိုဘိုင်းဖုန်း ကိုမှ ကိုင်ဆောင်ချင်သူများအတွက် KENBO အမှတ်တံဆိပ် Fly O31 ဖုန်းနဲ့ မိုဘိုင်းချစ်သူများကို မိတ်ဆက် ပေးလိုက်ပါတယ်။

<Design>

မျက်နှာပြင်အရွယ်အစားမှာ ၄ .၈လက်မအကျယ်ရှိကာ အလျား ၁၄၁ မီလီမီတာ၊ အနံ ၆၈.၄ မီလီမီတာရှိပါတယ်။ ကိုယ်ထည်အထူမှာ ၇.၇၅ မီလီမီတာသာရှိတဲ့အတွက် ပါးလွှာတဲ့ဖုန်းအမျိုးအစားဖြစ်ပါတယ်။ အလေးချိန်မှာ ၁၁၀ ဂရမ်သာရှိတဲ့ အတွက် ပါးလွှာမှုသာမက ပေါ့ပါးတဲ့ ဖုန်းအမျိုးအစားဖြစ်ပါတယ်။ ကိုင်ဆောင်ရာမှာ ပေါ့ပေါ့ပါးပါးနဲ့သက်သောင့် သက်သာရှိစေဖို့ အတွက် ကိုယ်ထည်တစ်ခုလုံးကို ပလတ်စတစ်နဲ့ပြုလုပ် ထားပါတယ်။ ထောင့်ကျကျပုံစံရှိကာ နောက်ဘက်ကာဗာကို အထက် အောက်လေးခုစလုံးမှာ အနည်းငယ်ဝိုင်းတဲ့ပုံစံပြုလုပ်ထားပါတယ်။ Sony ဖုန်းများကဲ့သို့ ကင်မရာခလုတ်တစ်ခုကို ဖုန်းကိုယ် ထည်မှာ ထည့်ထားပေး ထားပါတယ်။ ဖုန်းမျက်နှာပြင်အပေါ်ဘက်မှာ 8MP ကင်မရာနဲ့ Flash မီးတပ်ဆင်ပေးထားတဲ့အတွက် Selfie ရိုက်ကူးခြင်းနဲ့ Video Chatting ပြုလုပ်ရာမှာ ကြည်လင်ပြတ်သားသော ရုပ်ထွက်ရရှိစေမှာဖြစ်ပါတယ်။ ဖုန်းရဲ့ကိုယ်ထည် ဘယ်ဘက်မှာ အသံအတိုးအလျှော့ခလုတ်များ တပ်ဆင် ပေးထားပြီး ဖုန်းအောက်ခြေမှာ 3.5Audio Jack အပေါက်တစ်ခုတွေ့ ရမှာဖြစ်ပါတယ်။ နောက်ကျောဖုန်းကိုဖွင့်လိုက်ရင် Li-ion 2300 mAh ဘက်ထရီကိုတွေ့မြင်ရမှာဖြစ်ပြီး Micro SD Card Slot နဲ့ Micro SIM Dual Slot ကို ထည့်သွင်းပေးထားပါတယ်။

<Display>

ထောင့်ဖြတ်အကျယ် ၄.၈ လက်မရှိတဲ့ HD AMOLED IPS မျက်နှာပြင် အမျိုးအစားက ရုပ်ထွက် HD 1280×720 pixels အထိ ရရှိမှာဖြစ်ပါတယ်။ တစ်လက်မမှာပါဝင်တဲ့ ရုပ်ထွက်သိပ်သည်းဆ Pixel Density က 294ppi ရုပ်ထွက်အရည်အသွေးရရှိ မှာဖြစ်ပြီး ထိပ်တန်းဖုန်းတွေနဲ့ ကောင်းကောင်း ယှဉ်နိုင်တဲ့အဆင့်မှာရှိပါတယ်။ ဒါ့အပြင် မလိုအပ်တဲ့အလင်းပြန်မှုတွေ ကာကွယ် ပေးဖို့အတွက် အပြာရောင်မှန်တစ်ချပ်ကို ပေါင်းစပ်ပေးထားပါ တယ်။ AMOLED အမျိုးအစားမှန်ကို အသုံးပြုထားတဲ့အတွက် အတွင်း ဘက်မီး Blacklight လိုအပ်မှုမရှိခြင်းကြောင့် ဘက်ထရီသက်တမ်းကို ပိုမိုထိန်းသိမ်းပေးနိုင်ပါတယ်။

<Camera>

Sony ရဲ့ တတိယမျိုးဆက်နည်းပညာဖြစ်တဲ့ IMX 179 အမျိုးအစား Sensor ကို အသုံးပြုထားတဲ့အတွက် ညဘက်မှာ ရိုက်ကူးနိုင်တဲ့ စွမ်းရည်ကို ပိုမို ရရှိစေမှာဖြစ်ကာ ရိုက်ကူးရာတွင် လျင်မြန်တဲ့ပုံရိပ်များကိုပင် ကြည်လင် ပြတ်သား စွာရိုက်ကူးနိုင် စွမ်းရှိမှာဖြစ်ပါတယ်။ အရှေ့ဘက်မှာ 8 Megapixel FF ကင်မရာနဲ့ အနောက်ဘက်မှာ 8 Megapixel AF ကင်မရာများကို အချိုး ကျစွာပေါင်းစပ်ထားမှုကလည်း သေသပ်ကောင်းမွန်ကာ ဆွဲဆောင်မှုရှိ နေတာကိုတွေ့ရပါတယ်။ ထူးခြားချက်မှာ အရှေ့ဘက် ကင်မရာဘေးတွင် Flash မီးပါဝင်ကာ နေ့ဘက်မှာသာမက ညဘက်မှာလည်း Selfie ရိုက်ကူးခြင်း နဲ့ Video Chatting ကို ကောင်းစွာ လုပ်ဆောင်နိုင်ပါတယ်။ ရုပ်ထွက် ကောင်းမွန်တဲ့ AMOLED နည်းပညာသုံး မျက်နှာပြင်ပါဝင်မှုကြောင့် ရိုက်ကူးထားတဲ့ ဓာတ်ပုံများကို အရောင်အသွေးစုံစွာ တွေ့မြင်ရမှာပါ။ မျက်နှာပြင်ဖတ် Face Detection နည်းပညာကိုပါ သုံးစွဲထားတဲ့အပြင် ကောင်းမွန်သော ဗီဒီယိုအရည်အသွေးနဲ့ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

<Hardware>

ဖုန်းတစ်လုံးရဲ့စွမ်းဆောင်ရည်အမြန်နှုန်းအဓိကနေရာကနေ စွမ်းဆောင် ပေးနိုင်တဲ့ Processor နေရာမှာ မြန်နှုန်းမြင့် 1.3GHz Quad Core ကို သုံးစွဲထားပါတယ်။ ဖုန်းအထဲမှာထည့်ထားတဲ့ Application များ၊ စက် လည်ပတ်မှုစနစ်များနဲ့ လူမှု ကွန်ရက်ဝက်ဘ်စာမျက်နှာများကို တစ်ပြိုင်နက် အသုံးပြုချိန်မှာ ယာယီမှတ်သားပေးနိုင်တဲ့ RAM ပမာဏ 1GB ပါဝင်ကာ Internal Storage ကို 8GB သုံးစွဲထားပါတယ်။ ဒါ့အပြင် သိမ်းဆည်းနိုင်တဲ့ ပမာဏကို Micro SD Card နဲ့ 32GB ထိထပ် တိုးအသုံးပြုနိုင်မှာပဲဖြစ်ပါ တယ်။ GPS စနစ်ထည့်သွင်းပေးထားတဲ့အတွက် လူမှုကွန်ရက် ၀က်ဘ်စာမျက်နှာများမှာ မိမိတို့ ရောက်ရှိရာနေရာကို ဖော်ပြနိုင်မှာဖြစ်ပြီး ကားမောင်းရင်းနဲ့ရောက်ရှိရာလမ်းများရှာဖွေမှတ်သားနိုင်ပါတယ်။ Li-ion 2300mAh ဘက်ထရီက 2G ကွန်ရက်မှာ ၁၉ နာရီ၊ 3G ကွန်ရက်မှာ ၁၃ နာရီဝန်းကျင် ဖုန်းဆက်တိုက် စကားပြောနိုင်ပါတယ်။

<Software>

စက်လည်ပတ်မှုစနစ်ကို Android 5.0(Lollipop) ကို သုံးစွဲထားကာ မြန်မာ ဘာသာအပါအ၀င် ဘာသာစကားအမျိုး အစားပေါင်း ၂၀ ခန့်ကို ကီးဘုတ် အဖြစ် ပြောင်းလဲအသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် မိမိရုပ်ပုံကို လှပသောရှုခင်း များနဲ့ အတူတွဲဖက် ရိုက်ကူးနိုင်တဲ့ Application ပါဝင်ကာ Google Play Store ပါဝင်တဲ့အတွက် အခမဲ့ Application များလည်းရရှိသုံးစွဲနိုင်မှာဖြစ်ပါ တယ်။ KENBO ဖုန်းအသစ်ရဲ့ နောက်ထပ်ကောင်းမွန်တဲ့လုပ်ဆောင်ချက် ကတော့ built-in ထည့်သွင်းထားတဲ့ theme တွေကို စိတ်ကြိုက်ပြောင်းလဲ သတ်မှတ်ထားနိုင် တာပဲဖြစ်ပါတယ်။ သင့်အနေနဲ့ အွန်လိုင်းမှာဖြစ်စေ၊ ဖုန်းထဲမှာဖြစ်စေသိမ်းထားသည့် လုံးဝနှစ်ခြိုက်စရာကောင်းတဲ့ ပုံတွေကို ပြောင်းလဲနိုင်မှာပါ။ Theme (သို့) photo တွေရဲ့အရောင်တွေကို စိတ်ကြိုက် ဖန်တီးနိုင် စေမှာပါ။ ဖုန်းထဲမှာထည့်သွင်းပေးထားတဲ့ အခြား နည်းလမ်းကောင်းတွေသုံးပြီးတော့ wallpaper, icon နဲ့ နောက်ခံ ပြောင်းလဲလို့ ရတဲ့ setting လုပ်ဆောင်ချက်တွေမှာ ဖန်တီးသုံးစွဲနိုင်ပါ လိမ့်မယ်။ ဘက်ထရီစွမ်းအားကလည်းကောင်းမွန်ပြီးတော့ float task စနစ်ကိုပါထည့်သွင်းပေးထားတာကြောင့် မိမိသုံးစွဲချင်တဲ့ app တွေကို လွယ်လင့်တကူ ဆွဲယူသုံးစွဲနိုင်မှာဖြစ်ပါတယ်။ ပြည့်စုံတဲ့ OS စနစ်ဟာ ဘက်ထရီသက်တမ်းကိုပါ ပိုမိုတာရှည်အောင် ဆွဲဆန့်ပေးထားနိုင်ပါ လိမ့်မယ်။သီချင်းတွေနားဆင်တဲ့အချိန်နဲ့ပုံတွေ ကြည့်နေတဲ့အချိန်တွေမှာ ဖုန်းကိုလက်နဲ့တို့ထိစရာမလိုဘဲနဲ့ အဝေးကနေပဲ ထိန်းချုပ်နိုင်မယ်ဆိုရင် ဘယ်လောက်ကောင်းမလဲ လို့ စဉ်းစားဖူးမှာပါ။ ဒီအတွက်ကြောင့် fly O31 မှာ air control လုပ်ဆောင်ချက်ကိုထည့်သွင်းပေးထားမှာဖြစ်ပြီး ဓာတ်ပုံ၊ သီချင်းတွေကိုပိုမိုလျင်မြန်စွာ ပြောင်းလဲအသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။ ဖုန်းမျက်နှာပြင်အပေါ်ဘက်နားကနေ ကပ်ဆွဲလိုက်တာနဲ့ ပုံလေးတွေ ပြောင်းလဲသွားမှာပါ။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download