1/01/2016

♪ Samsung Pay ကို အွန်လိုင်းတွင် အသုံးပြုနိုင်မည် ♫


Samsung က ၂၀၁၆ တွင် သူ၏ မိုဘိုင်းဖုန်းမှ ငွေပေးချေသည့် စနစ်ကို အမေရိကန်တွင် ၀န်ဆောင်မှုပေး မည်ဟု Reuters က ရေးသားထားပါသည်။ Samsung Pay ၏ ကမ္ဘာလုံးဆိုင်ရာ အထွေထွေမန်နေဂျာ Thomas Ko က အင်တာဗျူးတွင် အဆိုပါ သတင်းကို အတည်ပြုခဲ့ပြီး Samsung Pay ကို Samsung Devices များစွာတွင် အသုံးပြုနိုင်ရန် ပြုလုပ်ပေးမည်ဟု ဖြည့်စွက်ပြောပါသည်။

Samsung Pay ကို In-App Purchases များနှင့် မိုဘိုင်းဝက်ဆိုက်များတွင် အသုံးပြုနိုင်မ မျှော်လင့်ရပါသည်။ အဆိုပါ ဖြည့်စွက် ၀န်ဆောင်မှုသည် ပြိုင်ဖက်များဖြစ်သော PayPal One Touch, Visa Checkout တို့ကို ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။

Samsung Pay သည် Android Pay, Apple Pay တို့နှင့်လည်း ယှဉ်ပြိုင်နေရပါသည်။ သို့သော် NFC Payment Terminals များသာမက Credit Card Readers များနှင့်ပါ တွဲဖက် အသုံးပြုနိုင်သည့် Samsung Pay က ပိုမိုအားသာနေပါသည်။

Samsung က ဇူလိုင်လတွင် တောင်ကိုရီးယား၊ စက်တင်ဘာလတွင် အမေရိကန်နှင့် အောက်တိုဘာလ တွင် နာမည်ကြီး Carriers များတွင် Samsung Pay ကို ဖြန့်ချီပေးခဲ့ပါသည်။ ယခုလအစောပိုင်းတွင်လည်း Samsung Pay ကို ထောက်ပံ့သော စွမ်းဆောင်ရည်သင့် စမတ်ဖုန်းသုံးလုံးကို ပြသခဲ့ပါသည်။ ၂၀၁၆ တွင် တန်ဖိုးနည်းဖုန်းများတွင် Samsung Pay ကို အသုံးပြုနိုင်ရန် ပြုလုပ်ပေးမည်ဟု ကုမ္ပဏီက ပြောကြား ထားပါသည်။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com