1/10/2016

♪ Samsung Galaxy S7 ရဲ့ ကောလဟာလများထွက်ပေါ် ♫

S7


Samsung အနေနဲ့ ၂၀၁၅ ခုနှစ်မှာ Brand အများအပြားထုတ်ထားပြီး အနည်းငယ် ငြိမ်ချက်သားကောင်းနေတဲ့အချိန်မှာပဲ Galaxy S7 ကို ထွက်ရှိလာတော့မယ်ဆိုတဲ့ ကောလဟာလသတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ ကောလဟာလသတင်းများအရတော့ Samsung Galaxy S7 ဟာ Samsung Galaxy S6 နဲ့ ဒီဇိုင်းအရတူညီနေပြီး အရွယ်အစား၊ အချို့ Feature တွေသာ အနည်းငယ် ကွဲပြားတာဖြစ်ကြောင်း၊ နည်းပညာ အသစ်အချို့ ထည့်သွင်းထားကြောင်းကိုသာ တွေ့ရှိရပါတယ်။

Samsung Galaxy S7 ဟာ 3D Touch နည်းပညာကို အသုံးပြုလာပြီး Build in Storage အပြင် Micor SD ကဒ်ထည့်သွင်းနိုင်အောင်လည်း ထောက်ပံ့ပေးထားကြောင်းသိရပါတယ်။ ကင်မရာ အသစ်ကို ထည့်သွင်းအသုံးပြုထားတယ်လို့ ကြေငြာထားပြီး Prosessor အနေနဲ့ကတော့ Exynos 8890 နဲ့ Qualcomm Snapdragon 820 Chipsets များကို အသုံးပြုထားတယ်လို့ ကောလဟာလ သတင်းများထွက်ပေါ်လာခဲ့ပါတယ်။ Samsung Galaxy S7 ကို ထုတ်လုပ်ကြေငြာမဲ့နေ့ဟာ ၂၀၁၆ ခုနှစ် မတ်လ ဘာစီလိုနာမှာ ကျင်းပမဲ့ MWC ပွဲတွင် ကြေငြာမယ်လို့ ပြောကြားထားပါတယ်။

S7 1

S7 ရဲ့ ဒီဇိုင်းဟာ S6 နဲ့ တူညီပြီး အရွယ်အစားသာ ကွဲပြားတာဖြစ်ပါတယ်။ Samsung Galaxy S7 ရဲ့ မျက်နှာပြင်အကျယ်ဟာ ၅.၇ လက်မရှိပြီး QHD 1440 x 2560 အသုံးပြုထားပါတယ်။ Samsung Galaxy S7 ရဲ့ Screen ဟာ 8K resolution ကို ထောက်ပံ့ပေးထားပြီး တစ်ဖက်တစ်ချက်စီရဲ့ စွန်းတွေကိုတော့ S6 Edge ပုံစံမျိုး ကွေးထားပါတယ်။ iPhone 6S မှာ အသုံးပြုထားတဲ့ 3D touch နည်းပညာထက်သာလွန်တဲ့ ClearForce ဆိုတဲ့ နည်းပညာကို အသုံးပြုထားပါတယ်။ ClearForce ရဲ့ နည်းပညာဟာ မျက်နှာပြင်အပေါ်ကို ဖိတဲ့အားပေါ်မှာ မူတည်ပြီး Function တွေပြောင်းလဲသွားမှာဖြစ်ပါတယ်။ ဖုန်းရဲ့ ထောင့်ချိုးတွေကို အနည်းငယ် ကွေးထားပါတယ်။

S7 3

ကင်မရာ အမျိုးအစားများအရတော့ ကောလဟာလ အမျိုးမျိုးထွက်ပေါ်လာခဲ့ပြီး တရုတ် Webstie တစ်ခုဖြစ်တဲ့ Weibo မှာဖော်ပြချက်အရ Samsung Galaxy S6 ရဲ့ ကင်မရာ 16MP ကို လျှော့ကျပြီး 12MP နဲ့ ထုတ်လုပ်မယ်လို့ ဖော်ပြခဲ့ပေမဲ့လည်း AnTuTu Webstie ရဲ့ ဖော်ပြချက်အရတော့ Galaxy S7 ရဲ့ အပြင်ဘက် ကင်မရာဟာ 16MP ရှိပြီး အတွင်းဘက် ကင်မရာကတော့ 5MP ရှိတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် Sony Xperia Z5 မှာ အသုံးပြုထားတဲ့ ကင်မရာ အမျိုးအစားဖြစ်တဲ့ IMX300 Sensor ပါဝင်တဲ့ ကင်မရာ အမျိုးအစားကို အသုံးပြုထားတယ်လို့ ဆိုပါတယ်။ အတွင်းဘက် ကင်မရာကိုတော့ နှစ်လုံးတပ်ဆင်ထားပြီး စပီကာကိုတော့ ဖုန်းရဲ့ အပေါ်ဘက်အခြမ်းမှာ ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။ ဘက်ထရီအမျိုးအစားများဟာလည်း ဖြုတ်တပ်အစားထိုးနိုင်တယ်လို့ ဖော်ပြထားသလို အတွင်းဘက်မှာ အသေတပ်ဆင်ထားတဲ့ ဘက်ထရီအမျိုးအစားလို့လည်း ဖော်ပြထားကြပါတယ်။

S7 2

Samsung Galaxy S7 ရဲ့ OS ကတော့ Android Marshmallow ကို အသုံးပြုထားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင်ထူးခြားချက်ကတော့ စက်ကို အသုံးပြုတဲ့အရာ အရမ်းပူတဲ့ ဒဏ်မှ ကာကွယ်ပေးနိုင်ရန်အတွက် liquid cooling စနစ်ကို အသုံးပြုမယ်လို့ဖော်ပြထားပါတယ်။ ဒါဟာလည်း Processor နှစ်မျိုးဖြစ်တဲ့ Exynos Chipset နဲ့ Qualxomm Snapdragon 820 ကို အသုံးပြုထားတဲ့အတွက် စက်အရမ်းပူတဲ့ ဒဏ်မှ ကာကွယ် ပေးနိုင်မဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။

ဘယ်လောက်ပဲ သတင်းတွေမျိုးမျိုးထွက်ပေါ်နေပါစေ Samsung Galaxy S7 တကယ့်အစစ်အမှန်ကိုတော့ မတ်လတွင် စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာ ကျင်းပမဲ့ MWC ပွဲတော်မှ မျက်ဝါးထင်ထင်တွေ့မြင်နိုင်မှာဖြစ်ပါတယ်။

Ref : Teachradar
Aung Ko Htet (MMA)
#aungkohtet_mma

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com