1/06/2016

♪ Microsoft Lumia 640 XL ကို အမေရိကန်တွင် ဒေါ်လာ ၅၀ ဈေးလျှော့ရောင်းချ ♫


Microsoft Lumia 640 XL ကို အမေရိကန်တွင် ဈေးလျှော့ရောင်းချပေးနေပါသည်။ Unlocked Version အဖြူရောင် စမတ်ဖုန်းကို Microsoft Store Website တွင် ယခုအခါ ဒေါ်လာ ၂၄၉ ဖြင့် ရောင်းချပေးနေ ပါသည်။ ယခင်ကမူ အဆိုပါ စမတ်ဖုန်းကို ဒေါ်လာ ၂၉၉ ဖြင့် ရောင်းချပေးခဲ့ သဖြင့် ဒေါ်လာ ၅၀ ဈေးလျှော့ပေးလိုက်ခြင်းဖြစ်ပါသည်။

Microsoft Lumia 640 XL တွင် Snapdragon 400 Chipset မောင်းနှင်မည်ဖြစ်ပြီး ၅.၇ လက်မ 720x 1280 pixels Display တပ်ဆင်ထားပါသည်။ မျက်နှာပြင်အမျိုးအစားမှာ IPS Display ဖြစ်ပါသည်။ 1GB RAM, 8GB Internal Storage ထည့်သွင်းပေးထားပါသည်။ 3000mAh Battery တပ်ဆင်ပေး ထားပါသည်။

Microsoft Lumia 640 XL ၏ အနောက်ဘက်တွင် 13 Megapixel Camera နှင့် အရှေ့ဘက်တွင် 5 Megapixel Camera တပ်ဆင်ထားပါသည်။ အဆိုပါ ဖုန်းတွင် Windows Phone 8.1 OS ထည့်သွင်းထားသော်လည်း Windows 10 OS ကို Update အနေဖြင့် ရရှိမည့် ပထမဆုံးဖုန်းများတွင် ပါဝင်ပါသည်။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com