1/10/2016

♪ မျက်နှာပြင် အကျယ် ၄ လက်မအရွယ်နဲ့ ထွက်လာဖို့ရှိတဲ့ iPhone 7C ♫

iphone 7C

Apple ဟာ Steve Job ရှိစဉ်အခါက လူကြိုက်များခဲ့တဲ့ မျက်နှာပြင်အကျယ် လေးလက်မအရွယ်ရှိတဲ့ iPhone တွေကို ပြန်လည် အသက်သွင်းဖို့ ကြိုးစားနေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ လာမဲ့ မတ်လမှာ ၄ လက်မအရွယ်မျက်နှာပြင်အကျယ်နဲ့ iPhone 7C ကို ထုတ်လုပ်မလို့ပဲဖြစ်ပါတယ်။ Apple ဟာ iPhone 7C ကို သူတို့ရဲ့ products အသစ် မိတ်ဆက်ပြသပွဲ ပုံမှန်ကျင်းပနေကျအချိန်ဖြစ်တဲ့ စက်တင်ဘာလမှာ ထုတ်လုပ်မှာမဟုတ်ပဲ မတ်လမှာ ထုတ်လုပ်ခြင်းဟာ တစ်ချိန်တည်းမှာ ထုတ်လုပ်မဲ့ Samsung S7 ရဲ့ ဈေးကွက်ကို ယှဉ်ပြိုင်ချင်လို့ဖြစ်တယ်လို့ တရုတ် ဈေးကွက်ခန့်မှန်းသူတွေက ဆိုကြပါတယ်။

iphone 7C 1

ဒီသတင်းတွေဟာ ကောလဟာလ အနေနဲ့သာ ရှိတယ်လို့ တရုတ် Website တွေက ဖော်ပြထား ကြပေမဲ့လည်း iPhone 7C ကို ထုတ်လုပ်မဲ့ အလုံးအရေ အရေအတွက်ကအစ အတိအကျဖော်ပြနေတော့ အချို့ Apple ချစ်သူတို့ဟာ ယုံရခက် မယုံရခက်ဖြစ်နေပါတယ်။ အကယ်၍သာ iPhone 7C ကို ထုတ်လုပ်ခဲ့မယ်ဆိုရင် မျက်နှာပြင် အရွယ်အစားဟာ ၄ လက်မသာရှိမှာဖြစ်ပြီး ခန့်မှန်းအလုံးရေ အရေအတွက်ကတော့ ၁၅ သန်းကနေ ၁၇ သန်းထိ ထုတ်လုပ်သွားလိမ့်မယ်လို့ ပြောဆိုထားပါတယ်။

 ဈေးနှုန်းအနေနဲ့ကလည်း အမေရိကန်ဒေါ်လာ ၄၀၀ ကနေ ၅၀၀ အတွင်းမှာ ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒါ့အပြင် Processor ကလည်း A9 Chip ကို အသုံးပြုထားပါတယ်။ ကင်မရာများကိုလည်း iPhone 5S မှာ အသုံးပြုထားတဲ့ အတိုင်းပဲ အရှေ့ကင်မရာ 8MP နဲ့ အတွင်းဘက် ကင်မရာ 1.2MP ဖြစ်ပါတယ်။

Apple အနေနဲ့ အဆိုပါဖုန်းကို iPhone 6C လို့ နာမည်ပေးမလို့ စီစဉ်ခဲ့ပေမဲ့လည်း iPhone 7 နဲ့ 7Plus တို့ကို ဒီနှစ်ထဲမှာ ထုတ်လုပ်တော့မှာဖြစ်တဲ့အတွက် ၄င်းတို့ကို အမှီပြုကာ iPhone 7C လို့ အမည်တပ်ခဲ့တယ်လို့လည်း ကောလဟာလ သတင်းများက ဆိုထားပြန်ပါသေးတယ်။ ဒါ့အပြင် iPhone 7C ဟာ အရောင်နှစ်မျိုး သို့မဟုတ် သုံးမျိုးနဲ့ ထွက်ရှိလာမှာဖြစ်ပြီး iPhone 6S နဲ့ 6S Plus မှာ အသုံးပြုထားတဲ့ 3D Touch နည်းပညာကို တွင်ကျယ်စွာ အသုံးပြုကာ Home Button မှာ ထည့်သွင်းထားတဲ့ Touch ID Sensor ကို ဖြုတ်လိမ့်မယ်လို့လည်း ခန့်မှန်းထားကြပါတယ်။

Ref : DailyMail
Aung Ko Htet (MMA)
#aungkohtet_mma


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com