1/08/2016

♪ iPad Pro ကို ဝယ်ယူသင့်သော အချက် (၁၀) ချက် ♫


Apple ၏ နောက်ဆုံးပေါ်နှင့် ဆန်းသစ်မှုအရှိဆုံး iPad Pro ကို ပရော်ဖက်ရှင်ဆန်ဆန် ဖန်တီးမှုများ ပြုလုပ်လိုသည့် tablet သုံးစွဲသူများအတွက် ရည်ရွယ်ထုတ်လုပ်ထားသည်။ အောက်ဖော်ပြပါ အချက်များမှာ iPad Pro တွင် အသစ်ပါဝင်လာသည့် feature များဖြစ်သည်။

(၁၀) စမတ်ကီးဘုတ်

iPad Pro နှင့် တွဲဖက်အသုံးပြုရသော စမတ်ကီးဘုတ်သည် ဆန်းသစ်မှုအရှိဆုံး ထုတ်ကုန်ဖြစ်သည်။ ၎င်းကို အသုံးပြုလိုလျှင် သီးခြား ဝယ်ယူရမည် ဖြစ်သည်။ iPad Pro ၏ Smart Port မှတစ်ဆင့် ကီးဘုတ်ကို ချိတ်ဆက်နိုင်သောကြောင့် သီးခြား ဘက်ထရီ မလိုအပ်ပေ။ ထို့အပြင် Bluetooth မှတစ်ဆင့် ခလုတ်ဖွင့်၍လည်း အသုံးပြုနိုင်မည် ဖြစ်သည်။

iPad Pro နှင့် တွဲဖက်အသုံးပြုရာတွင် သက်သောင့်သက်သာရှိပြီး ကီးဘုတ်ဖြင့် စာများ လွယ်ကူစွာ ရိုက်နိုင်ရန်အတွက် ခလုတ်တစ်ခုချင်းစီကို အထည်တစ်မျိုးဖြင့် ရက်လုပ်ထားသည်။ အဆိုပါကီးဘုတ်ကို ခေါက်လိုက်ပါက ခေတ်နှင့် လိုက်လျောညီထွေမှု ရှိစေရန် ပြုလုပ်ထားသည့် စမတ်ကာဗာအဖြစ် အသွင်ပြောင်းသွားမည် ဖြစ်သည်။

(၉) အကြမ်းခံနိုင်သည့် ကိုယ်ထည်

ကွန်ပျူတာအသေးစားတစ်ခုအနေဖြင့် အကြမ်းခံနိုင်ခြင်းသည် ထုတ်ကုန်အတွက် အရေးပါသည်။ ထုတ်ကုန်တစ်ခုသည် မတော်တဆ ပြုတ်ကျမှု၊ တိုက်မိမှုနှင့် ပွန်းပဲ့မှုများ ခံနိုင်ရည် ရှိရမည့်အပြင် နေ့စဉ် လုပ်ငန်းဆောင်တာထက် ကျော်လွန်သော အခြေအနေများကို ကိုင်တွယ်နိုင်ရမည် ဖြစ်သည်။

Apple သည် ၎င်း၏ ကိုယ်ထည်ဒီဇိုင်းကို အသစ်ပြန်လည် ပြင်ဆင်ထားပြီး အကြမ်းခံနိုင်သည့် အသားဖြင့် ဖန်တီးထားသည်။ Apple အနေဖြင့် iPad Pro အတွင်းရှိ အရာများ ထိခိုက်မရှိစေရန် anodize လုပ်ထားသော အလူမီနီယမ် ကိုယ်ထည်ကို အသုံးပြုထားသည်။ အကြမ်းပတမ်းခံနိုင်မှုနှင့် ပေါ့ပါးမှုခြင်းသည် ကိုယ်ထည်သစ်၏ အားသာချက် ဖြစ်ပြီး လေးလံသောစတီးလ်ဖြင့် tablet ကို ဖန်တီထားခြင်း မရှိသောကြောင့် သုံးစွဲသူများအတွက် လက်မောင်း နာခြင်းမျိုးလည်း မဖြစ်ပေါ်နိုင်ပေ။

(၈) အသံပိုင်းဆိုင်ရာ

iPad Pro သည် ချောမွေ့ပြီး ထူးကဲသော စတီရီယို အသံအရည်အသွေးထုတ်လုပ်နိုင်သည့် စပီကာ ၄ လုံးပါ tablet တစ်မျိုးဖြစ်သည်။ သီချင်းများကို လမ်းသွားရင်း နားထောင်နိုင်ရန် ကြည်လင်ပြတ်သားသော အသံများ ထောက်ပံ့ပေးထားသည်။

(၇) သိုလှောင်မှုပမာဏ

ယနေ့ခေတ် လူများစွာသည် လိုအပ်သည်ထက်ပိုမိုသော ဖိုင်များ ပိုင်ဆိုင်ကြသည်။ လူများတွင် စာရွက်စာတမ်းထည့်သွင်းသည့် ဖိုင်စင်၊ စီဒီစင်နှင့် ဗီဒီယိုစင်အပြင် ဓာတ်ပုံပေါင်းများစွာ ရှိနေကြသည်။ ထို့အပြင် ကမ္ဘာကြီးနှင့်ချိတ်ဆက်ပေးသည့် Apps များလည်း ရှိသည်။

ထိုသို့သော အရာများအားလုံးကို သိမ်းဆည်းရန် မလိုအပ်သော်လည်း လိုအပ်နေသေးသည့် အရာများ သိမ်းဆည်းရန်ပင် နေရာလွတ်လုံလောက်ခြင်း မရှိကြပေ။ ထိုအခက်အခဲအတွက် iPad Pro တွင် သိုလှောင်မှု ပမာဏ လေးဆမြှင့်တင်ထားသည့် 128GB တွင် သီချင်း၊ တေးဂီတ၊ ရုပ်ရှင်နှင့် ဓာတ်ပုံအမြောက်အများကို သိမ်းဆည်နိုင်မည် ဖြစ်သည်။ iPad Pro ၏ စွမ်းဆောင်ရည်ကောင်းမွန်သော ဘက်ထရီသက်တမ်းနှင့် ပရိုဆက်ဆာတို့ပေါင်းလိုက်လျှင် ၎င်း tablet သည် အကောင်းဆုံး ထုတ်ကုန် ဖြစ်လာသည်။

(၆) iOS 9

အဆိုပါ operating system အသစ်သည် iPad Pro အတွက် အသစ်ထည့်သွင်းမှုနှင့် ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်ထားသည်။ iPad ၏ အဖော်အဖက်ဖြစ်သော Siri သည် Apple သင်္ကေတတစ်ခုဖြစ်ပြီး အလွန်အားထားရသည်။

iOS 9 တွင် Siri ၏ လန်းဆန်းသော အသံသစ်အပြင် privacy ကာကွယ်မှုကို အဆင့်မြှင့်တင်ထားသည်။ ထို့အပြင် iPad Pro ဖြင့် multitask ပြုလုပ်ရာတွင် ချောမွေ့စေရန် feature သစ်များ လည်းပါဝင်သည်။ iPad Pro တွင် Notes, News App ကဲ့သို့ built in app များ ပိုမိုကောင်းမွန်တိုးတက်လာသည်။ iOS 9 ကို အသုံးပြုရာတွင် အဆင်ပြေစေသည့် အရာမှာ app များ install ပြုလုပ်ရာတွင် သိုလှောင်မှု ပမာဏ အနည်းငယ်လိုတော့သည်။ ဆိုက်ဘာလောကရှိ အန္တရာယ်များရန်မှ ကာကွယ်ရန်လည်း အဆင့်မြင့်လုံခြုံရေး feature များစွာ ထည့်သွင်းထားခြင်း ဖြစ်သည်။

(၅) ဘက်ထရီသက်တမ်း
ဘက်ထရီသက်တမ်းသည် ခေတ်သစ်နည်းပညာ၏ အားအနည်းဆုံး နေရာတစ်ခုဖြစ်သည်။ စမတ်ဖုန်းနှင့် tablet များသည် ခလုတ်တစ်ခု ထိတွေ့ရုံဖြင့် သတင်းအချက်အလက်နှင့် မိတ်ဆွေများကို မည်သည့်အချိန်နှင့် နေရာတွင်မဆို တွေ့ဆုံနိုင်သည်။ လူပေါင်းများစွာသည် တစ်နေ့တာလုံး ဘက်ထရီသက်တမ်း တာရှည်ခံ အသုံးပြုနိုင်ရန် နည်းလမ်းပေါင်းများစွာ ကြံဆနေကြသည်။

iPad Pro တွင် ၁၀ နာရီအသုံးပြုနိုင်သော ဘက်ထရီသက်တမ်းပါဝင်လာသည်။ ထို့ကြောင့် သုံးစွဲသူများ အနေဖြင့် iPad Pro ကို တစ်ရက်လျှင် နာရီပေါင်းများစွာ အသုံးပြု၍ ဖန်တီးမှုများ သို့မဟုတ် အလုပ်များစွာကို ပြုလုပ်နိုင်မည် ဖြစ်သည်။

(၄) ကင်မရာ

Selfie ဓာတ်ပုံများ ရိုက်ကူးခြင်းသည် ယဉ်ကျေးမှု၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်လာသည်။ ယနေ့ခေတ်၏ ဒီဂျစ်တယ် စမတ်ဖုန်းနှင့် tablet များသည် ကြီးမားသော အစိတ်အပိုင်းပင် ဖြစ်သည်။

iPad Pro တွင် 8-megapixel i-Sight camera ပါဝင်ပြီး ရုပ်ထွက်ကြည်လင်ပြတ်သားကာ တောက်ပမှု ရှိသည့် ဓာတ်ပုံများ ရိုက်ကူးပေးနိုင်သည်။

(၃) ၁၂.၉ လက်မ Retina Display
iPad တွင် pixels ပေါင်း ၅.၆ သန်းပါဝင်ပြီး ယခင် Apple tablet များထက်မဆို ရုပ်ထွက် ပြတ်သားကြည်လင်မှုရှိသည်။ တစ်လက်မလျှင် pixels ပေါင်း ၂၆၄ အထိရှိသော ဓာတ်ပုံများကို ပြင်ဆင်မွမ်းမံထားသည့် Multi-Touch နည်းပညာဖြင့် ထောက်ပံ့ပေးထားသည်။ ထို့ကြောင့် မျက်နှာပြင်ကို ကြည့်ရှုရာတွင် အဆင်ပြေစေရန် ပိုမိုကောင်းမွန်သော contrast နှင့် brightness ထည့်သွင်းပေးထားသည်။

(၂) နည်းပညာ

iPad Pro တွင် 64-bit A9X ချစ်ပ်အသစ် ထည့်သွင်းထားသည်။ အဆိုပါ 64-bit ချစ်ပ်သည် အလုပ်လုပ်ကိုင်ရာတွင် သက်သောင့်သက်သာဖြင့် အချိန်တိုအတွင်း ပြီးမြောက်အောင် ပြုလုပ်နိုင်သည့် စွမ်းရည် ရှိသော desktop ကွန်ပျူတာတစ်လုံးကဲ့သို့ စွမ်းဆောင်နိုင်သည်။ ဆော့ဖ်ဝဲလ်ဒီဇိုင်း ကုမ္ပဏီ Adobe က iPad Pro တွင် RAM 4GB ပါဝင်ကြောင်း ထုတ်ပြန်ခဲ့ပြီး ခေတ်သစ် desktop နှင့် notebook ထက်သာလွန်သော စွမ်းရည်ရှိကြောင်း ဆိုထားသည်။

(၁) Apple Pencil

Stylus ကို စမတ်ဖုန်းနှင့် PDA (personal data assistant) တွင် တွဲဖက်အသုံးပြုလျက်ရှိသည်မှာ ဆယ်စုနှစ်တစ်ခု ရှိပြီဖြစ်သည်။ အစောပိုင်းထွက်ရှိသော iPad ၏ Apple ထုတ်ကုန်များတွင် stylus ပါဝင်ခြင်း မရှိခဲ့ပေ။ Apple တည်ထောင်သူနှင့် နည်းပညာလောကမှ နာမည်ကျော် စတိဗ်ဂျော့က အဆိုပါ stick များသည် လက်ချောင်းများလောက် အတွေ့အကြုံများစွာ ရရှိစေမည် မဟုတ်ကြောင်း အကြောင်းပြချက်ဖြင့် tablet များနှင့် stylus များကို ခြားနားစေခဲ့သည်။ သို့သော်လည်း iPad Pro တွင် အဆိုပါ စိတ်ကူးကို စွန့်လွှတ်ခဲ့ကာ stylus တစ်မျိုးနှင့်အတူ မိတ်ဆက်ခဲ့သည်။

Apple ၏ ဈေးကွက်ရှာဖွေရေး အကြီးတန်းဒုဥက္ကဌ ဖီးလ်ရှယ်လင်းက stylus နှင့် iPad Pro သည် တိကျမှုလိုအပ်သော ဒီဇိုင်နာများ၊ ဖန်တီးမှုများ ပြုလုပ်သူ၊ ပုံဆွဲသူနှင့် အယ်ဒီတာများအတွက် ရည်ရွယ် ထုတ်လုပ်ထားခြင်း ဖြစ်ကြောင်း ပြောကြားထားသည်။

Ref: TheRichest
Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com