1/05/2016

♪ “Google က Messaging App ဖြင့် Facebook ကိုယှဉ်ပြိုင်မည်” ♫


Google က Artificial Intelligent လို့ ခေါ်တဲ့ ဥာဏ်ရည်တု Messaging App ဖြင့် Facebook ကိုယှဉ်ပြိုင်မယ်လို့ The Wall Street Journal က ရေးသား ထားပါတယ်။ Google က အဆိုပါ နည်းပညာကိုတီထွင်နေတာ တစ်နှစ် လောက်ရှိပြီ ဖြစ်ပြီး ဖြန့်ချိမယ့် အချိန်ကိုတော့ မသိရသေးဘူးလို့ ဂျာနယ်က ပြောပါတယ်။

Google Search မှာ ပြုလုပ်နိုင်တဲ့ အရာ အားလုံးကို Messaging App မှာ ပြုလုပ်နိုင်မယ်လို့ ယူဆရပါတယ်။ Chatbotများ ပါရှိမှာဖြစ်ပြီးမေးခွန်းများကိုလည်း ဖြေဆိုနိုင်မှာဖြစ်ပါတယ်။ ဥပမာအားဖြင့် ရာသီဥတုအခြေအနေများ၊ စားသောက်ဆိုင်နဲ့ ပတ်သက်တဲ့ သတင်း အချက်အလက် များကိုမေးမြန်းနိုင် မှာဖြစ်ပါတယ်။ Google က သူ့ရဲ့ ၀န်ဆောင်မှုမှာ အခြား Developer များရဲ့ Chatbots များကို ထည့်သွင်း နိုင်အောင်လည်း ပြုလုပ်ပေးမှာဖြစ်ပါတယ်။ Google က ဥာဏ်ရည်မြင့် Chatbot များကို တီထွင်နေတဲ့ Facebook ကိုယှဉ်ပြိုင်ချင်တာလည်း ဖြစ်ပါ တယ်။

Google Hangouts ဟာအောင်မြင်မှုမရဘဲ Facebook Messenger ကိုရှုံးနိမ့်နေတဲ့ အတွက် Google က အောင်မြင်ဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။ Google ကတော့ အဆိုပါ သတင်းကိုအတည်ပြုခြင်း မရှိသေး ပါဘူး။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com