1/06/2016

♪ “Facebook က သူငယ်ချင်းများပို့စ်တင်သည့်အရေအတွက်ကို အသိပေးမည်” ♫


Facebook တွင် သူငယ်ချင်းများသာမက၊ Group များ၊ Page များ၊ Sponsored Post များပါ ရှိသဖြင့် သူငယ်ချင်းအစစ်များ၏ ပို့စ်အားလုံးကို မြင်တွေ့ခွင့်ရရန်မှာမလွယ်ကူပါ။ ထို့ကြောင့် Facebook က သူငယ်ချင်းများ ပို့စ်တင်လျှင် သိရှိစေမည့် နည်းအသစ် တစ်ခု ကို စမ်းသပ်နေပါသည်။

သင်၏ Timeline ထဲသို့ ၀င်ကြည့်လျှင် Friends ကဏ္ဍတွင် သူငယ်ချင်း ကိုးယောက်ကို ပြသပေးမည်ဖြစ်ပြီး သူတို့ တင်ထားတဲ့ ပို့စ်အရေအတွက် ကိုပါ တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ ပို့စ်တင်ထားသူ သူငယ်ချင်းများကို အပြာရောင် အစက်ဖြင့် ခွဲခြား ပြသပေးထားပါတယ်။ သို့သော် Verified Profile များကိုသာ အပြာရောင်အစက်ဖြင့် ပြသပေးထားတာကို တွေ့ရပါ တယ်။

Fan Pages များ၊ နာမည်ကျော်များရဲ့ Verified Account များအတွက် အဲဒီစွမ်းဆောင်ချက်ဟာ အသုံးဝင်ပါတယ်။ Facebook က “သူငယ်ချင်းများ ပို့စ်အသစ်တင်တဲ့အခါမှာလွယ်ကူစွာသိနိုင်အောင် ပြုလုပ်ပေးချင်တာဖြစ်ပါ တယ်။ ဒါဟာသင့် သူငယ်ချင်းများရဲ့ ပို့စ်အသစ်များကို လျင်မြန်စွာ ကြည့်ရှု နိုင်မယ့် စွမ်းဆောင်ချက်အသစ်တစ်ခုဖြစ်ပါတယ်” လို့ ပြောကြားပါတယ်။

Facebook ဟာ အသစ်အဆန်းများစွာကို တီထွင်စမ်းသပ်လေ့ရှိပေမယ့် စမ်းသပ်မှုတိုင်းကိုတော့ Feature တစ်ခုအဖြစ် ထည့်သွင်းပေးခြင်းမရှိပါဘူး။ အဲဒီအတွက် ယခုစွမ်းဆောင်ချက်ဟာလည်း အတည်ဖြစ်လာ မယ်လို့ ပြောလို့မရသေးပါဘူး။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com