1/16/2016

♪ “ BLU မှ Vivo 5 နှင့် Vivo XL အား တရားဝင်ပြသ “ ♫


US အခြေစိုက်ဖုန်းကုမ္ပဏီဖြစ်သည့် BLU သည် CES 2016 တွင် ၄င်း၏ နောက်ဆုံးပေါ်ဖုန်း များဖြစ်သည့် BLU Vivo 5 နှင့် Vivo XL တို့အား ပြသသွားခဲ့သည်။ Blu Vivo 5 တွင် 5.5" Super AMOLED screen ပါဝင်ပြီး 720p resolution ဖြစ်ကာ 267 ppi ရှိသည်။ သတ္တု unibody ဖြင့် တည်ဆောက်ထားပြီး MediaTek 6753 chipset အား သုံးထားကာ 1.3GHz ရှိ Cortex-A53 octa-core CPU ဖြစ်ကာ RAM 3GB ဖြင့် ထောက်ပံ့ပေးထားပြီး storage 32GB ပါဝင်သည်။

အဓိက ကင်မရာမှာ 13MP ဖြစ်ပြီး ရှေ့ဘက်တွင် 5MP ကင်မရာပါဝင်သည်။ Android 5.1 Lollipop ကို သုံးထားပြီး 3150mAh ဘက်ထရီ ပါဝင်သည်။ Vivo 5 တွင် Dual-SIM ပါဝင်ပြီး ၁၉၉ ဒေါ်လာဖြင့် ရောင်းချမည်ဖြစ်သည်။ Vivo XL မှာ 5.5" 720p Super AMOLED display ကိုသာ သုံးထားပြီး chipset မှာလည်း Vivo 5 နှင့် တူညီကြောင်း သိရသည်။ ကျန် spces များကို အနည်းငယ် လျှော့ချထားပြီး RAM 2GB နှင့် storage 16GB သာ ပါဝင်သည်။ ဒီဇိုင်းအရလည်း အနည်းငယ် ကွဲပြားမှုရှိကြောင်း တွေ့ရသည်။

BLU Vivo XL သည် ၁၄၉ ဒေါ်လာကျသင့်မည်ဖြစ်ပြီး BLU ဖုန်းအသစ်များကို Amazon နှင့် BestBuy တို့မှ ရောင်းချသွားမည်ဖြစ်သည်။ ဖုန်းနှစ်မျိုးစလုံးအတွက် ရွှေရောင်နှင့် ငွေရောင်အား ရရှိနိုင်ပြီး Vivo XL အတွက် အပြာနှင့် Rose Gold အရောင်များ ထပ်မံရရှိနိုင်မည်ဖြစ်သည်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com