1/05/2016

♪ “တယ်လီနောဆင်းကတ်အသစ်များတွင် စူပါပွားတစ်ပါတည်းပါဝင်မည်” ♫

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEht09mrKG8Q_fxNnqOEX4nwDZfgN_6ry4Qj8UAoAnwX6cHR83L_Y_ppiZcU4qEcHaPJzyXS69O1acZw7BqhG6b9mXrDS2RCFDSGhLeTJGtteWta0B0RIZIcWGFwgiZOI1Rf60mlo_N8YQTM/s1600/11898643_1037744432925666_678134115317499609_n.jpg

တယ်လီနောမြန်မာမှ ဆင်းကတ်အသစ် ၀ယ်ယူသူများအတွက် စူပါပွားအစီအစဉ်ကိုတစ်ပါတည်း ထည့် သွင်းပေး ထားပြီဖြစ်ကြောင်း သိရသည်။

နှစ်သစ်မှစ၍ တယ်လီနောဆင်းကတ်အသစ်ဝယ်ယူအသုံးပြုသူ များအနေဖြင့် စူပါပွားအစီအစဉ် ကို လျှောက်ထားရန်မလိုဘဲ တယ်လီနောအချင်းချင်း ဖုန်းခေါ်ဆိုခတစ်မိနစ်လျှင် ၁၈ ကျပ်၊ အခြားဖုန်း များသို့ ခေါ်ဆိုခတစ်မိနစ်လျှင် ၂၃ ကျပ်နှင့် Smart internet အသုံးပြုခ 1MB လျှင် ၆ ကျပ်သာကျသင့် မည်ဖြစ်သည်။

လက်ရှိအချိန်တွင် တယ်လီနောမြန်မာဆင်းကတ် အသုံးပြုသူ ၁၃ သန်းရှိနေပြီဖြစ်ပြီး ဖြန့်ချိရေးကိုယ်စား လှယ်ပေါင်း ၁၃၀ကျော်၊ လက်လီအရောင်းဆိုင်ပေါင်း ၅၀၀၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း တယ်လီနောမှ သတင်း ထုတ်ပြန်ထားပါသည်။

ရဲလင်းလင်းသန်း
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com