8/04/2015

♪ Xiaomi က 32GB Mi 4i ကို ဒေါ်လာ ၂၃၅ ဖြင့် ရောင်းချ ♫

3

Xiaomi က Mi 4i ၏ 32GB အမျိုးအစားကို ဒေါ်လာ ၂၃၅ ဖြင့် အိန္ဒိယတွင် ရောင်းချပေးလိုက်ပြီး အညိုရောင်တစ်မျိုးထဲသာ ထုတ်လုပ်ပေးထားပါသည်။ ယခင်ကမူ Mi 4i ၏ 16GB အမျိုးအစားကို သာ ရောင်းချပေးခဲ့ခြင်း ဖြစ်ပါသည်။

Mi 4i ကို Octa-Core CPU ပါသော Snapdragon 615 SoC က မောင်းနှင်မည် ဖြစ်သည်။ Adreno 405 GPU , 2GB RAM , 32GB Storage, 3120mAh Battery ပါရှိပါသည်။ ငါးလက်မ 1080×1920 pixel Display တပ်ဆင်ထားပါသည်။

အဓိက ကင်မရာအနေဖြင့် 13MP နှင့် အရှေ့ဘက်ကင်မရာ အနေဖြင့် 5MP Camera တို့ကို ထည့်သွင်းပေးထားပါသည်။ Android 5.0 Lollipop ကို MIUI 6 ဖြင့် ပေါင်းစပ်ထားပါသည်။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com