8/06/2015

Touch ID ထက် Android လက်ဗွေစနစ်ကို ချိုးဖောက်တိုက်ခိုက်မှု ပိုမိုလွယ်ကူဟုဆို





လုံခြုံရေးသုတေသီများဖြစ်သော ဒေါင်ဝေနှင့် ယုလောင်ကျန်းတို့သည် Android fingerprint framework ရှိ အားနည်းချက်အချို့ကို ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ လုံခြုံရေးသုတေသီ နှစ်ဦးသည် ၎င်းအားနည်းချက်ရှိသော ဖုန်းများရှိ လက်ဗွေများကို အဝေးမှ ရယူကာ fingerprint sensor spying တိုက်ခိုက်မှုဖြင့် တိုက်ခိုက်ခြင်း၊ လက်ဗွေဖြင့် ငွေပေးချေမှုစနစ်ကို ရှောင်လွှဲနိုင်သော malware နှင့် backdoor တိုက်ခိုက်မှုများ အပါအဝင် နည်းလမ်းအမျိုးမျိုးဖြင့် စမ်းသပ်ခဲ့ကြောင်း ဆိုသည်။

၎င်းအားနည်းချက်များသည် HTC One Max နှင့် Samsung Galaxy S5 တွင် တွေ့ရှိခဲ့သ်ာလည်း iPhone နှင့် အခြား Touch ID ထုတ်ကုန်များတွင် မတွေ့ရှိကြောင်း အထက်ပါ သုတေသီများက ပြောကြားခဲ့သည်။
အားနည်းချက်ရှိသော ထုတ်ကုန်များသည် ၎င်းတို့၏ လက်ဗွေ scanner များကို ထိန်းချုပ်ထားနိုင်ခြင်း မရှိကြောင်း၊ Apple ၏ Touch ID ကမူ တိုက်ခိုက်သူက လက်ဗွေ sensor ကိုတိုက်ရိုက် အသုံးပြုနိုင်ခဲ့ပင်လျှင် crypto key တစ်ခု မရှိဘဲ လက်ဗွေ အချက်အလက်များ ပေးအပ်ခြင်း မရှိကြောင်း ကျန်းက ZDNet ထံ ပြောကြားခဲ့သည်။

သို့ရာတွင် ထုတ်ကုန် ထုတ်လုပ်သူများက ၎င်းအားနည်းချက်အတွက် patch များကို ထုတ်ပြန်ထားပြီး ဖြစ်သောကြောင့် သုံးစွဲသူများက ၎င်းတို့၏ ထုတ်ကုန်များကို update ပြုလုပ်ထားပါက မည်သည့်ပြဿနာမှ မရှိနိုင်ကြောင်း သိရသည်။

Ref: Engadget
Thiha Htike(THT)
thihahtike.it@gmail.com




<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download