8/03/2015

♪ အသံတိတ် ဗွီဒီယိုများ အသုံးပြု၍ text ပေးပို့နိုင်သော Livetext app ကို Yahoo မိတ်ဆက် ♫


Yahoo သည် စမတ်ဖုန်း သုံးစွဲသူများအတွက် ဗွီဒီယို text app သစ်ဖြစ်သော Livetext ကို မိတ်ဆက်ခဲ့သည်။ ၎င်းဝန်ဆောင်မှု ပါဝင်သော ဗွီဒီယိုများသည် အသံထွက်ခြင်း မရှိကြောင်း သိရသည်။

ကုမ္ပဏီအနေဖြင့် သုံးစွဲသူများကို အသိပေးခြင်း၊ ချိတ်ဆက်ခြင်းနှင့် ဖျော်ဖြေရေးတို့ ပြုလုပ်နိုင်ရန် Livetext ကို ဖြန့်ချိခဲ့ကြောင်း Yahoo အကြီးတန်း ဒုဥက္ကဌ အဒမ်ကာဟန်က မက်ဟန်တန်စီရင်စုတွင် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ အဆိုပါပွဲတွင် ၎င်း app ကို အသုံးပြု၍ text ပေးပို့ရန် မိတ်ဆွေများနှင့်အတူ ဗွီဒီယိုဖြင့် ဖုန်းခေါ်ဆိုခြင်းနှင့် ဆက်သွယ်ခြင်းတို့ကို Yahoo ထုတ်ကုန်စီမံခန့်ခွဲမှု အကြီးတန်း ဒါရိုက်တာ အာဂျန်ဆတ်သီက စမ်းသပ်ခဲ့သည်။ သို့သော်လည်း ၎င်းဝန်ဆောင်မှုအနေဖြင့် မိတ်ဆွေများဖြင့် တိုက်ရိုက်စကားပြောဆိုခြင်း မပြုနိုင်ပေ။ စိတ်ကူးအရ Yahoo အမှုဆောင်များက အဆိုပါ ဝန်ဆောင်မှုသည် မျက်နှာအမူအရာများကို ဖော်ပြပေးမည့် အမူအရာဖြင့် text ပေးပို့သည့် ပုံသဏ္ဍာန် ကို ပေါင်းစပ်နိုင်ပြီး ၎င်း app ကို မည်သည့်နေရာတွင်မဆို ပေါ့ပါးလွယ်ကူစွာ အသုံးပြုနိုင်ရန် ပြုလုပ် ထားသည်။

၎င်း app သည် text များ ပေးပို့မှုအတွက် အချိန်ကန့်သတ်ထားခြင်း မရှိသလို သုံးစွဲသူများက စကားပြောဆိုမှု မှတ်တမ်းများကို သိမ်းဆည်းထားနိုင်ခြင်း မရှိပေ။ Livetext တွင် message များကို မြန်ဆန်ထိရောက်စွာ ပေးပို့သည့် ပုံစံသည် Snapchat နှင့် livestream ပြုလုပ်နိုင်သော Meerkat တွင် message များ ပေးပို့သည့် သဏ္ဍာန်နှင့် ဆင်သည်။ Livetext တွင် message များကို ပုံမှန်စာသားကဲ့သို့ ပေးပို့နိုင်ပြီး တခြားတစ်ဖက်ရှိ သုံးစွဲသူက တိုက်ရိုက်ကြည့်ရှုသူ ရှိမှသာ ၎င်း message များကို ဖျက်ပေးမည် ဖြစ်သည်။ ထို့အပြင် Yahoo သည် တစ်ကိုယ်ရေ အချက်အလက်များအဖြစ် ကာကွယ်ရန် message များကို encrypt ပြုလုပ်ထားသလို ကုမ္ပဏီအနေဖြင့် အဆိုပါ အချက်အလက်များကို သိမ်းဆည်းထားမည် မဟုတ်ပေ။ Yahoo ၏ Livetext ကို အမေရိကန်၊ ကနေဒါ၊ယူကေ၊ ပြင်ဖစ်နှင့် ဂျာမနီအပြင် ဟောင်ကောင်နှင့် ထိုင်ဝမ်တို့တွင် iOS နှင့် Android အတွက် ဖြန့်လိုက်ပြီ ဖြစ်သည်။

Ref : CNET

Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com