8/07/2015

♪ Samsung ၏ ကွန်ပြူတာ မော်နီတာအသစ်က စမတ်ဖုန်းကို ကြိုးမဲ့ အားသွင်းပေးနိုင် ♫

1

Samsung က စမတ်ဖုန်းကို ကြိုးမဲ့ အားသွင်းပေးနိုင်သော ကွန်ပြူတာ မော်နီတာအသစ်တစ်ခုကို မိတ်ဆက်လိုက်ပါသည်။ Samsung Galaxy S6, Google Nexus 6 , LG G3 တို့ကဲ့သို့ Qi Wireless Charging ကို ထောက်ပံ့သော စမတ်ဖုန်းများကို Monitor Stand ပေါ်တွင် ထားရှိခြင်းဖြင့် အားသွင်းပေးမည် ဖြစ်သည်။

ပရိဘောဂ ထုတ်လုပ်သည့် ကုမ္ပဏီများကလည်း Smart Device များကို ကြိုးမဲ့ အားသွင်း ပေးနိုင်သည့် ကိရိယာများကို နေအိမ်သုံး ပရိဘောဂများတွင် တပ်ဆင်ရောင်းချနေကြပါသည်။ ထို့အတွက် နေအိမ်ရှိ မည်သည့်နေရာတွင် မဆို စမတ်ဖုန်းများကို အားသွင်းနိုင်မည် ဖြစ်သည်။

Samsung SE370 Monitor တွင် 1920×1080 pixel Display တပ်ဆင်ထားပြီး ၂၃.၆ နှင့် ၂၇ လက်မနှစ်မျိုး ထုတ်လုပ်ပေးထားပါသည်။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com