8/03/2015

♪ Samsung Galaxy S6 နဲ့ S6 Edge တို့၏ ဈေးနှုန်းများ လျှော့ချတော့မည် ♫



ယမန်နေ့က ထုတ်ပြန်ခဲ့တဲ့ ၂၀၁၅ ဒုတိယ ၃ လပတ် ငွေစာရင်းရှင်းတမ်းအရ ကိုရီးယား ကုမ္ပဏီကြီး Samsung သည့် ရာထားချက်နှင့် ကိုက်ညီခဲ့သော်လည်း ရောင်းအားနှင့် အမြတ်ငွေပမာဏများ ကျဆင်းလာနေခဲ့ကြောင်း သိရှိရပါတယ်။

Samsung ဟာ ယခုနောက်ဆုံး ၃ လပတ်အတွင်း စုစုပေါင်းဝင်ငွေ ဒေါ်လာ ၄၁.၇ ဘီလီယံ ရရှိခဲ့ပြီး ယင်းမှ အမြတ်ငွေ ဒေါ်လာ ၄.၉၃ ဘီလီယံ ရရှိခဲ့ကြောင်း သိရှိရပါတယ်။ ယင်းပမာဏဟာ ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်လိုက်လျှင် ဝင်ငွေ ၇ ရာခိုင်နှုန်း နည်းပါးသွားခဲ့ပြီး အမြတ်ငွေ ပမာဏဟာလည်း ၈ ရာခိုင်နှုန်း လျော့နည်းသွားခဲ့ ရတယ်လို့ သိရပါတယ်။ 

ဤအခြေအနေ၏ အဓိက အကြောင်းရင်းမှာ ယင်းတို့၏ ပင်မ Flagship စမတ်ဖုန်း ၂ လုံးဖြစ်တဲ့ Galaxy S6 နဲ့ S6 Edge တို့ရဲ့ ရောင်းအားဟာ မျှော်မှန်းထားသလောက် မကောင်းခဲ့သလို မားကက်တင်းအတွက် အသုံးပြုတဲ့ ငွေပမာဏဟာလည်း ပိုမိုများပြား လာခဲ့ခြင်းကြောင့် သိရှိရပါတယ်။

Samsung အနေနဲ့ ယင်းတို့ရဲ့ Mobile ဌာနဟာ ၂၀၁၅ ဒုတိယပိုင်းမှာ အကျပ်အတည်း အနည်းငယ်နဲ့ ရင်ဆိုင်မည်ဟု မျှော်မှန်းထာကြောင်း၊ မကြာမီ မိတ်ဆက်ပြသမယ့် စမတ်ဖုန်းများ (Galaxy Note 5 နဲ့ S6 Edge+) တို့ကို တွန်းအားပေး ရောင်းချသွားမှာ ဖြစ်သလို လက်ရှိ Galaxy S6 နှင့် S6 Edge တို့၏ ဈေးနှုန်းများကိုလည်း ပြင်ဆင်သတ်မှတ် လျှော့ချပေးသွားရန် စီစဉ်ထားတယ်လို့ ပြောကြား ထားပါတယ်။

Samsung အနေနဲ့ မကြာမီ အသစ်ထွက်ရှိလာမယ့် iPhone အသစ်နှင့် တိုက်ဆိုင်မှု မရှိစေရန်အတွက် Galaxy Note 5 နှင့် S6 Edge+ တို့အား မိတ်ဆက်ပြသမယ်လို့ မျှော်လင့်ရတဲ့ Unpacked Event အခမ်းအနားကို သြဂတ်စ်လ ၁၃ ရက်နေ့မှာ နူးယောက်ခ်စီးတီး၌ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

အဆိုပါ Samsung Unpacked Event သို့ မိမိတို့ Myanmar Consumer Guide မှလည်း တက်ရောက်ပြီး သတင်းရယူမှာဖြစ်ကာ ဤ Facebook Page ၌ အခမ်းအနားမှ သတင်း၊ ဓာတ်ပုံနှင့် ဗီဒီယိုများအား တင်ဆက်ဖော်ပြ ပေးသွားမှာဖြစ်ကြောင်း သတင်းကောင်း ပါးလိုက်ပါတယ်။

Credit to ==> Myanmar Consumer Guide

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com