8/03/2015

♪ ဘယ်ဖုန်းကိုမဆို ကြိုးမဲ့ အားသွင်းနိုင်အောင် နည်းပညာနှင့်ပစ္စည်း ထုတ်လိုက်ပြီ ဖြစ်တဲ့ Qualcomm ♫

qualcomm

Qualcomm ကိုတော့ သိတဲ့သူများ သိကြမှာပါ။ သူ့ရဲ့ ဆီမီးကွန်ဒတ်တာတွေကို စမတ်ဖုန်းတွေမှာ အသုံးပြုကြပါတယ်။ ယခုမှာတော့ သူဟာ Wipower လို့ခေါ်တဲ့ ကြိုးမဲ့ အားသွင်းနည်းပညာနဲ့ ပစ္စည်းကို ထုတ်လုပ်လိုက်ပြီး ဖုန်းတိုင်းမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အသုံးပြုပုံက ဒီလိုပါ။


စမတ်ဖုန်း ထုတ်လုပ်တဲ့ ကုမ္ဗဏီများအနေနဲ့ Qualcomm က ချမှတ်ပေးတဲ့ စည်းကမ်းနဲ့ နည်းပညာကို လိုက်နာနဲ့ သတ္တုကို အသုံးပြုရပါမယ်။ ယင်း သတ္တုဟာလည်း စမတ်ဖုန်းတွေမှာ သုံးလေ့သုံးထရှိတဲ့ သတ္တုပါပဲ။ ပြီးတော့ ယင်းသတ္တုနဲ့ ဘက်ထရီအကြား ဆက်စပ်မယ့် နည်းပညာ firmware ကိုပါ ပေးမှာ ဖြစ်ပါတယ်။ ဒီတော့ ကြိုးမဲ့ အားသွင်းစနစ်ဆိုတဲ့ နည်းပညာကို စမတ်ဖုန်း ထုတ်တဲ့ ကုမ္ဗဏီအားလုံး ပိုင်ဆိုင်နိုင်တဲ့ သဘောသို့ သက်ရောက်သွား ပါတယ်။

လက်ရှိ ကော်နဲ့ သုံးတဲ့ စမတ်ဖုန်းများအတွက်လည်း သတ္တု ဖုန်းကာဗာများ ဖန်တီးပေးတဲ့ solution လည်း ဖန်တီးထားပါသေးတယ်။ ဒါပေမယ့် Qualcomm ရဲ့ အဓိက ရည်ရွယ်ချက်နဲ့ market ကတော့ အသစ်ထွက်မယ့်ဖုန်းများ အတွက် ဖြစ်ပြီး သတ္တုနဲ့ နည်းပညာကို အဓိက ထောက်ပံ့ပေးမယ့် ကုမ္ဗဏီ ဖြစ်လာနိုင်ပါတယ်။

ဒီအတွက် အားသွင်းရန် လိုအပ်တဲ့ hardware များကိုလည်း ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ ဖုန်းကို အားသွင်းပြားပေါ် တင်လိုက်ရုံနဲ့ အားသွင်းလို့ ရတာ ရှိသလို အချို့ဆို အပေါ်တောင် တင်စရာမလိုပဲ အနီးကပ်ထားရုံနဲ့ အားသွင်း နိုင်ပါတယ်။ သူ့အနေနဲ့ စမတ်ဖုန်း ကုမ္ဗဏီများသို့ ယင်း နည်းပညာနဲ့ hardware များကို ရောင်းချ ထောက်ပံ့ပေးသွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။
.
စမ်းသပ်နေမှု ဗီဒီယို ကြည့်ရန် – https://youtu.be/fnvhabwjMZA

Credit to ==>  http://www.myanmarmobileapp.com/
Ref: pocketlint



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com