8/07/2015

အသုံးပြုသူကိုယ်တိုင် ပါဝင် ဆင်နွှဲနိုင်သော O2O ကံစမ်းမဲ အစီအစဉ်များကို နှစ်လ တစ်ကြိမ် ပြုလုပ်မည်





ဂျပန်စတိုင် ကံစမ်းမဲအစီအစဉ်ကို အခြေခံပြုလုပ်ထားသော Quick Draw Application မှ အသုံးပြုသူများ အနေဖြင့် တစ်ဦးနှင့်တစ်ဦး O2O (Online to Offline) ကိုယ်တိုင် ပါဝင် ဆင်နွှဲနိုင်သော အခမဲ့ ကံစမ်းမဲ အစီအစဉ်များကို ယခုနှစ်အတွင်း နှစ်လတစ်ကြိမ် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

"အခုတစ်ကြိမ်က ၄ ကြိမ်မြောက် ဆုပေးတာပါ။ အခုအစီအစဉ်မှာတော့ ကံထူးရှင် ၆ ယောက်ကို ဆုချီးမြှင့်ပေးမယ်။ ပြီးရင် ပွဲကို လာတဲ့သူတိုင်းကိုလည်း ဗလာမပါ ကံစမ်းမဲတွေ ဖောက်ပေးသွားမှာပါ။ ကံစမ်းမဲ ဖောက်ပေးမဲ့ ပစ္စည်းတွေကတော့ အစုံပါပဲ။ ဖုန်းပါမယ်၊ ကင်မရာပါမယ်၊ ရေမွှေး၊ Memory Stick ၊ Power Bank စတဲ့ စုစုပေါင်း ဆုမဲတစ်ထောင်ကျော်ကို မဲဖောက်ပေးသွားမှာ။ ပုံမှန်တော့ အခုလို ကံစမ်းမဲ အစီအစဉ်တွေကို ၁ လခွဲ ဒါမှမဟုတ် ၂ လတစ်ကြိမ် ပြုလုပ်သွားဖို့ရှိပါတယ်" ဟု Acroquest Myanmar Technology Co., Ltd. မှ Branch Manager Mr Daisuke Terada က ပြောသည်။

အဆိုပါ ကံစမ်းမဲအစီအစဉ်ကို အခမဲ့ ပါဝင် ကံစမ်းနိုင်မည်ဖြစ်ပြီး မိမိဖုန်းထဲတွင် Quick Draw Application ထည့်သွင်း၍ ဖုန်းတွင် GPS ဖွင့်ထားရမည် ဖြစ်သည်။ မိမိ သွားရောက်ခဲ့သည့် မိုင်အကွာအဝေးအပေါ် မူတည်၍ အမှတ် (Point) များ ရရှိမည်ဖြစ်ပြီး ရရှိထားသည့် Point များဖြင့် လက်ဆောင်များ၊ ကံစမ်းမဲလက်မှတ်များကို လဲလှယ် ရယူနိုင်မည် ဖြစ်သည်။

သတ်မှတ်အချိန်ကာလ ပြီးဆုံးပါက ကံထူးရှင်များကို ထပ်မံရွေးချယ်ပေးသွားမည်ဖြစ်ပြီး ကံထူးရှင်များအား Quick Draw မှ ကံထူးရှင်ဖြစ်ကြောင်း အကြောင်းကြားစာနှင့် ဆက်သွယ်ရမည့် လိပ်စာကို ဖုန်းသို့ မက်ဆေ့ခ်ျပို့ ပေးမည် ဖြစ်သည်။

Credit==>internetjournal
Thiha Htike(THT)
thihahtike.it@gmail.com





<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download