8/05/2015

ပြည်တွင်းအခြေစိုက် ဆက်သွယ်ရေးအော်ပရေလေးခု ပါဝင်မည့် Myanmar Connect 2015 ကျင်းပမည်








ပြည်တွင်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးမှုနှင့် အနာဂတ် လုပ်ငန်းများအကြောင်းကို အဓိကဆွေးနွေးမည့် Myanmar Connect 2015 ကို ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက နေပြည်တော်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ပြည်တွင်း၌ တတိယအကြိမ်မြောက်ကျင်းပသည့် အဆိုပါ ဆက်သွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲတွင် ပြည်တွင်း၊ ပြည်ပဆက်သွယ်ရေး အော်ပရေများဖြစ်သည့် Telenor Myanmar ၊ Ooredoo Myanmar ၊ ရတနာပုံတယ်လီပို့နှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့က အဓိကပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ဥရောပ ငွေကြေးရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်း (Euromoney Institutional Investor) ၏ အဖွဲ့ဝင်ဖြစ်သော Capacity Media နှင့် အထက်ပါဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် Myanmar Connect 2015 အား ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နှင့် ၁၆ ရက်များတွင် နေပြည်တော်ကောင်စီနယ်မြေ၌ ကျင်းပသွားမည် ဖြစ်သည်။

မကြာမီ ပြုလုပ်မည့် Myanmar Connect 2015 တွင် ပြည်တွင်းစွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်များ၏ မြန်မာနိုင်ငံတွင်ထုတ်လုပ်သည့် application များကို ပြသမည့် Start-up Showcase အစီအစဉ်လည်း ပါဝင်လာမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Credit==>internetjournal
Thiha Htike(THT)
thihahtike.it@gmail.com

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download