8/10/2015

♪ Motorola က တတိယမျိုးဆက် Moto G ကို မိတ်ဆက် ♫


Motorola က တတိယမျိုးဆက် Moto G ကို မိတ်ဆက်လိုက်ပါသည်။

နှစ်မျိုးနှစ်စား ထုတ်လုပ်ပေးထားပြီး 16GB Storage အမျိုးအစားတွင် 2GB RAM နှင့် 8GB အမျိုးအစားတွင် 1GB RAM ထည့်သွင်းပေးထားပါသည်။ 32GB အထိ ၀င်ဆန့်သော microSD Card များကို နှစ်မျိုးလုံးတွင် ထည့်သွင်းနိုင်ပါသည်။

Moto G တွင် ငါးလက်မ 720p Display ကို Gorilla Glass 3 ဖြင့် ကာကွယ်ထားပါသည်။ 1.4GHz Quad-Core Processor ပါသော Snapdragon 410 Chipset မောင်းနှင်မည် ဖြစ်သည်။ 4G LTE ကို ထောက်ပံ့ပြီး WiFi, Bluetooth, GPS ဆက်သွယ်မှုများပါရှိပါသည်။ Android 5.1.1 မောင်းနှင်မည် ဖြစ်သည်။

အနောက်ဘက်တွင် 13MP နှင့် Dual – LED ကို တပ်ဆင်ထားပြီး အရှေ့ဘက်တွင် 5MP Camera ပါရှိပါသည်။ 2470mAh Battery တပ်ဆင်ထားပါသည်။ IPx7 စံနှုန်း ရှိသဖြင့် ရေအနက် တစ်မီတာတွင် မိနစ်သုံးဆယ်ကြာ ထားရှိနိုင်ပါသည်။ 8GB Version ကို ဒေါ်လာ ၁၈၇ ၊ 16GB Version ကို ဒေါ်လာ ၂၀၃ ဖြင့် ရောင်းချပေးနေပါသည်။

Credit to ==>Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com