စမတ်ဖုန်းများဟာ ဖုန်းပြောဖို့ သက်သက်သာ မဟုတ်တော့ဘဲ စွယ်စုံ အသုံးပြုလို့ရတဲ့ အိတ်ဆောင် ကွန်ပြူတာလေးတွေ ဖြစ်လာပါပြီ။ အလုပ်ကိစ္စများ၊ ကျန်းမာရေး ၊ စီးပွားရေး ၊ ခရီးသွားလာခြင်း စတဲ့ နယ်ပယ်မျိုးစုံမှာ စမတ်ဖုန်းများကို အသုံးပြုနိုင်ပါတယ်။ လူတွေအတွက် အရေးအကြီးဆုံး ဖြစ်တဲ့ ကျန်းမာရေး နယ်ပယ်မှာလည်း အထောက်အကူပြုနိုင်ဖို့ App များကို Developer များက တီထွင်ပေးထားပါတယ်။ အဲဒီအထဲက တစ်ခုကတော့ Azumio က ထုတ်လုပ်တဲ့ Instant Heart Rate ပါပဲ။
Instant Heart Rate က စမတ်ဖုန်းရဲ့ အနောက်ဘက်ကင်မရာကနေ သင့်လက်ချောင်းမှ သွေးခုန်နှုန်းများကို တိုင်းတာပြီး နှလုံးခုန်နှုန်းကို တိကျစွာ တွက်ချက်ပေးနိုင်တဲ့ အံ့သြစရာကောင်းတဲ့ နည်းပညာမြင့် App တစ်ခု ဖြစ်ပါတယ်။
Instant Heart Rate ကို အင်စတော လုပ်ပြီးရင် သူ့ရဲ့ အလုပ်လုပ်ပုံနဲ့ အသုံးပြုနည်းကို ပြသပေးမှာ ဖြစ်ပါတယ်။ App က သင့်လက်ချောင်းထိပ်မှ အရောင်ပြောင်းလဲမှုကို ခွဲခြမ်းစိတ်ဖြာပြီး သင့်ရဲ့ နှလုံးခုန်နှုန်းကို တိုင်းတာပေးတာပါလို့ ပြောပြထားပါတယ်။ အသုံးပြုနည်းက သင့်လက်ချောင်းထိပ်ကို အနောက်ကင်မရာ တစ်ခုလုံးကို အုပ်မိအောင် ထားထားပြီး ဖုန်းကို ငြိမ်သက်စွာ ထားရှိရမှာ ဖြစ်ပါတယ်။
နှလုံးခုန်နှုန်းကို စတင်တိုင်းတာဖို့ Get Started ကိုနှိပ်ပါ။
နောက်အဆင့်မှာ နှလုံးခုန်နှုန်း တိုင်းတာပေးတဲ့ စကရင်ကို ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ အပေါ်မှ ညွှန်ကြားချက်အတိုင်း ပြုလုပ်ပါ။

** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
** Step-2. "5sec". လောက်စောင့်ပေးပါ။
** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။
** Step-4. Download Link ကျလာပါလိမ့်မယ်။
** အဆင်ပြေပါစေဗျာ။