8/19/2015

Black box မှတစ်ဆင့် Corvette ကား၏ ဘရိတ်များကို သုတေသီများ ထိန်းချုပ်ပြသခဲ့






သုတေသီများသည် text message များအသုံးပြု၍ ကားတစ်စီးကို ထိန်းချုပ်ရန် အင်တာနက်ဖြင့် ချိတ်ဆက်ထားသော အာမခံ စောင့်ကြည့်ရေး black box အား တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

လတ်တလောတွင် ကားများကို စောင့်ကြည့်လေ့လာမှုများ ပြုလုပ်ပေးသည့် OBD-II ပလတ်စတစ် box များသည် အင်တာနက်ဖြင့် ချိတ်ဆက်ထားသလို အဆိုပါ ကိရိယာသည် ယာဉ်မောင်းများ၏ လောင်စာသုံးစွဲမှုကို တိုးမြှင့်ပေးပြီး အာမခံကြေး အနည်းငယ်ဖြင့် ယာဉ်သွားလာမှု လမ်းကြောင်းများကို အာမခံကုမ္ပဏီသို့ အစီရင်ခံ တင်ပြပေးမည် ဖြစ်သည်။ သို့သော်လည်း အဆိုပါ box များသည် ကားများကို တိုက်ခိုက်ရန်အတွက် အဓိကအားနည်းချက် ဖြစ်လာကြောင်း ဆန်ဒီယေဂိုမြို့ ကယ်လီဖိုးနီးယား တက္ကသိုလ်ရှိ ဒီဂျစ်တယ် လုံခြုံရေး သုတေသနအဖွဲ့က သတိပေးထားသည်။

၎င်းအားနည်းချက်ကို စမ်းသပ်ရန် သုတေသီများသည် ယာဉ်စောင့်ကြည့်ရေး ကိရိယာ box များအနက် တစ်ခုကို Chevrolet Corvette တွင် တပ်ဆင်ပြီး SMS ညွှန်ကြားချက်များကို ဖုန်းနံပါတ် အတိအကျ တစ်ခုသို့ပေးပို့ကာ ကားအားထိန်းချုပ် ပြခဲ့ကြောင်း Wired မှ ဖော်ပြခဲ့သည်။ ထို့နောက် သုတေသီများသည် ကား၏ wiper များကိုဖွင့်ခြင်း၊ ဘရိတ်ကို အသုံးပြုခြင်းနှင့် ကားကိုအရှိန်နှေးနေစဉ် ဘရိတ်အသုံးမပြုခြင်း စသည်များကို ပြုလုပ်ပြသခဲ့သည်။

၎င်းကိရိယာကို ပြင်သစ်ထုတ်လုပ်ရေး ကုမ္ပဏီ Mobile Devices က တည်ဆောက်ပြီး အာမခံကုမ္ပဏီ Metromile မှဖြန့်ချိခဲ့ပြီး ကားအာမခံအစီအစဉ်၏ အစိတ်အပိုင်း တစ်ခုအဖြစ် လုံခြုံရေး ထုတ်ကုန်များကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လုံခြုံရေး ထုတ်ကုန်များကို တူညီရာ ကိုယ်ပိုင်အချက်အလက်များနှင့် developer mode အဖြစ် သုံးစွဲသူများသို့ ဖြန့်ချိခဲ့ခြင်း ဖြစ်သည်။

Ref : CNET
Credit  internetjournal

Thiha Htike(THT)
My Facebook Account Click




<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download