8/19/2015

Android device ပေါ်တွင် Subloader ဖြင့် Movie Subtitle များရယူခြင်း






Android device ကို အသုံးပြု၍ ရုပ်ရှင်ကြည့်ရှု သူများအတွက် subtitle များကို ရှာဖွေပေးနိုင်မယ့် app ရှိပါတယ်။ အဆိုပါ app ကနေ subtitle များကို download ပြုလုပ်ပြီး မိမိကြည့်ရှုမယ့် ဇာတ်ကားကို VLC Media player နဲ့တွဲဖက်ပြီး ကြည့်ရှု နိုင်ပါတယ်။

ပထမဆုံး Android device တွေဖြစ်တဲ့ Tablet, Phone တွေပေါ်ကနေ ရုပ်ရှင်ကြည့်ရှုသူများ VLC Player ကို ထည့်သွင်းထားသင့်ပါတယ်။

VLC for android app ကို ဒီနေရာ (https://goo.gl/3ZoWYa) ကနေရယူနိုင်ပါတယ်။

နောက်တစ်ဆင့်ကတော့ ကိုယ်ကြည့်မယ့် ရုပ်ရှင်ဇာတ်ကားရဲ့ subtitle ကို ရှာဖွေဖို့အတွက် subloader ဆိုတဲ့ app လိုအပ်ပါတယ်။ Subloader app ကို ဒီနေရာ(https://goo.gl/2nkT1x) ကနေရယူ နိုင်ပါတယ်။

Subloader app ကို ထည့်သွင်း ပြီးသွားပြီဆိုရင် app ကိုဖွင့်လိုက်ပါ။ အဆိုပါ subloader app ဟာ device ထဲမှာရှိတဲ့ ဗီဒီယိုဖိုင်တွေကို Scan ပြုလုပ်သွားပါလိမ့်မယ်။ ဒီနေရာမှာ ကိုယ်ကြည့်ရှုမယ့် ဇာတ်ကား ကို ရွေးချယ်ပေးလိုက်ရင် အဆိုပါ ဇာတ်ကားနဲ့ ပတ်သက်တဲ့ subtitle တွေကို ရှာဖွေပေးပြီး download ပြုလုပ်နိုင်အောင် စီစဉ်ပေးထားတာကို တွေ့မြင်ရပါလိမ့်မယ်။

အကယ်၍ အလိုအလျောက် download ပြုလုပ်ချင် သူတွေအတွက်လည်း subloader app ဟာ အလိုအလျောက် download ပြုလုပ်နိုင်စေရန်အတွက် Settings မှာ သတ်မှတ်ပေးထား နိုင်ပါတယ်။
Subloader app ဟာ subltitle တွေသာမက TV show များကိုလည်း ရှာဖွေပေးနိုင်ပါတယ်။

အားလုံးပြီးစီး သွားပြီဆိုရင်တော့ ကြည့်ရှုချင်သည့် ရုပ်ရှင်ဇာတ်ကားများကို subtitle အထောက်အပံ့ပေးနိုင်သည့် မည့်သည့် video player နဲ့မဆို ကြည့်ရှုနိုင်မှာဖြစ်ပြီး download ပြုလုပ်ထားတဲ့ subtitle ကို ထည့်သွင်း အသုံးပြုနိုင်ပါတယ်။

Ref: maketecheasier
Credit  internetjournal

Thiha Htike(THT)
 My Facebook Account Click

 (ယခုတင်ပေးသောAppအား " ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး) "တွင်အခမဲ့ထည့်သွင်းနိုင်ပါသည်)




<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download