8/08/2015

♪ Amazon မှာပေါက်ကြားသွားသော Xiaomi Redmi 2 Prime ♫


တရုတ်စမတ်ဖုန်းကုမ္ပဏီကြီး Xiaomi ကမကြော်ငြာခင် Amazon Online Store ကြီးမှာ အဆိုပါ Redmi 2 Prime ကိုရောင်းချဖို့တင်ခဲ့ပေမယ့် အလျင်အမြန် ဖယ်ရှား ခဲ့သည်။

Redmi 2 Prime ကို 13 ရက် သြဂတ်လ မှာပြုလုပ်မည့် MIUI 7 မိတ်ဆက်ပွဲ မှာ ပြသဖို့ရှိတဲ့စမတ်ဖုန်းများ ထဲမှတစ်မျိုးဖြစ်နိုင်ပြီး Flagship ဖုန်းထဲမှလည်းတစ်မျိုးပါဝင်ဖွယ်ရှိပြီး MI 5 ဖြစ်နိုင်ချေပိုများလာပါတယ်။ Redmi 2 ကို January ကမိတ်ဆက်ခဲ့ပြီး ယခု Redmi 2 Prime မှာများစွာကွာဟခြင်းမရှိပဲ မှန်သားကို Gorilla Glass 2 အစား Asahi Dragontrail Glass ကိုသုံးထားသည်။ 4.7-inch မျက်နှာပြင်အကျယ် ရှိပြီး CPU ကို Snapdragon 410 quad-core 1.2 Ghz ,RAM 2 GB,Main Camera 8MP,Front Camera 2MP,Battery 2,200 mAh Li-Po တို့ဖြစ်သည်။

Internal Memory 16 GB နှင့် MicroSD 32GB ထပ်မံတိုးမြင့် အသုံးပြုနိုင်သည်။ dual sim အမျိုးအစား ဖြစ်ပြီး MIUI 6 Android Version 4.4.4 ဖြင့်လည်ပတ်ထားကြောင်းသိရှိရပြီး ဈေးနူန်း သတ်မှတ် ထားခြင်းမရှိသေးပေ။

Credit to ==> Phone News Up To Date

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com