10/15/2014

♪ စတာလင်ပေါင် တစ်သောင်းကျော်တန် တန်ဖိုးကြီး Vertu for Bentley စမတ်ဖုန်း ♫

Photo: စတာလင်ပေါင် တစ်သောင်းကျော်တန် တန်ဖိုးကြီး Vertu for Bentley စမတ်ဖုန်း
 ====================================================

တန်ဖိုးကြီး စမတ်ဖုန်း ထုတ်လုပ်သူ Vertu နှင့် တန်ဖိုးကြီး ကားထုတ်လုပ်သူ Bentley တို့ ပူးပေါင်းပြီး အလွန်တန်ဖိုးကြီးသည့် စမတ်ဖုန်းကို ထုတ်လုပ်လိုက်ပါသည်။ 

Vertu for Bentley ဟု အမည်ပေးထားပြီး စတာလင်ပေါင် ၁၀၇၀၀ သတ်မှတ်ထားသည့်အတွက် ကားလေးတစ်စီး တန်ဖိုးနှင့် ညီမျှပါသည်။ 

စမတ်ဖုန်းကို နွားသားရေဖြင့် ဖုံးအုပ်ထားပါသည်။ ကိုယ်ထည်ကို စိန်နှင့် တိုက်တေနီယမ် သတ္တုဖြင့် ပြုလုပ်ထားပါသည်။  အနောက်ဘက် အခွံ၏ အတွင်းဘက်တွင် ဖုန်းကို ထုဆစ်သူ၏ လက်မှတ်ကို ထွင်းထားပါသည်။ 

ဖုန်းမျက်နှာပြင်ကို သလင်းကျောက်အလွှာတစ်ထပ်ဖြင့် ကာကွယ်ထားသဖြင့် ခြစ်ရာများ မထင်နိုင်ပါ။ ၄.၇ လက်မ 1080p Full HD Display တပ်ဆင်ထားပြီး တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၄၆၈ ဖြစ်ပါသည်။ 2.3GHz Qualcomm Snapdragon 801 Processor တပ်ဆင်ထားပါသည်။ 64GB Storage ပါရှိပါသည်။ အနောက်ဘက်တွင် 13 MP နှင့် မျက်နှာချင်းဆိုင်တွင် 2.1 MP Camera တပ်ဆင်ထားပါသည်။ 

စပီကာများတွင် Dolby Digital Plus Virtual Surround Sound နည်းပညာပါရှိပါသည်။ NFC, Dual-Band WiFi , Android 4.4 KitKat , 2275mAh Battery တပ်ဆင်ထားပါသည်။ 

စမတ်ဖုန်းကို အရေအတွက် နှစ်ထောင်သာ ထုတ်လုပ်ရောင်းချမည် ဖြစ်သည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 
www.pyaephyo.com