10/24/2014

♪ Samsung က Galaxy S5 Plus ကို ကြေညာ ♫

Photo: Samsung က Galaxy S5 Plus ကို ကြေညာ
==============================

Samsung က Galaxy S5 ကို Snapdragon 805 ဖြင့် အဆင့်မြှင့်ထားသော Galaxy S5 Plus ကို ကြေညာလိုက်ပါသည်။ Galaxy S5 တွင် 2.5GHz Quad-Core Processor ပါရှိသော Snapdragon 801 Chipset ကိုသာ တပ်ဆင်ထားပါသည်။ Galaxy S5 Plus တွင် 2.5GHz Quad-Core Processor ပင် ပါရှိသော်လည်း Karit 450 Core အသစ်ကို အသုံးပြုထားခြင်း ဖြစ်ပါသည်။ အဆိုပါ Chipset တွင် မျိုးဆက်သစ် GPU ဖြစ်သော Adreno 420 ကိုအဆင့်မြှင့် တပ်ဆင်ထားပါသည်။

ထို့အပြင် LTE Cat.4 မှ Cat.6 သို့ အဆင့်မြှင့်ထားပါသည်။ ထို့အတွက် မူလ Galaxy S5 ၏ ဒေါင်းလုပ် အမြန်နှုန်း 150Mbps ထက်ပိုမြန်သော 300Mbps အထိ ရရှိမည် ဖြစ်သည်။ အဆိုပါ Chipset သည် Galaxy Note 4 တွင် ပါသော Chipset နှင့် တူညီပါသည်။

Galaxy S5 Plus ၏ အခြား Specification များမှာ မူလ Galaxy S5 နှင့် တူညီပါသည်။ ၅.၁ လက်မ 1080 Full HD Display , 2GB RAM, 16GB Internal Storage , 2800mAh Battery ပါရှိပါသည်။ အနောက်ဘက်တွင် 16MP Camera တပ်ဆင်ထားပါသည်။ ရေစိုခံပြီး IP67 စံနှုန်း ရှိပါသည်။

Credit: Myanmar Digital Life Journal

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 
www.pyaephyo.com