10/26/2014

TELENOR MYANMAR၏အ​ခြေခံဝန်​​ဆောင်​မှုများ

"တယ်လီနောမြန်မာ ၏ အခြေခံ ဝန်ဆောင်မှုများ"

Caller ID

ဖုန်းဝင်လာချိန် ဖုန်းမကိုင်ခင် အချိန်မှာ ကိုယ့်ထံဆက်သော ဖုန်းနံပါတ်ကို ကြည့်ရှုနိုင်သော စနစ်ဖြစ်သည်။ခေါ်ဆိုသော ဖုန်းနံပါတ်က ဖုန်းရဲ့ Display ပေါ်တွင် ပေါ်နေပါလိမ့်မည်။ ဖုန်းခေါ်ဆိုသူသည် contact list ထဲ ရှိနေပါက နာမည်ဖြင့်သာ ပေါ်နေပါမည်။

Call Hold

ဖုန်းပြောနေစဉ် နောက်ထပ် ဖုန်းတစ်လုံး ထပ်ဝင်လာပါက ဖုန်းမချဘဲ ‘hold’ ကို နှိပ်ထားပြီး နောက်ဝင်လာသော ဖုန်းကို ပြန်ဖြေနိုင်သည်။ ပြီးလျှင် အရင်ဝင်လာသော ဖုန်းနှင့် နောက်ဝင်လာသော ဖုန်းကို တပြိုင်နက် အသုံးပြုနိုင်မည်ဖြစ်သည်။

Conference Call

Conference call ဖြင့် လူငါးယောက်ကို တပြိုင်နက် ဖုန်းပြောနိုင်မည်။ အသုံးပြုတဲ့ handset အမျိုးအစားပေါ် မူတည်ပြီး ကွာခြားချက်များ ရှိမည်။ တစ်ဦးချင်း ဖုန်းခေါ်ဆိုနှုန်းသည် သာမာန် ဖုန်းခေါ်ဆိုနှုန်း အတိုင်း ပေးဆောင်ရမည်။ Conference call ခေါ်ဆိုရန် အရင်ဆုံး လူတစ်ယောက်ကို သာမာန် နည်းအတိုင်း ဖုန်းခေါ်ဆိုရမည်။ ပြီးလျှင် “Add Call” ခလုပ်ကိုနှိပ်ပြီး နောက်ထပ် ခေါ်ဆိုမည့်သူ များကို ဆက်လက်ခေါ်ဆို နိုင်မည်ဖြစ်သည်။

Call Divert

Incoming call တွေကို ကိုယ့်ရဲ့ personal voicemail သို့ ပြန်လည် လွှဲပြောင်းပေးနိုင်မည်။ လိုင်းလွှဲခအတွက် ဝန်ဆောင်ခ ပေးဆောင်ရမည်။ ဒီဝန်ဆောင်မှုကို Activate လုပ်ရန်မလိုပါ။ Incoming calls ဝင်ကြောင်း သတိပေးချက် များက ဖုန်းခေါ်ဆိုတဲ့ သို့ ပြန်လည် လွှဲပြောင်းပေးနိုင်မည်။ handset အမျိုးအစားပေါ် မူတည်ပြီး ကွဲပြားသွားမည်။

Call Waiting

Incoming call များကို တခြား ဖုန်းနံပါတ်သို့ ပြန်လည် လွှဲပြောင်းပေးနိုင်မည်။ လမ်းကြောင်းပြန်လွှဲခ အတွက် မိနစ်အလိုက် အခကြေးငွေ ပေးဆောင်ရမည်။

Call Baring

ဖုန်းခေါ်ဆို၍ မရအောင် တားမြစ်ထားသော စနစ်ဖြစ်သည်။ ထိုစနစ်ကို အသုံးပြုရန် အခကြေးငွေ ပေးဆောင်ရန် မလိုပါ။

Call Forwarding

Incoming call များကို တခြား ဖုန်းနံပါတ်သို့ ပြန်လည် လွှဲပြောင်းပေးနိုင်မည်။ လမ်းကြောင်းပြန်လွှဲခ အတွက် မိနစ်အလိုက် အခကြေးငွေ ပေးဆောင်ရမည်။