10/30/2014

♪ 4K Video များရိုက်ကူးနိုင်သော Motorola Droid Turbo ကို ကြေညာ ♫

droid

Verizon နှင့် Motorola တို့ ပူးပေါင်းပြီး Droid Turbo ကို မိတ်ဆက်လိုက်ပြီဖြစ်သည်။ စမတ်ဖုန်းတွင် Verizon XLTE Network ကို အသုံးပြုနိုင်မည် ဖြစ်ပြီး ၅.၂ လက်မ Super AMOLED QHD Display တပ်ဆင်ထားပါသည်။ တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၅၆၅ ဖြစ်ပါသည်။

Droid Turbo ကို 2.7GHz Quad-Core Snapdragon 805 Chipset ကမောင်းနှင်လည်ပတ်မည် ဖြစ်သည်။ 3GB RAM, Adreno 420 GPU ပါရှိပါသည်။ 3900mAh Battery က ၄၈ နာရီ အသုံးခံသည်ဟု Motorola က ကြေညာပါသည်။

Droid Turbo သည် အကြမ်းခံပြီး အနောက်ဘက် အခွံကို နိုင်လွန်နှင့် ဖိုက်ဘာ တို့ဖြင့် ထုတ်လုပ်ပေးထား ပါသည်။ မျက်နှာပြင်ကို Gorilla Glass 3 ဖြင့် ကာကွယ်ထားပါသည်။ ဖုန်းအတွင်းရှိ အစိတ်အပိုင်း များကို ရေစိုခံသည့် အလွှာတစ်ထပ်ဖြင့် ကာကွယ်ထားပါသည်။

အနောက်ဘက်တွင် 21MP Camera တပ်ဆင်ထားပြီး 4K Video များ ရိုက်ကူးပေးနိုင်ပါသည်။ Motorola Droid Turbo ကို အောက်တိုဘာလ ၃၀ ရက်နေ့တွင် စတင်ရောင်းချပေးမည် ဖြစ်သည်။ 32GB အမျိုးအစားကို အနက်၊ အနီရောင်များ ထုတ်လုပ်ပေးထားပြီး Verizon မှ နှစ်နှစ် စာချုပ်ဖြင့် ၀ယ်ယူလျှင် ကနဦးပေးသွင်း ရမည့် တန်ဖိုးမှာ ၁၉၉.၉၉ ဒေါ်လာ ဖြစ်ပါသည်။ 64GB အမျိုးအစားအတွက် ကနဦး ပေးသွင်းရမည့် တန်ဖိုးမှာ ၂၄၉.၉၉ ဒေါ်လာ ဖြစ်ပါသည်။

Myanmar Digital Life

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com