10/30/2014

♪ မော်တာဖြင့် လှည့်ပတ်နိုင်သော 16MP Camera တပ်ဆင်ထားသော Oppo N3 ကို ရောင်းပြီ ♫

n3

တရုတ် စမတ်ဖုန်း ထုတ်လုပ်သူ Oppo က စင်ကာပူတွင် Oppo N3 ကို ကြေညာလိုက်ပါသည်။ Oppo N1 ၏ မျိုးဆက်ဖြစ်ပြီး မော်တာဖြင့် လှည့်ပတ်နိုင်သော 16MP Camera တပ်ဆင်ထားပါသည်။ ကင်မရာကို သာမာန် ဓါတ်ပုံများသာမက Selfie ဓါတ်ပုံများအတွက်ပါ အသုံးပြုနိုင်ပါသည်။

ကင်မရာသည် ၂၀၆ ဒီဂရီ လှည့်ပတ်နိုင်ပြီး မြင်ကွင်းကျယ် ဓါတ်ပုံများနှင့် Selfie ဓါတ်ပုံများ ရိုက်ကူးလျှင် အလိုအလျှောက်လှည့်ပတ်နိုင်ပါသည်။ မြင်ကွင်းကျယ် ဓါတ်ပုံများကို 64MP Resolution ဖြင့် ရိုက်ကူးပေးနိုင် ပါသည်။ အနောက်ဘက်တွင် တပ်ဆင်ထားသော လက်ဗွေရာ Sensor က ဓါတ်ပုံရိုက်ပြီးပြီးချင်း တစ်ချက် ပွတ်ဆွဲရုံဖြင့် ဓါတ်ပုံများကို ကာကွယ်ပေးနိုင်ပါသည်။

N3 တွင် ကင်မရာ စွမ်းဆောင်ချက်များစွာ အသစ်ပါရှိလာပါသည်။ N3 ၏ 16MP Camera က 4K Video များကိုရိုက်ကူးပေးနိုင်သကဲ့သို့ အနှေးဗီဒီယိုများကိုလည်း ရိုက်ကူးပေးနိုင်ပါသည်။ ဆက်သွယ်မှု အပိုင်းတွင် WiFi , NFC, Bluetooth 4.0 , USB OTG များ ပါရှိပါသည်။

Oppo N3 တွင် 2.3GHz Quad-Core Snapdragon 801 Chipset ပါရှိပါသည်။ ၅.၅ လက်မ မျက်နှာပြင်က 1080p Full HD အရည်အသွေးရှိပြီး တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၄၀၀ ဖြစ်ပါသည်။ 2GB RAM, 32GB Internal Storage ပါရှိပါသည်။ SIM ကဒ်နှစ်ခု အသုံးပြုနိုင်သည့် အမျိုးအစားလည်း ထုတ်လုပ်ပေး ထားပါသည်။

3000mAh Battery တပ်ဆင်ထားပြီး Oppo ၏ VOOC ဟု ခေါ်သော လျှင်မြန်စွာ အားသွင်းပေးနိုင်သည့် နည်းပညာက မိနစ် သုံးဆယ်အတွင်း ၇၅ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါသည်။ VOOC Charger ကိုလည်း အဆင့်မြှင့်ပေးထားပြီး ယခင်မျိုးဆက်၏ အရွယ်အစားထက် တစ်ဝက်လျှော့ချပေးထားပါသည်။

N3 တွင် Oppo Find 7 ကဲ့သို့ မျက်နှာပြင်၏ အောက်တွင် Notification များအတွက် အလင်းရောင်ဖြင့်ပြသပေး သည့် စွမ်းဆောင်ချက် ပါရှိပါသည်။ O-Click Accessory ကိုလည်း အဆင့်မြှင့်ပေးထားပါသည်။

Oppo N3 ကို ၆၄၉ ဒေါ်လာဖြင့် ၂၀၁၄ ခုနှစ် အကုန်ပိုင်းတွင် နိုင်ငံပေါင်း နှစ်ဆယ်တွင် စတင်ရောင်းချပေး မည်ဖြစ်သည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com