10/31/2014

♪ နိုင်ငံတကာအဆင့်မီ ဝိုင်ဖိုင်စနစ် တပ်ဆင်နိုင် ♫

http://www.greercpw.com/wp-content/uploads/2011/04/shutterstock_52491649.jpg

စီးပွားရေးလုပ်ငန်းများ၊ ဟိုတယ်များ၊ အလုပ်ရုံဆွေးနွေးပွဲများ အစရှိသည့်နေရာများတွင် နိုင်ငံတကာ အဆင့်မီဝိုင်ဖိုင်စနစ် တပ်ဆင်လိုပါက ဆောင်ရွက်ပေးနေကြောင်း Frontiir ကုမ္ပဏီ၏ Vice President ဦးမင်းသိန်းကပြောသည်။

တပ်ဆင်ထားသောအင်တာနက်စနစ်နှင့် ချိတ်ဆက်ကာ ၀ိုင်ဖိုင်စနစ်အသုံးပြု၍ ရရှိအောင်ဆောင် ရွက် ခြင်းဖြစ်ကြောင်း၊ မြန်နှုန်းမြင့် Device များအသုံးပြုကာ ၀ိုင်ဖိုင်ကွန်ရက်လွှမ်းခြုံစေခြင်းဖြစ်ကြောင်း သိရသည်။ “ကျွန်တော်တို့က အင်တာနက်ဝန်ဆောင်မှုပေးတာမဟုတ်ဘူး၊ ဝိုင်ဖိုင် Access Network ပေး တာဖြစ်ပါတယ်၊ ဟိုဖက်ကရှိတဲ့အင်တာနက်နဲ့ ဝိုင်ဖိုင်ပေါင်းလိုက်တာ ဖြစ်ပါတယ်၊ ဝိုင်ဖိုင်ဆိုတာ ကတော့ ပစ္စည်းတစ်ခု တပ်လိုက်ရင်တော့ ရနေတာပေါ့။ ဒါပေမဲ့ကွန်ရက် ကောင်းကောင်းရဖို့ အတွက်တော့ စနစ် တကျလုပ်ဖို့လိုတယ် အဲအတွက်ဝန်ဆောင်မှုပေးတာဖြစ်ပါတယ်” ဟု ဦးမင်းသိန်းကပြောသည်။ တပ်ဆင် မည့်နေရာအတွက်မြန်မာ့ဆက်သွယ်ရေး၊ Red Link ၊ ရတနာပုံ စသည့်နေရာများမှ အင်တာနက်ကွန်ရက် ရှိရမည်ဖြစ်သည်။

တပ်ဆင်မည်ဆိုပါက တပ်ဆင်မယ့်နေရာ၏ Floor Plan ကိုပထမဦးဆုံးအနေဖြင့်ယူမည်ဖြစ်ပြီး Destop Survey လုပ်မည်ဖြစ်ကြောင်း၊ လိုအပ်ပါက Field Survey လုပ်မည်ဖြစ်ကြောင်း၊ ယင်းနောက် တပ်ဆင် မည့်နေရာအတွက် ပဏာမဒီဇိုင်းထွက်လာကာနောက် အဆင့်များကိုဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com