10/24/2014

♪ ကုမ္ပဏီ၏ Odin application processor ပါဝင်သော ဖုန်းသစ်ကို LG မိတ်ဆက်ရန် စီစဉ်နေ ♫

Photo: ကုမ္ပဏီ၏ Odin application processor ပါဝင်သော ဖုန်းသစ်ကို LG မိတ်ဆက်ရန် စီစဉ်နေ
=======

ကိုရီးယား၏ ဒုတိယအကြီးဆုံး ဟန်းဆက်ထုတ်လုပ်သည့် ကုမ္ပဏီ LG သည် Odin ဟုခေါ်သော ကုမ္ပဏီပိုင် application processor ပထမဦးဆုံး အသုံးပြုထားသည့် ဖုန်းသစ်တစ်မျိုးကို ယခုလကုန်တွင် မိတ်ဆက်ပေးဖွယ်ရှိကြောင်း သိရသည်။

LG ၏ Odin application processor သည် Qualcomm ၏ Snapdragon နှင့် Samsung ၏ Exynos ကဲ့သို့ပင် မိုဘိုင်းအတွက် ရည်ရွယ်ထုတ်လုပ်ထားသည့် System on a Chip (SoC) processor တစ်ခု ဖြစ်သည်။

အဆိုပါ အစီအစဉ်နှင့် နီးစပ်သူများ၏ အဆိုအရ LG သည် Odin အသုံးပြုထားသော ဖုန်းသစ်ကို ယခု ရက်သတ္တပတ်တွင် မိတ်ဆက်ရန် စီစဉ်နေကြောင်း ZDNet Korea မှ ဖော်ပြခဲ့သည်။

၎င်းဖုန်းသည် LG G3 စမတ်ဖုန်းနှင့် တူညီပြီး ဖုန်း၏အမည်မှာလည်း G3 ဆင်တူယိုးမှား ဖြစ်နိုင်ဖွယ်ရှိကြောင်း၊ သို့ရာတွင် အဆိုပါဖုန်းကို ကမ္ဘာတစ်ဝန်းသို့ တင်ပို့ ရောင်းချရန် အစီအစဉ် ရှိ၊ မရှိ မသိရှိကြောင်း ဆိုသည်။

LG က ဖန်တီးထားသည့် Odin application processor သည် ARM Coretex-A15 ပေးတွင် အခြေခံထားပြီး full HD resolution ကို ထောက်ပံ့ပေးနိုင်ကြောင်း သိရသည်။

သတင်းရင်းမြစ်များ၏ အဆိုအရ LG သည် application processor ကို ၂၀၁၂ ခုနှစ် နောက်ပိုင်းတွင် အသုံးပြုနိုင်ရန် ပြင်ဆင်ခဲ့သော်လည်း အပူလွန်ကဲခြင်းနှင့် စွမ်းအင်သုံးစွဲမှု မြင့်မားခြင်းစသည့် ပြဿနာများကြောင့် ၎င်း application processor အသုံးပြုမည့် အစီအစဉ်ကို ရွှေ့ဆိုင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် Android ၏ မိုဘိုင်း application processor ဈေးကွက်တွင် Qualcomm ၏ Snapdragon က Intel, Samsung, MediaTeck တို့နှင့်အတူ ဦးဆောင်လျက်ရှိသည်။ Apple ကလည်း ကုမ္ပဏီ၏ ထုတ်ကုန်များတွင် ကိုယ်ပိုင် A-series processor များကို အသုံးပြုထားပြီး နောက်ဆုံး မိတ်ဆက်ခဲ့သည့် ထုတ်ကုန်များတွင် A8 နှင့် A8X processor များကို ထည့်သွင်း အသုံးပြုခဲ့သည်။ Samsung သည်လည်း Exnos application processor ကို ဖန်တီးသည့် ကုမ္ပဏီအနေဖြင့် လူသိများသည်။

Ref: CNET

ကိုရီးယား၏ ဒုတိယအကြီးဆုံး ဟန်းဆက်ထုတ်လုပ်သည့် ကုမ္ပဏီ LG သည် Odin ဟုခေါ်သော ကုမ္ပဏီပိုင် application processor ပထမဦးဆုံး အသုံးပြုထားသည့် ဖုန်းသစ်တစ်မျိုးကို ယခုလကုန်တွင် မိတ်ဆက်ပေးဖွယ်ရှိကြောင်း သိရသည်။

LG ၏ Odin application processor သည် Qualcomm ၏ Snapdragon နှင့် Samsung ၏ Exynos ကဲ့သို့ပင် မိုဘိုင်းအတွက် ရည်ရွယ်ထုတ်လုပ်ထားသည့် System on a Chip (SoC) processor တစ်ခု ဖြစ်သည်။

အဆိုပါ အစီအစဉ်နှင့် နီးစပ်သူများ၏ အဆိုအရ LG သည် Odin အသုံးပြုထားသော ဖုန်းသစ်ကို ယခု ရက်သတ္တပတ်တွင် မိတ်ဆက်ရန် စီစဉ်နေကြောင်း ZDNet Korea မှ ဖော်ပြခဲ့သည်။

၎င်းဖုန်းသည် LG G3 စမတ်ဖုန်းနှင့် တူညီပြီး ဖုန်း၏အမည်မှာလည်း G3 ဆင်တူယိုးမှား ဖြစ်နိုင်ဖွယ်ရှိကြောင်း၊ သို့ရာတွင် အဆိုပါဖုန်းကို ကမ္ဘာတစ်ဝန်းသို့ တင်ပို့ ရောင်းချရန် အစီအစဉ် ရှိ၊ မရှိ မသိရှိကြောင်း ဆိုသည်။

LG က ဖန်တီးထားသည့် Odin application processor သည် ARM Coretex-A15 ပေးတွင် အခြေခံထားပြီး full HD resolution ကို ထောက်ပံ့ပေးနိုင်ကြောင်း သိရသည်။

သတင်းရင်းမြစ်များ၏ အဆိုအရ LG သည် application processor ကို ၂၀၁၂ ခုနှစ် နောက်ပိုင်းတွင် အသုံးပြုနိုင်ရန် ပြင်ဆင်ခဲ့သော်လည်း အပူလွန်ကဲခြင်းနှင့် စွမ်းအင်သုံးစွဲမှု မြင့်မားခြင်းစသည့် ပြဿနာများကြောင့် ၎င်း application processor အသုံးပြုမည့် အစီအစဉ်ကို ရွှေ့ဆိုင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် Android ၏ မိုဘိုင်း application processor ဈေးကွက်တွင် Qualcomm ၏ Snapdragon က Intel, Samsung, MediaTeck တို့နှင့်အတူ ဦးဆောင်လျက်ရှိသည်။ Apple ကလည်း ကုမ္ပဏီ၏ ထုတ်ကုန်များတွင် ကိုယ်ပိုင် A-series processor များကို အသုံးပြုထားပြီး နောက်ဆုံး မိတ်ဆက်ခဲ့သည့် ထုတ်ကုန်များတွင် A8 နှင့် A8X processor များကို ထည့်သွင်း အသုံးပြုခဲ့သည်။ Samsung သည်လည်း Exnos application processor ကို ဖန်တီးသည့် ကုမ္ပဏီအနေဖြင့် လူသိများသည်။

Ref: CNET

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com