10/23/2014

♪ Apple-1 ကွန်ပျူတာကို ဒေါ်လာ ၉၀၅,၀၀၀ ဖြင့် လေလံတင် ရောင်းချခဲ့ ♫


ပထမဦးဆုံး ထွက်ပေါ်ခဲ့သည့် Apple-1 ကွန်ပျူတာများအနက် တစ်လုံးကို ဒေါ်လာ ၉၀၅,၀၀၀ ဖြင့် လေလံ တင်ရောင်းချပြီးနောက် အဆိုပါ Apple-1 ကွန်ပျူတာသည် ဈေးအကြီးဆုံး Apple ကွန်ပျူတာ ဖြစ်လာခဲ့သည်။
ပြီးခဲ့သည့်နှစ်က Apple-1 ကို ဂျာမနီတွင် လေလံတင် ရောင်းချခဲ့ရာ ဒေါ်လာ ၆၇၂,၀၀၀ ရရှိခဲ့သည်။

Apple-1 ကွန်ပျူတာကို နယူးယောက်ခ်မြို့ရှိ Bonham ၏ သိပ္ပံပညာ ရာဇဝင် လေလံပွဲ၌ ဒေါ်လာ ၇၅၀,၀၀၀ ဖြင့် လေလံတင် ရောင်းချခဲ့ပြီးနောက် မီချီဂန်ပြည်နယ် ဒီယာဘွန်မြို့ရှိ The Henry Ford ပြ တိုက်မှ ဒေါ်လာ ၉၀၅,၀၀၀ ဖြင့် ဝယ်ယူခဲ့သည်။

“ဒီကွန်ပျူတာကို ကျွန်တော့်တို့ရဲ့ ပြတိုက်မှာ ထားရှိဖို့ နှစ်အတန်ကြာ ကတည်းက စီစဉ်ခဲ့တာပါ။ Apple-1 ကို ပိုင်ဆိုင်ရဖို့က အရမ်းအရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ စုဆောင်းထားသမျှဟာ တီထွင်ဆန်းသစ်မှု၊ တီထွင်နိုင်တဲ့ အရည်အသွေးတို့ကို ဦးစားပေးတဲ့အတွက်ကြောင့် ဖြစ်ပါတယ်” ဟု The Henry Ford ပြတိုက်မှ အကြီးအကဲဖြစ်သူ ပက်ထရစ်ရှာ မူရာဒီယန်က FoxNews.com ထံ ပြောကြား ခဲ့သည်။

အဆိုပါ Apple-1 ကွန်ပျူတာကို ရောင်းချသူမှာ AppleSiders Apple သုံးစွဲသူအဖွဲ့ကို တည်ထောက်သူ ဂျွန်အန်ဒါဆန် ဖြစ်သည်။ ပစ္စည်းပေါင်း ၂၆ သန်းကို စုဆောင်းပြသထားသည့် The Henry Ford ပြတိုက် သည် Apple-1 ကို ပြတိုက်အတွင်း ပြသသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Ref: FoxNews
Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com