10/01/2014

♪ ၁၉၉ ဒေါ်လာ တန်ဖိုးရှိ 'Stream' Laptop သစ်များကို HP မိတ်ဆက် ♫


HP သည်ဈေးနှုန်းသက်သာသော 'Stream' မော်ဒယ်လ် Windows Laptop နှင့် tablet ကွန်ပျူတာများကို မိတ်ဆက်ပေးခဲ့ကြောင်း သိရသည်။ HP အနေဖြင့် 'Stream' မော်ဒယ် laptop များကို ၁၁.၆လက်မနှင့် ၁၃.၃လက်မဟူ၍ နှစ်မျိုးထုတ်လုပ် ထားသလို ၇လက်မ Stream 7 နှင့် ၈လက်မ Stream 8 tablet ကွန်ပျူတာနှစ်လုံးကိုလည်း ဖြန့်ချိသွားမည် ဖြစ်သည်။


အဆိုပါ ထုတ်ကုန်လေးခုတွင် Microsoft ၏ OneDrive မှတစ်နှစ်အခမဲ့ပေးထားသော 1TB ပမာဏ ရှိသော cloud storage လည်းပါဝင်လာမည် ဖြစ်သည်။ ထို့အပြင် Microsoft Office 365 တစ်နှစ်အသုံးပြုခွင့် လည်းပါဝင်လာမည့်အပြင် Microsoft Store တွင်ဝယ်ယူမှုများ ပြုလုပ်နိုင်သော ၂၅ဒေါ်လာတန် gift card ကိုလည်း အခမဲ့အသုံးပြုခွင့်ရရှိမည်။ HP မှထုတ်လုပ်သည့် ယခု laptop နှင့် tablet များတွင် HP Connected Music7, HP Connected Photo8 နှင့် HP Connected Drive အပါအဝင် HP ဝန်ဆောင်မှုအများအပြားကို လည်းပါဝင်လာမည်ဖြစ်သည်။

 

HP ၏ Stream အမည်ရသည့် laptop သစ်များတွင် Intel Celeron CPU နှင့် flash storage 32GB တို့ကို အသုံးပြုထားသည်။ Stream laptop နှင့် tablet ကွန်ပျူတာကိုယ်ထည်များကို ခရမ်းနှင့် အပြာဟူ၍ နှစ်မျိုး ထုတ်လုပ်ထားသည်။ ၎င်း laptop ၏ ၁၁.၆လက်မ မော်ဒယ်တွင် HD ဗွီဒီယိုများကို ၈နာရီ ၁၅မိနစ်အထိ ကြည့်ရူနိုင်သည့် ဘက်ထရီပါဝင်ကာ ၁၃.၃လက်မ မော်ဒယ်တွင်မူ ၇နာရီ ၄၅မိနစ်အထိ အသုံးပြုနိုင်သော ဘက်ထရီကို အသုံးပြုထားသည်။ HP Stream ၁၁.၆လက်မ မော်ဒယ် laptop ကိုဒေါ်လာ ၁၉၉.၉၉ ဖြင့် ရောင်းချသွားမည်ဖြစ်ပြီး ၁၃.၃လက်မ မော်ဒယ်ကိုမူ ဒေါ်လာ ၂၉၉.၉၉ ဖြင့် ရောင်းချ သွားမည် ဖြစ်သည်။
Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>