10/02/2014

♪ LG က 4G LTE အသုံးပြုနိုင်သော စွမ်းဆောင်ရည်သင့် F60 စမတ်ဖုန်းကို ကြေညာ ♫


LG က LTE အသုံးပြုနိုင်သော စွမ်းဆောင်ရည်သင့် F60 စမတ်ဖုန်းကို ကြေညာလိုက်ပါသည်။ Quad-Core Processor နှင့် Android 4.4.2 KitKat တို့ မောင်းနှင်လည်ပတ်မည် ဖြစ်သည်။ LG ၏ စွမ်းဆောင် ချက်များ ဖြစ်သော Knock Code နှင့် Gesture Shot တို့ပါရှိပါသည်။

LG F60 တွင် ၄.၅ လက်မ IPS Display တပ်ဆင်ထားပြီး တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၂၀၇ သာရှိပါသည်။ 1.2GHz Quad-Core Snapdragon Chipset, 1GB RAM , KitKat တို့ကို အသုံးပြုထားသဖြင့် လျှင်မြန်မည် ဖြစ်သည်။ Knock Code သည် အဆင့်မြင့် Lockscreen ဖြစ်ပြီး လျှင်မြန်လွယ်ကူစွာဖြင့် Unlock ပြုလုပ်နိုင်ပါသည်။ Internal Storage အနေဖြင့် 4GB or 8GB ရွေးချယ်နိုင်ပါသည်။



LG F60 ၏ အနောက်ဘက်တွင် 5MP နှင့် မျက်နှာချင်းဆိုင်တွင် 1.3MP Camera တပ်ဆင်ထားပါသည်။ Gesture Shot က Selfie များရိုက်ကူးရာတွင် ခလုတ်များနှိပ်ရန် မလိုဘဲ လက်သီးကို ဆုပ်ပြီး ဖြန့်လိုက်သည်နှင့် အချိန် သုံးစက္ကန့် ရေတွက်ပြီး အလိုအလျှောက် ဓါတ်ပုံရိုက်ကူးပေးမည် ဖြစ်သည်။ အမှောင်ထဲ တွင် ရောက်ရှိနေချိန်တွင် မျက်နှာပြင်ကို အဖြူရောင်ပြုလုပ်ပေးခြင်းဖြင့် Flash အနေဖြင့် အသုံးပြုနိုင်ပါသည်။

ဆက်သွယ်မှုအပိုင်းတွင် 4G LTE , Bluetooth 4.0, A-GPS တို့ ပါရှိပါသည်။ 2100mAh Battery တပ်ဆင်ထား ပါသည်။ အရွယ်အစား အပြည့်အစုံမှာ 127.5 x 67.9 x 10.6mm ဖြစ်ပြီး နိုင်ငံအပေါ်မူတည်၍ အနက်နှင့် အဖြူရောင်းချပေးမည် ဖြစ်သည်။


Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>> 





www.pyaephyo.com