10/18/2014

♪ Apple က iPad Mini 3 ကို ကြေညာ ♫

Photo: Apple က iPad Mini 3 ကို ကြေညာ
====================

Apple က တတိယမျိုးဆက် iPad Mini ကို တရားဝင်ကြေညာလိုက်ပါသည်။ မျက်နှာပြင် Resolution နှင့် အရွယ်အစားမှာ  ယခင်မျိုးဆက်နှင့် တူညီပြီး ၇.၉ လက်မ 1536x2048 pixels Retina Display ဖြစ်ပါသည်။ အထူမှာ ၇.၉ လက်မဖြစ်သဖြင့် iPad Air 2 ထက် ပိုထူပါသည်။

လက်ဗွေရာ လုံခြုံရေးစနစ်နှင့် Apple Pay ပါရှိလာပါသည်။ ရွှေရောင် ရွေးချယ်နိုင်ပါသည်။ ကင်မရာသည် ယခင်မျိုးဆက်နှင့် တူညီပြီး 1080p Full HD Video များရိုက်ကူးပေးနိုင်သော 5MP iSight Camera နှင့် HD Face Time Camera တပ်ဆင်ထားပါသည်။ Apple A7 Chipset အဟောင်းကို အသုံးပြုထားသဖြင့် Cat. 4 LTE , WiFi 802.11ac တို့ကို အသုံးပြု၍ မရပါ။ 

16GB, 64GB, 128GB တို့ကို ဒေါ်လာ ၄၀၀ ၊ ၅၀၀ ၊ ၆၀၀ ဖြင့် အသီးသီး ရောင်းချမည် ဖြစ်သည်။ LTE အမျိုးအစားကို ရွေးချယ်လျှင် ဒေါ်လာ ၁၃၀ ထပ်မံ ပေးဆောင်ရမည် ဖြစ်သည်။ ငွေ၊ အညို အပြင် ရွှေရောင် အသစ်တစ်မျိုး ထုတ်လုပ်ပေးထားပါသည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 
www.pyaephyo.com