10/22/2014

♪ Android 5.0 ကို Lollipop အဖြစ် ကြေညာပြီး Nexus ထုတ်ကုန်သစ် 2 မျိုးနဲ့အတူ ပွဲထုတ်ခဲ့တဲ့ Google ♫



Google ဟာ ပြီးခဲ့တဲ့ ဇွန်လ တုန်းက Code Name “Android L” အဖြစ် စတင်ခဲ့တဲ့ Android 5.0 ကို စမ်းသပ်ကာလပြီးဆုံးတဲ့ အခုအခါမှာ “Lollipop” အဖြစ် အမည်မှည့်ခေါ်ရင်း Android 5.0 အဖြစ်တရားဝင် ပြောင်းလဲလိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။ developer preview အဖြစ် အသုံးပြုဖို့ပေးခဲ့တဲ့ ကာလာကုန်ဆုံးသွားတဲ့အခါ Android 5.0 ဟာ Google ရဲ့ device အသစ် ၂ မျိုးနဲ့အတူ ပေါ်ထွက်လာခဲ့ပြီဖြစ်ပါတယ်။ Google ရဲ့ ထုံးစံအတိုင်း Android OS အသစ်တစ်ခု ထွက်တာနဲ့ device အသစ်တစ်ခုခုကို ပွဲထုတ်လေ့ရှိတာကြောင့် ယခုအခါမှာလည်း ဘယ်စမတ်ဖုန်း ထုတ်လုပ်သူနဲ့ တွဲဖက်ပြီး မျိုးဆက်သစ် Nexus device ကို မြင်တွေ့ရမလဲလို့ စောင့်ကြည့်နေခဲ့ရာမှ မကြာသေးခင်ကမှ Moto X, Moto G မျိုးဆက်သစ် စမတ်ဖုန်းတွေ ထုတ်လုပ်ထားတဲ့ Motorola နဲ့ တွဲဖက်ပြီး Nexus 6 ကို ပွဲထုတ်လာခဲ့ပါတယ်။ ဒါတင်မကသေးဘဲ Android tablet ထုတ်လုပ်မှု အလွန်နည်းပါးနဲ့ HTC နဲ့ တွဲဖက်ပြီး Nexus 9 tablet ကိုပါ ပြသခဲ့ပါတယ်။ 7” အရွယ် tablet တုန်းက Nexus နဲ့ 10” အရွယ် tablet တုန်းက Nexus 10 ဆိုပြီး ထုတ်လုပ်ခဲ့တဲ့ Google ဟာ အခု Nexus 9 ကိုလည်း 9” အရွယ် tablet အဖြစ် ပေးထားတဲ့နာမည်အတိုင်း ဖန်တီးပေးထားခဲ့ပါတယ်။ အထူးသဖြင့် Google ရဲ့ Nexus device တွေဟာ Android OS ရဲ့ မူရင်း အနှစ်သာရ၊ စွမ်းဆောင်ရည်ကို အပြည့်အ၀ ပေးစွမ်းနိုင်ကြပြီး ဈေးကွက်ထဲမှာလည်း အလယ်အလတ်ဈေးနဲ့ ရောင်းချနိုင်တာကြောင့် ကမ္ဘာတစ်ဝှန်းက ပရိသတ်တွေအတွက် အကြိုက်တွေ့စမြဲ ဖြစ်စေခဲ့ပါတယ်။ 

Lollipop (Android 5.0)
-----------------------------

Google ကတော့ Android 5.0 ကို Lollipop ဆိုတဲ့ နာမည်အတိုင်း Android ရဲ့ချိုမြိန်မှု အနှစ်သာရချည်း ကိုသာ တွေ့မြင်ရတော့မှာဖြစ်တယ်လို့ ဆိုထားပါတယ်။ beta အဖြစ်ထွက်ရှိခဲ့တဲ့ Android L ရဲ့ UI ကို ဒီဇိုင်းပိုင်းမှာ ပြန်လည်ပြင်ဆင်ထားပြီး notification, lock screen နဲ့ banner တွေကအစ ပြန်လည်အဆင့်မြင့်တင်ထားတာကို အပြင်ပန်းမှာတင် သိသိသာသာ တွေ့မြင်ရမှာဖြစ်ပါတယ်။ OS အတွင်းပိုင်းမှာလည်း ဘက်ထရီအသုံးပြုမှုနဲ့ စွမ်းဆောင်ရည်ကို အတွင်းကျကျ ထိန်းချုပ်လာနိုင်ပြီး cross device ချိတ်ဆက်မှုကိုလည်း ပြုလုပ်လာနိုင်တော့မှာဖြစ်ပါတယ်။ အရင်တုန်းက notification bar မှာ ပြည့်နှက် နေတဲ့ noti တွေဟာ အခုအခါမှာ ကတ်ကလေးတွေ ထပ်ပြီးစီထားတဲ့ပုံစံမျိုးအဖြစ် တွေ့မြင်ရတော့မှာဖြစ်ပါ တယ်။ အရွယ်အစား မျက်နှာပြင် အကြီးအသေးအလိုက် အလိုလျောက် ချိန်ညှိမှုဟာ ပိုမိုအဆင်ပြေလာမှာ ဖြစ်ပြီး သတင်းအချက်အလက်တွေကို ဖုန်း ၊ tablet ၊ TV ၊ နာရီ အစရှိတဲ့ နီးစပ်ရာကနေ အလွယ်တကူ ရယူ တုန့်ပြန်နိုင်တော့မှာဖြစ်ပါတယ်။ တစ်ကိုယ်ရေ လွတ်လပ်ခွင့်ကို ထိပါးစေမယ့် notification တွေကို လိုအပ်သလို စိတ်ကြိုက် ချိန်ညှိနိုင်သလို ကန့်သတ်မှုတွေကိုလည်း အတိအကျ ပြုလုပ်ထားနိုင်ပါလိမ့်မယ်။ ပုံမှန်ထက် မိနစ် ၉၀ နီးပါး ပိုမိုအသုံးခံအောင် ပြုလုပ်နိုင်မယ့် ဘက်ထရီချွေတာမှုစနစ်လည်း ပါဝင်လာမှာဖြစ်ပြီး ဘက်ထရီအားပြန်သွားတဲ့အခါမှာလည်း အားပြည့်ဖို့ အချိန်ဘယ်လောက်လိုသေးတယ်ဆိုတဲ့ တွက်ချက်မှုမျိုး ပါဝင်လာမှာဖြစ်ပါတယ်။ လုံခြုံရေးဆိုင်ရာ အစီအမံအဖြစ် Smart Lock ဆိုတဲ့လုပ်ဆောင်ချက်ပါဝင်လာပြီး ကိုယ့်ရဲ့ device ကို အခြားသူတွေ အသုံးပြုဖို့ guest mode ဖြစ်စေ၊ သီးသန့် account တစ်ခုဖြစ်စေ ခွဲခြားပေး သည့်တိုင်အောင် ကိုယ်ရဲ့ တစ်ကိုယ်ရေအသုံးပြုမှုကို မထိခိုက်အောင် ကာကွယ်ထားနိုင်မှာဖြစ်ပါတယ်။



Nexus 6
================
Google ဟာ Nexus စမတ်ဖုန်းတွေကို နာမည်ကြီး စမတ်ဖုန်းထုတ်လုပ်သူတွေနဲ့ ပူးပေါင်းထုတ်လုပ်ပေမယ့် သူတို့ရဲ့ ကိုယ်ပိုင် စမတ်ဖုန်းတွေရဲ့ ဟန်ပန်တွေ မပါဝင်ဘဲ Nexus Device အဖြစ် သီးသန့်ပုံပေါ်နေစေဖို့ အထူး အလေးထားခဲ့ပါတယ်။ ဒါကြောင့် ယခု Nexus 6 ဟာ Motorola နဲ့ ပူးတွဲထုတ်လုပ်ခဲ့ပေမယ့် မျိုးဆက်သစ် Motorola စမတ်ဖုန်းတွေရဲ့ ပုံစံနဲ့ မတူညီဘဲ သီးသန့်စမတ်ဖုန်းတစ်လုံး အဖြစ်ပေါ်လွင်နေပါတယ်။ 6” အရွယ် Quad HD မျက်နှာပြင်နဲ့အတူ 1440x 2560p (493 ppi)အရည်အသွေးရှိပါတယ်။ ဒါပေမဲ့ အလေးချိန်ကတော့ 184 g သာ ရှိပြီး ရေစိုဒဏ်လည်း ခံနိုင်စွမ်းရှိမှာဖြစ်ပါတယ်။ ရှေ့ဘက် မျက်နှာပြင်မှာ dual-facing speaker ပါဝင်တာကြောင့် ကြည်လင်ကောင်းမွန်တဲ့ အသံစနစ်ကိုလည်း ပေးစွမ်းနိုင်စေပါလိမ့်မယ်။ စွမ်းဆောင်ရည်ပိုင်း အတွက် Snapdragon 805, Krait 450 quad-core 2.7 GHz CPU နဲ့ Ram 3GB ပါဝင်တဲ့အတွက် လက်ရှိ ထိပ်တန်းစမတ်ဖုန်းတွေထက် သာလွန်တဲ့အမြန်နှုန်း ရရှိစေမှာဖြစ်ပါတယ်။ ပြောင်းလဲလိုက်တဲ့ OS အသစ်ရဲ့ multi-tasking စနစ်ကလည်း ဖုန်းရဲ့စွမ်းဆောင်ရည်ကို ပိုမိုချောမွေ့စေတဲ့အပြင် Adreno 420 GPU ကလည်း တောက်ပရွှန်းစိုတဲ့ ပုံရိပ်စနစ်ကို ပေးစွမ်းနိုင်ပါတယ်။ အနောက်ဘက် ကင်မရာ 13 MP နဲ့ အရှေ့ဘက် ကင်မရာ 2 MP ပါဝင်ပြီး 4K video အဖြစ် ရိုက်ကူးအသုံးပြုနိုင်ပါလိမ့်မယ်။ အားသွင်းစနစ်အတွက် Android 5.0 မှာ ပိုမို စွမ်းဆောင်လာနိုင်တာကြောင့် 15 မိနစ် အားသွင်းရုံနဲ့ 6 နာရီကြာ ဆက်တိုက်အသုံးပြုနိုင်ပြီး ဘက်ထရီ ခံနိုင်စွမ်းကလည်း 3320 mAh အထိ ပါဝင်မှာဖြစ်ပါတယ်။ တစ်ရက်တာ အသုံးပြုမှုအတွက်တော့ အပြည့်အ၀ အားသွင်းထားရမှာဖြစ်ပါတယ်။

OS
Android™ 5.0, ®
Screen
5.96” 2560x1440 QHD AMOLED display (493 ppi)
16:9 aspect ratio
Gorilla Glass 3
Rear Camera
13MP with optical image stabilization
Dual LED ring flash
f/2.0 aperture
4K video capture at 30fps
Front Camera
2MP
HD Video Conferencing
Size
82.98mm x 159.26mm x 10.06mm
Weight
184g
Color
Midnight Blue, Cloud White
Network
North America:
GSM: 850/900/1800/1900MHz
CDMA Band Class: 0/1/10
WCDMA Bands: 1/2/4/5/8
LTE Bands: 2/3/4/5/7/12/13/17/25/26/29/41
CA DL Bands: B2-B13, B2-B17, B2-29, B4-B5, B4-B13, B4-B17, B4-B29

Rest of World:
GSM: 850/900/1800/1900MHz
CDMA: not supported
WCDMA Bands: 1/2/4/5/6/8/9/19
LTE Bands: 1/3/5/7/8/9/19/20/28/41
CA DL: B3-B5, B3-B8
Audio Output
Dual front-facing speakers
CPU
Quad core Krait 450 CPU 2.7GHz (Qualcomm Snapdragon 805 SOC)
GPU
Adreno 420
Wireless
802.11ac 2x2 (MIMO)
Bluetooth 4.1
NFC
Memory
32GB & 64GB
Ports
Micro USB 2.0
Nano SIM
3.5mm audio
Sensors
GPS
Accelerometer
Gyroscope
Magnetometer
Ambient light sensor
Barometer
Battery**
3220mAh
Standby time (Ambient Display on ) up to 250 hours
Standby time (Ambient Display off) up to 330 hours
Internet use time (Wi-Fi) up to 9.5 hours
Internet use time (LTE) up to 10 hours
Talk time up to 24 hours
Video playback up to 10 hours

Nexus 9
================
Google ဟာ ဒီတစ်ခါမှာတော့ Nexus 9 Tablet အဖြစ် ထုတ်လုပ်ဖို့အတွက် HTC ကို ရွေးချယ်လိုက်ပါတယ်။ ဒီသတင်းဟာ တရားဝင်မထွက်ရှိခင်ကတည်းက ပေါက်ကြားခဲ့တဲ့ သတင်းတစ်ပုဒ်ဖြစ်ပြီး အသေးစိတ်အချက်တွေတော့ မပါဝင်ခဲ့ပါဘူး။ Tablet မထုတ်လုပ်တာ ကြာပြီဖြစ်တဲ့ HTC ကို ရွေးချယ်ရတဲ့ အကြောင်းအရင်းလည်း Google မှာ ရှိနေပါတယ်။ HTC ဟာလည်း ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကမှ အရှေ့/အနောက် 13 MP အရည်အသွေးပါဝင်တဲ့ Selfie စမတ်ဖုန်း Desire Eye ကို ထုတ်လုပ်ထားခဲ့ပြီး စမတ်ဖုန်း ပရိသတ်တွေကို လှုပ်လှုပ်ရှားရှားဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ Tablet ရဲ့ ဒီဇိုင်းဟာ အရင်ထွက်ရှိခဲ့ပြီးသား Nexus tablet တွေနဲ့ လုံးဝ ကွဲပြားသွားခဲ့ပြီး ကျစ်လစ်ပါးလွှာကာ အကြမ်းခံတဲ့ ပုံစံမျိုး အဖြစ် တည်ဆောက်ထားပါတယ်။ ဈေးကွက်ထဲမှာ Android Tablet တွေဟာ 7”, 8” , 10” အစရှိသည်ဖြင့် အစုံအလင် ရှိနေပေမယ့် Google က Nexus 9 ဟာ လက်ထဲမှာ ကိုင်လို့အကောင်းဆုံးအနေအထား 8.9” အဖြစ် ဖန်တီးလိုက်တယ်လို့ ဆိုပါတယ်။ အသံစနစ်ကိုတော့ HTC ရဲ့ front-facint BoomSound Speaker တွေက အကောင်းဆုံးဖြစ်အောင် အထောက်အပံ့ပေးထားမှာဖြစ်ပါတယ်။ Nexus 9 မှာ လုံးဝ ထင်မှတ်မထားတဲ့ အပြောင်းအလဲတစ်ခုကတော့ SoC လို့ခေါ်တဲ့ စနစ်တစ်ခုလုံးအတွက် အရေးပါတဲ့ System on Chip ရဲ့ အပြောင်းအလဲပါပဲ။ အလွန်စွမ်းဆောင်ရည်ကောင်းမွန်ပြီး နည်းပညာအဆင့်မြင့်တဲ့ Nvidia ရဲ့ 64-bit Tegra K1 နဲ့အတူ Dual Denver 2.3 GHz ကို အသုံးပြုထားတဲ့အတွက် Nexus 9 ရဲ့ စွမ်းဆောင်ရည်ဟာ ရှိသမျှအရာအားလုံးကို ကျော်တက်သွားနိုင်ပါတယ်။ Tegra K1 ရဲ့ GPU ဟာ 192-core Kepler GPU နည်းပညာဖြစ်တဲ့အတွက် မိုဘိုင်းဂိမ်းလောကဟာ Nexus 9 ပေါ်မူတည်ပြီး အပြောင်းအလဲများစွာ ဖြစ်ပေါ်လာနိုင်ပါတယ်။ RAM 2GB နဲ့ သိမ်းဆည်းမှုပမာဏ 16/32 သာ ထည့်သွင်းပေးထားပေမယ့် Quad-band GSM, MIMO, NFC အစရှိတဲ့ နောက်ဆုံးပေါ် ချိတ်ဆက်မှုနည်းပညာတွေ အပြည့်အစုံ ပါဝင်လာခဲ့ပါတယ်။

Specs
Size
153.68mm x 228.25mm x 7.95mm
Weight
425g (Wi-Fi), 436g (LTE)
Color
Indigo Black, Lunar White, Sand
Battery & Charging*
6700 mAh
Wi-Fi Browsing: Up to 9.5 hours
LTE Browsing: Up to 8.5 hours
Video Playback: Up to 9.5 hours
Wi-Fi Standby: Up to 30 days
LTE Standby: Up to 30 days
Display
8.9" IPS LCD
4:3 aspect ratio
QXGA (2048x1536)
Gorilla Glass 3
Double tap to wake
CPU
64-bit NVIDIA Tegra K1 Dual Denver @ 2.3GHz
GPU
192-core Kepler GPU
Memory
2GB RAM
16GB & 32GB storage
Telephony
Quad-band GSM, CDMA, Penta-band HSPA, LTE
Wireless
802.11ac 2x2 (MIMO)
NFC Bluetooth 4.1
Camera
8MP Rear camera
f/2.4 aperture
Auto-focus, LED flash

1.6MP Front camera
f/2.4 aperture
Sensors
GPS
Ambient light sensor
Gyroscope
Accelerometer
Magnetometer
Ports & Connections
Micro-USB 2.0
3.5mm audio
Dual front-facing speakers with HTC BoomSoundTM
Dual microphones

TechSpace Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com