8/17/2014

♪ Lenovo စမတ်ဖုန်း ရောင်းအား ၂၃ ရာခိုင်နှုန်းအထိ တိုးမြင့်လာ ♫

ကမ္ဘာ့အကြီးဆုံး တစ်ကိုယ်ရေသုံးကွန်ပျူတာ ထုတ် လုပ်သည့် လီနိုဗိုကုမ္ပဏီသည် မိုဘိုင်းဖုန်းနည်းပညာအတွင်း အဓိကကုမ္ပဏီ တစ်ခုဖြစ်လာရေး မည်မျှလျင်မြန်စွာ အသွင်ပြောင်းနိုင်ကြောင်း ပြသလိုက်သည့်စမတ်ဖုန်းများ ရောင်းအားမြင့်တက်လာသဖြင့် ပထမသုံးလပတ်ကာလအတွင်း မျှော်လင့် ထားသည်ထက်ကျော်၍ အမြတ်ငွေ ၂၃ ရာခိုင်နှုန်း တိုးတက်ရရှိ ခဲ့ကြောင်း တရုတ်နိုင်ငံမှ လီနိုဗိုကုမ္ပဏီက ပြောသည်။
ယမန်နှစ် ဒုတိယသုံးလပတ်  ကာလအတွင်း အသားတင်ဝင်ငွေကန်ဒေါ်လာ ၁၇၄ သန်းရှိခဲ့ရာမှ ယခုနှစ် ယင်းကာလအတွင်း ၀င်ငွေကန်ဒေါ်လာ ၂၁၄ သန်းသို့ မြင့်တက်လာခဲ့ကြောင်း ဘေဂျင်းမြို့ အခြေစိုက်လီနိုဗိုကုမ္ပဏီက ကြေညာသည်။ ယင်းကာလ အတွင်း အသားတင်ဝင်ငွေကန်ဒေါ် လာ ၂၀၂ သန်းသာရှိမည်ဟု ယခင်လကခန့်မှန်းထားခဲ့ကြောင်း သိရသည်။
ရောင်းအားကျဆင်းလာသော တစ်ကိုယ်ရေသုံး ကွန်ပျူ တာဈေးကွက်ကို ရှောင်ရှားရေး ၎င်းတို့၏ မဟာဗျူဟာကို အရှိန် မြှင့်ဆောင် ရွက်ကာ လီနိုဗိုကုမ္ပဏီက ယခုနှစ်အတွင်း ကန်ဒေါ် လာ ၅ ဘီလီယံတန်ဖိုးရှိ သဘောတူညီမှုအတွင်း မိုတိုရိုလာ မိုဘိုင်းဖုန်း လုပ်ငန်းနှင့် အိုင်ဘီအမ်ကုမ္ပဏီ၏ ဆာဗာလုပ်ငန်းကို ၀ယ်ယူရန်သဘောတူခဲ့သည်။
တရုတ်နိုင်ငံအပြင်ဘက်တွင် စမတ်ဖုန်းရောင်းအားပိုကောင်းလာနိုင်သည့် အလားအလာရှိသည်ဟု လီနိုဗိုကုမ္ပဏီ အမှုဆောင် အရာရှိချုပ်ယန်ယွန်ကျင်းက ပြောသည်။ တရုတ်နိုင်ငံတွင် ရောင်းအားမြင့်တက်လာမှုနှင့်အတူ တစ်ကမ္ဘာလုံး စမတ်ဖုန်း တင်ပို့ရောင်းချမှု ၃၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်ဟု လီနိုဗို ကုမ္ပဏီကကြေညာသည်။
လီနိုဗိုကုမ္ပဏီသည် ပြီးခဲ့သည့်နှစ်က တောင်ကိုရီးယား နိုင်ငံ အခြေစိုက်ဆမ်ဆောင်းကုမ္ပဏီကို ယှဉ်ပြိုင်အနိုင်ယူခဲ့ပြီး တရုတ်နိုင်ငံ တွင် စမတ်ဖုန်းရောင်းအား အကောင်းဆုံးကုမ္ပဏီ ဖြစ်လာခဲ့သည်။
သို့သော် လီနိုဗိုကုမ္ပဏီ၏ စမတ်ဖုန်းရောင်းအား ပမာဏ နောက်တွင် Xiaomi ကုမ္ပဏီကဲ့သို့ ပြည်တွင်းပြိုင်ဘက် ကုမ္ပဏီ များကနောက်မှကပ်လိုက်နေကြသည်။
တရုတ်နိုင်ငံရှိ ပြိုင်ဘက် ကုမ္ပဏီများကို အနိုင်ယူရန် ကြိုး စားခြင်းထက် ပင်လယ်ရပ်ခြားရှိ အမြတ်ထွက်နိုင်မည့် ဈေးကွက် များကို လီနိုဗိုကုမ္ပဏီက ဦးစားပေးပစ်မှတ်ထားသွားမည်ဟု လီနိုဗိုအမှုဆောင် အရာရှိချုပ် မစ္စတာယန်က ပြောသည်။
-Reuters


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>