8/29/2014

♪ Acer က Liquid Jade စမတ်ဖုန်းနှင့် Liquid Leap စမတ်လက်ပတ်ကို ပြသ ♫


Acer က ဘာလင်တွင် ကျင်းပမည့် IFA Consumer Electronics Trade Show တွင် ပြသမည့် ထုတ်ကုန် အသစ်များကို ကြိုတင် ပြသလိုက်ပါသည်။

Acer Liquid Leapband စမတ်လက်ပတ်တွင် တစ်လက်မအရွယ် ထိတွေ့မျက်နှာပြင် တပ်ဆင်ထားပြီး ကွေး ညွှတ်နိုင်ရန် ရာဘာလက်ပတ်ကြိုးကို တပ်ဆင်ထားပါသည်။ ယောင်္ကျားများသာမက မိန်းမများပါ ၀တ်ဆင်နိုင် ရန် ဒီဇိုင်းထုတ်လုပ်ထားပါသည်။ စမတ်လက်ပတ်သည် အသုံးပြုသူ၏ ခြေလှမ်းများ၊ လမ်းလျှောက်သည့် အကွာအဝေး၊ လောင်ကျွမ်းသော ကယ်လိုရီ ပမာဏနှင့် အိပ်စက်ချိန်များကို တိုင်းတာပေးနိုင်ပါ သည်။ ရေစိုခံပြီး စမတ်ဖုန်းနှင့် ချိတ်ဆက်နိုင်သည့်အတွက် စမတ်ဖုန်းမှ သီချင်းများကို ထိန်းချုပ်နိုင်ပါသည်။ ဘက်ထရီ သက်တမ်းမှာ ခုနစ်ရက်ကြာ အသုံးခံပါသည်။ Bluetooth 4.0 ဆက်သွယ်မှုကို အသုံးပြုထားပါ သည်။ အဖြူ၊ အစိမ်း၊ အနက်၊ လိမ္မော်နှင့် ပန်းရောင်များ ထုတ်လုပ်ပေးထားပါသည်။ စတာလင်ပေါင် ၇၉.၉၉ ဖြင့်ရောင်းချမည် ဖြစ်သည်။

Acer Liquid Jade စမတ်ဖုန်းတွင် ငါးလက်မ မျက်နှာပြင်တပ်ဆင်ထားပြီး စွမ်းဆောင်ရည်သင့် စမတ်ဖုန်း ဖြစ်ပါသည်။ ၇.၅ မီလီမီတာ အထူရှိပြီး မျက်နှာပြင်၏ Resolution မှာ HD အရည်အသွေးရှိသော IPS LCD ဖြစ်ပါသည်။ အနောက်ဘက်တွင် 13 Megapixel Camera နှင့် မျက်နှာချင်းဆိုင်တွင် 2 Megapixel Camera တပ်ဆင်ထားပါသည်။ Quad-Core 1.3GHz Processor, 1GB RAM, 8GB Internal Storage ပါရှိပါသည်။ Internal Storage မှာ ရောင်းချသည့်နိုင်ငံအပေါ်မူတည်ပြီး ကွဲပြားမည် ဖြစ်သည်။ 


2100mAh Battery ပါသော်လည်း အသေတပ်ထားပါသည်။ Android 4.4 KitKat ကို မောင်းနှင်လည် ပတ်မည် ဖြစ်သည်။ 3G စမတ်ဖုန်း ဖြစ်ပြီး 4G ကို အသုံးပြု၍မရဟု သိရပါသည်။

အစိမ်း၊အဖြူ၊ အနက်၊ ပန်းရောင်များ ထုတ်လုပ်ပေးထားပြီး ဈေးနှုန်းကို ကြေညာခြင်း မရှိသေးဟု သိရပါသည်။



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>