8/27/2014

♪ 4G LTE သုံးနိုင်သည့် HTC Desire 510 ကို ကြေညာ ♫


HTC က Desire 510 စမတ်ဖုန်းကို ကြေညာလိုက်ပြီး စွမ်းဆောင်ရည်သင့် စမတ်ဖုန်းဖြစ်ပါသည်။ သို့သော် ထူးခြားချက်မှာ 4G LTE ကို အသုံးပြုနိုင်မည် ဖြစ်သည်။

HTC Desire 510 တွင် 1.2GHz Quad-Core CPU တပ်ဆင်ထားသော Qualcomm Snapdragon 410 Chipset ကို တပ်ဆင်ထားပါသည်။ 1GB RAM, 8GB Internal Storage နှင့် MicroSD Card အသုံးပြုနိုင်ပါသည်။
၎.၇ လက်မအရွယ် FWVGA Display တပ်ဆင်ထားပါသည်။ အနောက်ဘက်တွင် 5 Megapixel Camera နှင့် မျက်နှာချင်းဆိုင်တွင် VGA Camera ပါရှိပါသည်။ HTC Desire 510 တွင် Android 4.4 KitKat နှင့် HTC ၏ Sense UI တို့ကို ပူးတွဲ အသုံးပြုထားပါသည်။

အရွယ်အစား အပြည့်အစုံမှာ 139.9 x 69.8 x 9.99 mm ဖြစ်ပြီး အလေးချိန်မှာ ၁၅၈ ဂရမ် ဖြစ်ပါသည်။ 2100mAh Battery တပ်ဆင်ထားပါသည်။ Desire 510 ကို ဥရောပ ၊ အာရှ နှင့် အမေရိကန်ရှိ Carrier အချို့တွင် ရောင်းချမည် ဖြစ်သည်။ ဈေးနှုန်းကို ကြေညာခြင်း မရှိသော်လည်း Desire 510 သည် တန်ဖိုးနည်း စမတ်ဖုန်း ဖြစ်ပါသည်။


Myanmar Digital Life Journal



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>