8/17/2014

♪ ဆဲလ်ဖုန်းများ Unlock လုပ်ခွင့်ရမည် ♫

နည်းပညာသစ်၊ ပစ္စည်းသစ်များ ထုတ်လုပ်လာ ချိန်တွင် ယင်းပစ္စည်းကို မူပိုင်မှတ်ပုံတင်ပြီး တီ ထွင်သူကို အကာအကွယ်ပေး လာကြသည်။ ယင်းမှတစ်ဆင့် မူပိုင်ခွင့်များကို မည်မျှအထိအခွင့်အရေး ပေးမည်၊ အလားတူတီထွင်သူများက မည်သို့ဆက်လက် လုပ်ပိုင်ခွင့်ရှိမည်ဆိုသည့်အချက်များကို နိုင်ငံတကာ ဥပဒေ ပြဋ္ဌာန်းချက်များဖြင့် သတ်မှတ်လာသည်။
သို့ရာတွင် လူမှုရေးအသုံးအဆောင်တစ်ခုအဖြစ် အလျင်အမြန်ဖွံ့ဖြိုးလာသည့် ဆဲလ်ဖုန်းများကို တီထွင်ရောင်း ချသူများက ချုပ်ကိုင်မှု များလွန်းသည်ဟု ယူဆလာကြသည်။ ယင်းဖုန်းကို စားသုံးသူက ဝယ်ယူသော်လည်း အခြားဝန် ဆောင်မှုပေးသူများနှင့် အသုံး မပြုနိုင်ရန် ဖုန်းကုမ္ပဏီများက ပိတ်ပင်ထားကြသည်။
‘‘ဒီမှာ iPhone 4S ဝယ်သွားတယ်။ မြန်မာပြည် ရောက်တော့ Unlock လုပ်လို့မရတာနဲ့ သုံးလို့ မရတော့ဘူး။ ကျွန်တော်တို့ကလည်း ဘယ်ဖုန်းက Unlock လုပ်လို့ရတယ်၊ မရဘူးဆိုတာ မသိတော့ ဒုက္ခရောက်သွားတာပေါ့’’
မြန်မာနိုင်ငံသို့အပြန်တွင် iPhone 4S ဝယ်သွားခဲ့သူ ကိုတင်စိုးက ပြောပြနေခြင်းဖြစ်သည်။
သူ့လိုပင် ပြည်ပသို့ ဝယ်သွားသူအတွက်သာမက အမေရိကန်နိုင်ငံတွင် ဖုန်းဝယ်ယူသူများကလည်း မိမိလိုချင် သောဖုန်းလိုင်း ဝန်ဆောင်မှုကို လွတ်လွတ်လပ်လပ် ရွေးချယ် နိုင်ခြင်းမရှိကြပါ။ ဖုန်းတစ်လုံးကို ကုမ္ပဏီမှဝယ်ယူလိုက် ပြီးလျှင် ယင်းတို့ သတ်မှတ်ထားသည့် ဝန်ဆောင်မှုကိုသာ အသုံးပြုနိုင်သဖြင့် မိမိနှစ်သက်သည်ဖြစ်စေ၊ မနှစ်သက် သည်ဖြစ်စေ ယင်းဝန်ဆောင်မှုကို လက်ခံအသုံးပြုနေရ သည်။ ဖုန်း၏အာမခံကို အပျက်ခံပြီး ဂျေးဘရိတ်လုပ်ကြသူ အများအပြားရှိသော်လည်း မိမိက အာမခံဆုံးရှုံး သွားသဖြင့် စားသုံးသူဘက်ကနစ်နာရသည်။ ယင်းအတွက် စားသုံးသူ တို့၏ ရွေးချယ်ပိုင်ခွင့်ကို အကာအကွယ်ပေးနိုင်ရန် အစိုးရ က ပါဝင်ဆုံးဖြတ်လာသည်။
အမေရိကန်လွှတ်တော်က ဆဲလ်ဖုန်းကို Unlock ပြုလုပ်ခြင်းသည် တရားဝင်သည်ဟု အသိအမှတ်ပြုလိုက်ပြီး သီတင်းတစ်ပတ် အကြာ ဇူလိုင်၂၅ ရက်တွင် အောက်လွှတ် တော်ကလည်း တညီတညွတ်တည်း သဘောတူလိုက်ကြ သည်။
အမှန်မှာ ၂၀၁၀ ပြည့်နှစ် ကတည်းကပင် ဖုန်းဝယ်ယူသူ များက ၎င်းတို့ကို ဝန်ဆောင်မှု ကုမ္ပဏီပြောင်းခွင့် (သို့မဟုတ်) Unlock လုပ်ခြင်း မူပိုင်ခွင့်ကို ချိုး ဖောက်သည့်သဘော မသက် ရောက်ဘဲ လုပ်ခွင့်ရှိကြောင်း မူကြမ်းတင်ပြခဲ့သည်။ ယင်းပြ ဋ္ဌာန်းချက် သက်တမ်းကုန်သည့် ယခုအချိန်တွင် အထက်နှင့် အောက်လွှတ်တော်တို့က  တညီ တညွတ်တည်းအတည်ပြုလိုက် ခြင်းဖြစ်သည်။ အခြားကြိုးမဲ့ဆက် သွယ်ရေးကိရိယာများဖြစ်သည့် Tablet လို ပစ္စည်းမျိုးကို Unlock လုပ်ခွင့်ပြုရေး၊ မပြုရေးအတွက် ကမူ စဉ်းစားနေ ဆဲအဆင့်မှာ ပင်ရှိနေသေးသည်။ ယင်းကဲ့သို့ ဆဲလ်ဖုန်းကို Unlock တရားဝင် ခွင့်ပြုရန်  လူပေါင်းတစ်သိန်းက စုပေါင်းလက် မှတ်ရေးထိုးကာ ပြီးခဲ့သည့်နှစ်က စတင်တောင်းဆို ခဲ့ခြင်းဖြစ်သည်။
အမေရိကန်လွှတ်တော်နှစ် ရပ်စလုံးက သဘောတူပြီးဖြစ်၍ မကြာမီသမ္မတကလက်မှတ်ရေး ထိုးအတည်ပြုလျှင် ဥပဒေ အဖြစ် ပြဋ္ဌာန်းနိုင်တော့မည်။ မူပိုင်ခွင့်ကို လေးစားသည့် တစ်ပြိုင်နက် တည်းမှာပင်  စားသုံးသူအခွင့် အရေးကို ပထမဦးစားပေးကာ ကွယ်ရမည်ဟု ဆီးနိတ်လွှတ်တော်တရားရေးကော်မတီဥက္ကဋ္ဌပက်ထရစ်လေဟီကပြောသည်။
‘‘အောက်လွှတ်တော်က ဒီလောက်မြန်မြန်တုံ့ပြန်တာကို အင်မတန်ကျေးဇူးတင်တယ်။ ဆီး နိတ်အထက်လွှတ်တော်ကတော့ ပြီးခဲ့တဲ့ သီတင်းပတ်က အတည် ပြုခဲ့တာပါ။ စားသုံးသူတွေကို ကျွန်တော်တို့က ပထမဦးစားပေး ရပါမယ်။ အဲဒီနောက် ဆဲလ်ဖုန်း ဈေး ကွက်မှာ လုပ်ငန်းယှဉ်ပြိုင်ခွင့် ကို အားပေးနိုင်ဖို့လည်းလိုပါ တယ်’’
ဈေးကွက်ဆန်းစစ်လေ့လာ သူ မယ်လိုဒီဘာနက်ကလည်း ‘‘ဈေးကွက်စီးပွားရေးမူအရ လုပ် ငန်းတစ်ခု၊ ကုမ္ပဏီတစ်ခုတည်း က လက်ဝါးကြီးအုပ်ထားတာမျိုး မဖြစ်အောင်လုပ်တဲ့ သဘော လည်းဖြစ်ပါတယ်။ ကုမ္ပဏီကြီး တွေ၊ ငွေရှင်တွေက ငွေအင်အား နဲ့လွှမ်းမိုးထားတာမျိုးဖြစ်တတ် တယ်လေ။ အခုလိုပြဋ္ဌာန်းလိုက် ရင်တော့ ကုမ္ပဏီငယ်လေးတွေ လည်း ဝင်ပြိုင်ခွင့်ရှိလာမယ်။ စား သုံးသူကလည်း ဝန်ဆောင်မှုပို ကောင်းတဲ့၊ ဈေးချိုတဲ့ဆီကိုရွေးလို့ရသွားပြီပေါ့’’ဟု သုံးသပ်ပြောဆိုသည်။
ကမ္ဘာနှင့်အဝန်း ဆဲလ်ဖုန်း ကိုမရှိမဖြစ်လူသုံးကုန်ပစ္စည်းလို သုံးစွဲလာနေသည့် ယခုလိုအချိန် တွင် ဆဲလ်ဖုန်းဆိုင်ရာဥပဒေများက အရေးကြီး လာသည်။ အမေ ရိကန်နိုင်ငံက ပြဋ္ဌာန်း မည့် ဤဥပဒေသည် တစ်ကမ္ဘာလုံးမှ စားသုံးသူများအ တွက်သာမက ဖုန်းဝန်ဆောင်မှု များအရှိန်အဟုန်နှင့်စတင်တော့ မည့် မြန်မာနိုင်ငံအတွက်လည်း  အချိန်ကိုက် မင်္ဂလာသတင်း တစ်ရပ်ဖြစ်ပါသည်။


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>