8/27/2014

♪ အင်တာနက်အသုံးပြုနိုင်သည့် ပမာဏ 5 GB ကို သြဂုတ်လအတွင်း ထပ်မံချိတ်ဆက် ♫

http://www.rawstory.com/rs/wp-content/uploads/2013/06/Global-Computer-Internet-Network-On-Abstract-Background-on-Shutterstock.jpg
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် အင်တာနက်အသုံးပြုနိုင်သည့် ပမာဏ ( Internet Bandwidth ) 5 GB ကို ယခုလအတွင်း တိုးမြှင့်ချိတ်ဆက်နိုင်ခဲ့ကြောင်း သတင်းအချက်အလက်နှင့် နည်းပညာဌာနမှ သိရသည်။ မြန်မာနိုင်ငံ၌ အင်တာနက် အသုံးပြုနိုင်သည့် ပမာဏ 27 GB တည်ရှိခဲ့ပြီး ယခုကဲ့သို့ 5 GB ထပ်မံ တိုးမြှင့် ချိတ်ဆက်နိုင်သည့်အတွက် စုစုပေါင်း အင်တာနက် အသုံးပြုနိုင်သည့် ပမာဏသည် 32 GB အထိသို့ ရောက်ရှိလာခဲ့သည်။ အသစ် ချိတ်ဆက်နိုင်ခဲ့သည့် 5 GB သည် ထိုင်းနိုင်ငံဘက်မှ 2.5 GB ဖြစ်ပြီး တရုတ်နိုင်ငံဘက်မှ 2.5 GB ဖြစ်သည်ဟု အထက်ပါဌာနမှ သိရသည်။
“အင်တာနက်အသုံးပြုနိုင်တဲ့ ပမာဏတွေ အများကြီးရှိပြီး ဘာလို့ အင်တာနက်လိုင်းတွေ မကောင်း တာ လည်းလို့ပြောနေကြတယ်။ အပေါ်ပိုင်းအနေနဲ့ပြည်စုံနေပေမယ့်လည်းဖြန့်တဲ့အပိုင်းတွေ၊ တည်ဆောက်တဲ့ အပိုင်းတွေဘက်မှာ မပြီးသေးတာတွေ ရှိနေသေးတယ်။ တကယ်လို့ SE ME WE 3 လို လိုင်းတွေ ပျက်သွားခဲ့ရင်လည်း အသုံးပြုသူတွေ အခက်အခဲမရှိဖို့ အရန်အနေနဲ့လည်း ထားရသေးတယ်” ဟု သတင်းအချက်အလက်နှင့် နည်းပညာဌာနမှ အင်ဂျင်နီယာချုပ် ဦးမျိုးဆွေကပြောသည်။
ပြည်တွင်းမှ လက်ရှိ အင်တာနက် အသုံးပြုနေသူများအတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် အင်တာ နက် အသုံးပြုနိုင် သည့် ပမာဏ 17 GB ခန့် ခွင့်ပြုပေးထားပြီး ကျန်ရှိနေသေးသည့် အင်တာနက် အသုံးပြုနိုင်သော ပမာဏကို အရန်အနေဖြင့်သော်လည်းကောင်း၊ တိုးတက်လာမည့် အင်တာနက် အသုံးပြု သူအရေအတွက်ကို ရည်မှန်း၍သော်လည်းကောင်း ဆက်လက်ထားရှိသည်ဟု သိရသည်။ လက်ရှိအချိန်၌ ဖိုက်ဘာ အင်တာနက်လိုင်းများ ၊ ADSL အင်တာနက်လိုင်းများကို မြန်မာ့ ဆက်သွယ်ရေးမှ ရောင်း ချပေးနေသော်လည်း အင် တာနက် အသုံးပြုသူအများဆုံးမှာ မိုဘိုင်းဖုန်းလိုင်းပေါ်၌ တည်ရှိသည်ဟု ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာဝန်ကြီးဌာနမှ သိရသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် အင်တာနက် အသုံးပြုနိုင်သည့်ပမာဏကို ဆက်လက် တိုးချဲ့ သွားရန်ရှိကြောင်း၊ ၎င်းတို့အနေဖြင့် ဂျပန်ဆက်သွယ်ရေး အော်ပရေတာနှင့် လုပ်ငန်းစတင် လည်ပတ်သည့် အခါ အင်တာနက်အသုံးပြုသူ အများအပြားကို ပိုင်ဆိုင်လာမည်ဟု ယုံကြည်ထားကြောင်း မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။  မြန်မာ့နိုင်ငံမှ အဓိကအားထား အသုံးပြုသည့် SE ME WE 3 ကေဘယ်ဆက်ကြောင်းသည် မကြာခဏ ပြတ်တောက်မှုများ ဖြစ်ပေါ်နေကြောင်း ဇူလိုင်လ နှင့် သြဂုတ်လများအတွင်း အဆိုပါဆက်ကြောင်းသည် ရေအောက်၌ ပြတ်တောက်မှု ဖြစ်ပွားခဲ့သည့်အတွက် ကုန်းတွင်းနယ်စပ်ဖြတ်ကျော် ဆက်ကြောင်းများ မှတစ်ဆင့် အင်တာနက်စနစ်ကို ပြန်လည်ဖြည့် ဆည်းပေး ခဲ့ရကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သတင်းထုတ်ပြန်ခဲ့သည်။



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>