8/29/2014

♪ The Last Mobile Service and Training Centre မှ သင်တန်း အပတ်စဉ် (၃) အတွက်သင်တန်းသားများလက်ခံနေပါပြီ။ ♫


အမှန်တော့ သင်တန်းကြော်ငြာတွေကို Post အနေနဲ့တင်ပေးဖို့စိတ်ကူးမရှိပါဘူး။ အခုတင်ပေးလိုက်တာ သင်တန်းဖွင့်ပြီး ကိုယ်တိုင်စာပြန်သင်နေတဲ့ ကို Htet Zaw ကြီးက ကျွန်တော်နဲ့လည်းဘော်ဒါဖြစ်နေတာက တစ်ကြောင်း သူ့ရဲ့ အရည်အချင်းနဲ့ စေတနာပါပါစာသင်ပေးတာကို သိနေတာကတစ်ကြောင်းဖြစ်တော့ ယုံကြည်စိတ်ချစွာနဲ့ပဲ ကြော်ငြာပေးလိုက်တာပါ။ တကယ့်ကိုအကျိုးရှိပြီး တက်မြောက်မယ့်သင်တန်းကောင်း တစ်ခုဖြစ်လို့ ကြော်ငြာပေးလိုက်ရခြင်းဖြစ်ပါတယ်ဗျာ။ မိုဘိုင်းဖုန်းနဲ့ပတ်သက်ပြီး Professional တစ်ဦး အဖြစ်ရပ်တည်နိုင်မယ်လို့ ကျွန်တော်ရဲရဲကြီးအာမခံရဲပါတယ်ဗျာ။ သင်တန်းနဲ့ပတ်သက်ပြီး အောက်မှာ ဆက်လက်လေ့လာနိုင်ပါတယ်ဗျာ။

https://fbcdn-sphotos-h-a.akamaihd.net/hphotos-ak-xpf1/v/t34.0-12/10620988_10202186787020709_592762803_n.jpg?oh=7b7ee9c7e1f256ca2884fddbf9147915&oe=540198F4&__gda__=1409399424_583a193e425cd124e20fb911554b3984

 သင်တန်း နဲ့ ပတ်သတ်ပြီး အတိကျဆုံး ၊ အသေချာဆုံး အချက်အလက် များကို တစ်ချက်ချင်းစီ ရှင်းရှင်းလင်းလင်း ရေးသား တင်ပြထားတဲ့ အတွက် မိုဘိုင်းဖုန်း ပြုပြင်ခြင်း နည်းပညာ ဖြင့် အသက်မွေး ၀မ်းကြောင်း ပြုလိုသူများ အစ အဆုံး သေချာ ဖတ်ပေးစေချင်ပါတယ် ... ။
THE LAST MOBILE SERVICE AND TRAINING CENTRE မှ သင်တန်း အပတ်စဉ်(၃) အတွက် သင်တန်းသားများ စတင်လက်ခံနေပါပြီ ... ။
အပတ်စဉ် (၃) တန်းခွဲ စတင် ဖွင့်လှစ် သင်ကြားမည့် ရက်
--> 2.10.2014 ( ၂၀၁၄ ၊ ဆယ်လပိုင်း ၊ ၂ ရက်နေ့ ၊ ကြာသပတေးနေ့ )
SOFTWARE သင်တန်း ချိန်များ
--> 9:00 AM ~ 11:00 AM ( နံနက် ၉ နာရီမှ နေ့လည် ၁၁ နာရီ )
--> 12:00 PM ~ 2:00 PM ( နေ့လည် ၁၂ နာရီ မှ နေ့ခင်း ၂ နာရီ )
--> 3:00 PM ~ 5:00 PM ( ညနေ ၃ နာရီ မှ ညနေ ၅ နာရီ )
ထိ တစ်နေ့ ၂ နာရီနဲ့ တစ်ပတ် ခြောက်ရက် ( တနလာင်္ ~ စနေ )
HARDWARE သင်တန်း ချိန်များ
--> 10:00 AM ~ 2:00 PM ( နံနက် ၁၀ နာရီ မှ နေ့လည် ၂ နာရီ )
--> 3:00 PM ~ 7:00 PM ( ညနေ ၃ နာရီ မှ ညနေ ၇ နာရီ )
ထိ တစ်နေ့ ၄ နာရီနဲ့ တစ်ပတ် ခြောက်ရက် (တနလာင်္ ~ စနေ )
--> သင်တန်း ကာလ တစ်လ ခွဲ
--> သင်တန်းကြေး
~ SOFTWARE- ၂ သိန်း
~ HARDWARE - ၂ သိန်း
~ SOFTWARE + HARDWARE - ၄ သိန်း ( DISCOUNT မရှိပါ )
** စာရင်း ပေးမည့် သူများ SOFTWARE , HARDWARE တစ်မျိုးစီ အတွက် စရံငွေ ငါးသောင်း စီ ၊ နှစ်မျိုး အတွက် တစ်သိန်းကျပ် တိတိ ကို လာရောက် ပေးချေ (သို့) ဘဏ်ကနေ တစ်ဆင့် လွှဲပေးရမှာပါ ... ။
( ငွေလွှဲ ရမဲ့ ဘဏ် အကောင့်ကို ဖုန်း ဆက်ပြီး စုံစမ်းပါ ။ )
--> SOFTWARE + HARDWARE နှစ်မျိုး လုံး တက်ပါက အဆောင်အခမဲ့ပါ ။ ( တစ်မျိုးထဲ တက်ပြီး နေဖို့နေရာ အခက်အခဲ ကြောင့် သင်တန်းမှ ပေးသော အဆောင် နေထိုင်လိုသူများ အတွက် အဆောင်ခ နှစ်သောင်း ထပ်မံ ပေးသွင်းရပါမယ် ... ။ )
--> သင်တန်းပြီးမြောက်ပြီးနောက် ထွက်ရှိလာသော UPDATE FIRMWARE FILE များ ၊ နည်းပညာ အသစ်များ အတွက် လုပ်ပုံ လုပ်နည်း အသစ်များ ၊ ကိုယ်တိုင် မပြုပြင်နိုင်တော့ပဲ သင်တန်းသို့ ပြန်လာပြီး ဆရာများကို ပြုပြင်ခိုင်းသော ဖုန်းများ ၊ သင်တန်းပြီးမြောက်ပြီးနောက် ဖြစ်ပေါ်လာသော ကိစ္စ အ၀၀ တို့ အတွက် သင်တန်းသို့ ငွေကြေး တစ်ပြားတစ်ချပ်မှ ထပ်မံ ပေးဆောင်ရန် မလိုအပ်တော့ပါ ... ။
--> သင်တန်းပြီးမြောက်ပြီးနောက် အလုပ်အကိုင် တစ်နေရာ လိုချင်သူများအတွက် ဖုန်းဆိုင်များနှင့် ချိတ်ဆက်ပေးပါတယ် ... ။


--> ကိုယ်ပိုင် ဆိုင်ဖွင့်လိုသူများ အတွက် ဆိုင်တစ်ရန် ဖွင့်ရန် လိုအပ်သော မိုဘိုင်းဖုန်း လက်ကား ယူရမည့် ဆိုင်များ ၊ HARDWARE ပစ္စည်းများအတွက် SPARE PARTS ကို ဈေးနှုန်း အသက်သာဆုံးဖြင့် ၀ယ်ယူ ရရှိနိုင်မည့် ဆိုင်များကို ဆရာများ ကိုယ်တိုင် လက်တွေ့ လိုက်လံ ပြသပြီး မိမိ စိတ်ကြိုက် ရွေးချယ် ၀ယ်ယူနိုင်အောင် လည်း စီစဉ် ထားရှိပေးပါတယ် ... ။ ( သင်တန်းမှ တစ်ဆင့် အမြတ်ယူပြီး ပြန်လည် ရောင်းချခြင်းမျိုး လုံးဝ မပြုလုပ်ပါ )
--> လက်တွေ့လုပ်ငန်းခွင် တစ်ခု မှာ ရောက်နေသလို ON JOB ပုံစံ ၊ SERVICE ပုံစံ ဖြင့် သင်ကြားမှု ပေးသောကြောင့် သင်တန်းပြီးမြောက်ပြီးနောက် ON JOB TRAINING ဆိုတာမျိုး လုံးဝ မလိုအပ်တော့ပါ ... ။ ( သင်ကြားနေရင်းနှင့် တစ်ခါတည်း CUSTOMER များဖြင့် ထိတွေ့ဆက်ဆံပြီး ON JOB ပုံစံ မျိုးလည်း ဖြစ်အောင် စီစဉ်ထားရှိပါတယ် )
-> သင်ကြားမှု များ ထိရောက်မှု ရှိစေရန် နှင့် သင်တန်းသား တစ်ယောက်ချင်းစီ အား အနီးကပ် ကြီးကြပ် သင်ကြားနိုင်ရန် အတွက် SECTION တစ်ခု စီကို သင်တန်းသား (၆) ဦးစီသာ လက်ခံ သင်ကြားပေးပါတယ် ။


--> သင်တန်းသားဦးရေ ကန့်သတ်ထားတာကြောင့် အမြန်ဆုံး စာရင်းပေး အပ်နှံမှ အပတ်စဉ် (၃) အတွက် စိတ်ချရမှာပါ ... ။
** အပတ်စဉ် (၂) မမှီလိုက်သော သူများ ပါ ကျန်နေသေးတာမို့ အမြန်ဆုံး စာရင်း ပေး အပ်နှံထားမှ အပတ်စဉ်(၃) အတွက် စိတ်ချနိုင်မှာပါ .... ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
--> - SOFTWARE သင်တန်းသား များ အတွက် သပ်သပ်ရပ်ရပ် အစီအစဉ် တကျ စီစဉ်ထားသော DATA များ ကြောင့် ဖုန်း တစ်လုံး ချင်းစီ ကို လွယ်ကူစွာ SERVICE ပြုလုပ်နိုင်မှာပါ .... ။
- ဖုန်း တစ်မျိုးချင်းစီ အတွက် FOLDER တိုင်းကို သေချာ စီစဉ်ပြီး ခွဲထားခြင်း ၊ FOLDER တိုင်း အတွက်
1 . OFFICAL FIRMWARE
2 . CUSTOM FIRMWARE
3 . ROOT အစ ရှိသဖြင့် စီစဉ်ပေးထားခြင်း ကြောင့် လွယ်ကူ လျှင်မြန်စွာ ပြုပြင်စေနိုင်မှာပါ ... ။
- ဖုန်း တစ်လုံး ချင်းစီ အတွက် STEP BY STEP ပြုလုပ်နည်းများ၊ သေချာ မှတ်ထားသော TEXT FILE များကို FOLDER တိုင်းတွင် ထည့်ပေးထားခြင်း ဖြင့် အနည်းငယ် လုပ်ပုံ လုပ်နည်း ထူးခြားသော ဖုန်း များ အတွက် မိမိ ကိုယ်တိုင် သေချာ လုပ်ဆောင် တတ်စေမှာပါ ... ။
- သင်တန်း ပြီးမြောက်သွားသော သင်တန်းသား တိုင်းအတွက်လည်း နောက်ဆုံး ထွက် UPDATE FIRMWARE များကို အချိန်မရွေး သင်တန်းမှာ လာရောက် ယူနိုင်ခွင့်ကိုလည်း စီစဉ်ပေးထားသော ကြောင့် ဒေါင်းလုပ်ဆွဲ မရသော ရန်မှ ကင်းဝေးစေမှာပါ .... ။
- လက်ရှိ နောက်ဆုံး ထွက် ANDROID VERSION 4.4.4 အထိ (SONY ဖုန်းများသာ ) ကျွမ်းကျင်စွာ သင်ကြား တတ်မြောက်စေမှာပါ ... ။
- LENOVO , COOLPAD အစရှိသော ဖုန်း များ ကိုပါ တတ်ကျွမ်းသည် အထိ သင်ကြား တတ်မြောက်စေမှာပါ ... ။

https://fbcdn-sphotos-h-a.akamaihd.net/hphotos-ak-xpa1/v/t34.0-12/10637595_10202186796780953_1168611797_n.jpg?oh=82ae7d4cd0bb3f7bd2050303e31e4af5&oe=540145B0&__gda__=1409382749_d384352bde32158a97de9eef75a1289f

- ဖုန်းနှင့်ပတ်သတ်သော SOFTWARE ပိုင်းများကို လေ့လာရင်း FACEBOOK ACCOUNT ဖွင့်ခြင်း ၊ လော့ခ် ဖြည်ခြင်း အစရှိသော $$ ရနိုင်မည့် နည်းလမ်းများကိုလည်း သင်ယူ တတ်မြောက်စေမှာပါ ။ ( သင်တန်း တက်နေရင်း ဖြင့် တစ်ဖက် တစ်လမ်းမှ ၀င်ငွေ ပြန်လည် ရရှိ စေမှာပါ ။ )
- HARDWARE သင်တန်းသားများအတွက်လည်း TOUCH , LCD , SPEAKER , MIC အစ ရှိသော SPARE PARTS ပစ္စည်းများကိုလည်း ကိုယ်တိုင် ကိုယ်ကျ သွားရောက် စမ်းသပ် ၀ယ်ယူရင်း SERVICE ပြန်လုပ်မည့် သူများ ၊ ကိုယ်ပိုင် ဆိုင်ဖွင့်လိုသူများ အတွက်လည်း များစွာ အထောက်အကူ ပြုစေနိုင်မှာပါ ။


- 5 AMP SUPPLY အသုံးပြုပြီး လျှော့လမ်းကြောင်း ရှာနည်း များ ကိုလည်း လက်တွေ့ သင်ကြား တတ်မြောက် စေမှာပါ ။
- 5 AMP , 2 AMP အစရှိတဲ့ SUPPLY အမျိုးမျိုးကို သင်တန်း တွင် ထားရှိပြီး SUPPLY အမျိုးမျိုး ၊ HEAT GUN အမျိုးမျိုး ၊ စက်ပစ္စည်း အမျိုးမျိုး ကို ပုံစံ မတူစေပဲ တစ်မျိုးစီ သင်ကြား ပေးခြင်း ဖြင့် SERVICE ပြန်လည် လုပ်ကိုင်လိုသူများ အတွက် မိမိ စိတ်တိုင်းကျ HARDWARE စက်ပစ္စည်းများ ကို ၀ယ်ယူရင်း လွယ်ကူလျှင်မြန်စွာ SERVICE လုပ်ကိုင်နိုင်စေမှာပါ .... ။
- သိသင့်သိထိုက်သော စာတွေ့မှ လွဲပြီး ကျန် အချိန် များအတွက် လက်တွေ့ ပိုင်း သာ လုပ်ဆောင်ရင်း လျှင်မြန်စွာ သင်ကြား တတ်မြောက်စေမှာပါ .... ။
- သင်တန်းသားတိုင်း အတွက် သင်တန်း တက်ရောက်နေစဉ် အချိန်အတွင်း ဆိုင်သို့ လာသော CUSTOMER များနှင့် တိုက်ရိုက် ထိတွေ့ ပြောဆို ဆက်ဆံ စေခြင်းဖြင့် ကောင်းမွန်သော CUSTOMER RELATIONSHIP ကိုလည်း ရရှိစေမှာပါ .... ။
- မိသားစု ပုံစံ စာသင်ကြားခြင်း ၊ ဆရာ နှင့် တပည့် ညီအစ်ကို သူငယ်ချင်း ပုံစံ အပြန်အလှန် ဆွေးနွေးရင်း စာသင်ကြားခြင်းကြောင့် ဆရာများနှင့် ရင်းနှီးစွာ ဆက်ဆံ နိုင်ရုံမက သူငယ်ချင်း ကောင်းများ ကိုလည်း ရရှိစေနိုင်မှာပါ ။
အထက်ပါ အတိုင်း သင်ကြားမှု ပုံစံများ ၊ ၀န်ဆောင်မှု ကောင်းများစွာဖြင့် စနစ်တကျ သင်ကြားပေးခြင်း ၊ နည်းစနစ် မှန်ကန်စွာ သင်ယူ တတ်မြောက် စေခြင်း တို့ ကြောင့် သင်တန်း ပြီးဆုံး သွားပြီးနောက် SOFTWARE , HARDWARE TECHNICIAN တစ်ယောက်အဖြစ် မိမိ ကိုယ်မိမိ ယုံကြည်မှု ခိုင်မာစွာ ရပ်တည် သွားစေနိုင်မှာပါ ..... ။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
( လက်ရှိ သင်တန်းသားများအား သင်ကြားပို့ချ နေမှုများကို လာရောက် လေ့လာခြင်းကို လည်း နွေးထွေးစွာ ကြိုဆိုပါတယ်.. ။ လာရောက် လေ့လာ ကြည့်ရှုပြီး ယုံကြည်နိုင်လောက်သော သင်ကြားမှု ပုံစံမျိုး ရှိမှသာ သင်တန်း အပ်နှံ နိုင်ပါတယ် ခင်ဗျာ .... )
အသေးစိတ် သိရှိလိုပါ က
တိုက် (၁) ၊ အခန်း (၀၀၃) ၊ ပါရမီအိမ်ရာ ၊ (၁၆) ရပ်ကွက် ၊ လှိုင်မြို့နယ် ၊ ရန်ကုန် - အင်းစိန် လမ်းမကြီးနှင့် ပါရမီလမ်း ထောင့် ၊ ပါရမီ မီးပွိုင့်အနီး
အချိန်ပေးနိုင်သော သူများ ၊ ရန်ကုန်မှ လူများ ကိုယ်တိုင် ကိုယ်ကျ လာရောက် စုံစမ်းပါ .... ။
၀၉-၃၃၈၀၅၅၈၁ ၊ ၀၉-၃၃၈၀၅၅၉၁
အချိန်မပေးနိုင်သော သူများ ၊ နယ်မှ လူများ ဖုန်း ဆက်ပြီး စုံစမ်းပါ .... ။
မိုဘိုင်းဖုန်းပြုပြင်ခြင်း နဲ့ ပတ်သတ်ပြီး အသက်မွေး ၀မ်းကြောင်း ပြုလုပ်လိုသူများ အတွက် ကျွန်တော်တို့ THE LAST MOBILE SERVICE AND TRAINING မှ အပြည့်အ၀ တာဝန်ယူပါရစေ ။
( သင်တန်း အပတ်စဉ် က သင်တန်းသားများ ရဲ့ ပုံရိပ် တစ်ချို့ပါ ...။ လက်တွေ့လုပ်ငန်းခွင် မှာ ကိုယ်တိုင် ကိုယ်ကျ လုပ်ကိုင်နေရသလို ပုံစံမျိုးဖြင့် သင်ကြားမှု ပေးတာတွေကိုလည်း တွေ့မြင်ရမှာပါ .... ။ အချိန်ပေးပြီး ကိုယ်တိုင်ကိုယ်ကျ လာရောက် စုံစမ်းဖို့ ဖိတ်ခေါ်လိုက်ရပါတယ် ... ။ )




<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>