8/28/2014

♪ Sapphire i-Tab Mini Tablet (Tablet Review) ♫

ဒီဇိုင်းနှင့် မျက်နှာပြင်
အလျား ၇.၈ လက်မ၊ အနံ ၅.၃ လက်မနှင့် အထူ ၀.၃၃ လက်မသာ ရှိသည့်အတွက် ပါးလွှာမှုရှိပြီး ကိုယ်ထည်ဒီဇိုင်းလည်း ကျစ်လျစ်မှုရှိသည်။ ပါဝါခလုတ်၊ အသံအတိုးအကျယ် ခလုတ်များကို ညာဘက်ဘောင်ပေါ်၌ ထည့်သွင်းထားပြီး နားကြပ်ပေါက်ကို ထိပ်ဖက်နားတွင် ထည့်သွင်းထားသည်။ microUSB အားသွင်းပေါက်သည် အောက်ဘက်ဘောင်ရှိ စပီကာနှစ်ခုကြားတွင် ထည့်သွင်းထားသည်။ အလေးချိန် ၃၀၀ ဂရမ်သာ ရှိသည့်အတွက် ရေရှည်ကိုင်တွယ် အသုံးပြုမှုအတွက် ကောင်းမွန်မည်ဖြစ်သည်။ IPS LCD အမျိုးအစား Capacitive Toucscreen ကို အသုံးပြုထားပြီး resolution 1024x768 pixels အထိ အပြည့်အဝ ထောက် ပံ့ပေးနိုင်မည်ဖြစ်သည်။ မြင်ကွင်းအကျယ် ဒေါင့်ဖြတ်အတိုင်းအတာ ၇.၈၅ လက်မရှိပြီး Multitouch စနစ်လည်း ထောက်ပံ့ ပါဝင်မည်ဖြစ်သည်။

စွမ်းဆောင်ရည်
Quad-core 1.2GHz အမျိုးအစား CPU ကို ထည့်သွင်းထားပြီး Mediatek MT8125 Chipset ကို အသုံးပြုထားသည်။ ဂရပ်ဖစ်စနစ် သီးခြားပါဝင်မှု မရှိသည့်အတွက် Built-in ဖြင့်သာ အသုံးပြုနိုင်မည်ဖြစ်သည်။ မှတ်ဥာဏ်ပမာဏ 1GB RAM ပါဝင်ပြီး အချက်အလက်သိုလှောင်မှုအတွက် 8GB Internal Storage ပါဝင်သည့်အပြင် microSD ဖြင့် 32GB အထိ တိုးမြှင့်အသုံးပြုနိုင်သည်။ Android OS အမျိုးအစားသည် v4.2 (Jelly Bean) ဖြစ်ပြီး Proximity-sensors ၊ GPS ၊ G-sensor ၊ M-sensro ၊ WiFi ၊ Bluetooth စနစ်များ ထောက်ပံ့ပါဝင်မည်ဖြစ်သည်။

ကင်မရာနှင့် ဘက်ထရီ
Resolution 2592x1936 pixels ပမာဏ ပုံရိပ်ဖော်ဆောင်ပေးနိုင်သည့် 5MP အမျိုးအစား နောက်ကင်မရာကို ကျောဘက်ကာဗာ ဘယ်ဘက်ထောင့်အပေါ်ပိုင်းတွင် တပ်ဆင်ထားပြီး ရှေ့တွင်တပ်ဆင်ထားသည့် ကင်မရာသည် 2MP အမျိုးအစားဖြစ်သည်။ 3500 mAh ပမာဏရှိသော Li-on အမျိုးအစား ဘက်ထရီကို ထည့်သွင်းထားပြီး Stand by အနေဖြင့် နာရီပေါင်း ၁၂၀ ခန့် ထားရှိနိုင်မည်ဖြစ်သည်။
အားသာချက်
Superslim ဒီဇိုင်းဖြင့် ထုတ်လုပ်ထားသည့်အတွက် ဒီဇိုင်းပိုင်း လှပမှုရှိမည်ဖြစ်သည်။ မြင်ကွင်း အရွယ်အစားသည် အရမ်းမကြီးလွန်း မသေးလွန်းသည့် အရွယ်အစားဖြစ်ပြီး တန်ဖိုးသင့်တင့် မျှတမှုရှိခြင်းကလည်း အဆိုပါ Tablet ၏ အားသာချက်တစ်ခုဖြစ်သည်။
အားနည်းချက်
မျက်နှာပြင် resolution ပိုင်း နည်းပါးသည့်အတွက် ရုပ်ထွက်ပိုင်း အနည်းငယ် အားနည်းမည်ဖြစ်သည်။ GPU စနစ် သီးသန့်ထောက်ပံ့ပါဝင်ခြင်း မရှိသည့်အတွက် စွမ်းဆောင်ရည်ပိုင်းလည်း အသင့်အတင့်သာ ရှိမည်ဖြစ်သည်။
သုံးသပ်ချက်
GSM ဆင်းမ်ကတ် ထည့်သွင်းအသုံးပြုနိုင်မည်ဖြစ်ပြီး GSM/WCDMA နက်ဝက်ခ် နှစ်မျိုးစလုံးဖြင့် အသုံးပြုနိုင်မည် ဖြစ်သည့်အပြင် တန်ဖိုးအားဖြင့်လည်း သင့်တင့်မှုရှိသည့် Tablet တစ်လုံးဖြစ်သည်။ ပါးလွှာပြီး ပေါ့ပါးမှုရှိသည့် အိတ်ဆောင် Tablet အမျိုးအစားကို အသုံးပြုလိုသူများ ရွေးချယ်သင့်သော Tablet ဖြစ်သည်။
တန်ဖိုး
၁၅၈,၀၀၀ ကျပ်
ဆက်သွယ်ဝယ်ယူနိုင်မည့် လိပ်စာ
SingTech
ဖုန်း-၀၁ ၂၀၂၅၈၈
- See more at: http://www.internetjournal.com.mm/content/14182#sthash.gomELawZ.dpuf

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>