8/27/2014

♪ LG က Samsung Galaxy Note ကို ယှဉ်ပြိုင်မည့် G3 Stylus စမတ်ဖုန်းကို ကြေညာ ♫

Photo: LG က Samsung Galaxy Note ကို ယှဉ်ပြိုင်မည့်  G3 Stylus စမတ်ဖုန်းကို ကြေညာ
=============================================
 
LG က စွမ်းဆောင်ရည်မြင့် G3 ၏ မူကွဲ စမတ်ဖုန်းတစ်မျိုးကို မိတ်ဆက်လိုက်ပြီး Samsung Galaxy Note စမတ်ဖုန်းများကို ယှဉ်ပြိုင်ရန် ဖြစ်နိုင်ပါသည်။ LG G3 Stylus ဟု အမည်ပေးထားပြီး Galaxy Note Phablet များထက် ဈေးနှုန်း သက်သာမည် ဖြစ်သည်။

LG G3 Stylus ကို စက်တင်ဘာလတွင် ဘာလင်၌ ပြုလုပ်မည့် IFA ပွဲတွင် ပြသမည် ဖြစ်သည်။ 

LG G3 Stylus တွင် မူလ G3 ကဲ့သို့ ၅.၅ လက်မ မျက်နှာပြင် တပ်ဆင်ထားပါသည်။ သို့သော် မူလ G3 ၏ 2.5GHz Snapdragon 801 Chipset ထက် အားနည်းသော 1.3GHz Quad-Core Processor ကို တပ်ဆင်ထားပါသည်။ G3 Stylus တွင် မူလ G3 ကဲ့သို့ အနောက်ဘက်တွင် 13 MP Camera တပ်ဆင်ထားသော်လည်း မျက်နှာချင်းဆိုင် ကင်မရာမှာ 1.3 MP ကို လျှော့ချထားပါသည်။ မူလ G3 တွင် 2.1 MP Camera တပ်ဆင်ထားခြင်း ဖြစ်ပါသည်။ 

G3 Stylus တွင် Android 4.4.2 KitKat မောင်းနှင်လည်ပတ်မည် ဖြစ်သည်။ 8GB Internal Storage, 1GB RAM, 3000mAh Battery တပ်ဆင်ထားပါသည်။ Galaxy Note များကို ယှဉ်ပြိုင်ရန် G3 Stylus တွင် ကညစ်တံ ထည့်သွင်းထားပါသည်။ ကညစ်တံဖြင့် မှတ်စုများ လျှင်မြန်စွာ မှတ်သားခြင်း၊ ပုံဆွဲခြင်းများကို တိကျစွာ ပြုလုပ်နိုင်မည်ဟု LG က ပြောပါသည်။ 

G3 Stylus ၏ အထူးခြားဆုံးမှာ ဈေးနှုန်း ဖြစ်ပါသည်။ LG က ရောင်းချမည့် ဈေးနှုန်းကို မကြေညာသေးသော်လည်း သင့်တင့်သော ဈေးနှုန်း ဖြစ်မည်ဟု အတည်ပြုထားပါသည်။ ထို့အတွက် G3 Stylus သည် Samsung က IFA တွင် ပြသမည်ဟု သတင်းထွက်နေသော Galaxy Note 4 ထက် ဈေးနှုန်း သက်သာမည်ဟု ကျွမ်းကျင်သူများက သုံးသပ်ပါသည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>