6/19/2014

♪ Ubuntu နှင့် Raspberry Pi နည်းပညာများ အကြောင်း အခမဲ့တက်ရောက် လေ့လာနိုင်မည် ♫


Ubuntu နှင့် Raspberry Pi နည်းပညာထုတ်ကုန်များနှင့် ပတ်သက်သည့် အကြောင်းအရာများကို ရန်ကုန်မြို့တွင် ပြုလုပ်မည့် မိုဘိုင်းပြပွဲ၌ ပြသသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။     အဆိုပါ မိုဘိုင်းပြပွဲတွင် Ubuntu နှင့်ပတ်သက်သည့် အခြေခံ သင်ခန်းစာများနှင့် အဆင့်မြင့် သင်တန်းများကို ပြပွဲရက်အတွင်း အခမဲ့ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး အဆိုပါ နည်းပညာဆိုင်ရာ စာအုပ်များကို လည်း ထားရှိပေးထားမည်ဖြစ်ကြောင်း သိရသည်။     ထို့အပြင် Windows, Mac များကဲ့သို့ အသုံးပြုနိုင်မည့် Ubuntu OS DVD ခွေများကိုလည်း အခမဲ့ ပေးသွားမည်ဖြစ်ပြီး Ubuntu 14.04 LTS မူရင်းအခွေနှင့် ပြည်တွင်း၌ အသုံးပြုရ လွယ်ကူစေရန် လိုအပ် သည့် ဆော့ဖ်ဝဲများ ထည့်သွင်းထားသည့် အဆိုပါ DVD ခွေများကို အွန်လိုင်းမှ တစ်ဆင့် မှတ်ပုံတင်ထားသူများက အခမဲ့ ရယူနိုင်မည်ဖြစ်သည်။     Ubuntu ထည့်သွင်းနည်းနှင့် အသုံးပြုနည်း၊ Ubuntu Mobile (Ubuntu Touch) ထည့်သွင်းနည်း၊ Application ရေးသားနည်း၊ ၎င်းင်း OS နှင့် မြန်မာဘာသာ အသုံးပြုခြင်းများကို ပြသသွားမည်ဖြစ်ကြောင်း စီစဉ်သူများထံမှ သိရသည်။     Ubuntu Myanmar Loco Team မှ စီစဉ်သည့် ယင်းနည်းပညာ ထုတ်ကုန်များ ပြပွဲတွင် Raspberry Pi နှင့် ဆက်စပ် ပစ္စည်းများကိုလည်း ပြသသွားမည်ဖြစ်သည်။Pi Install ပြုလုပ်နည်း၊ Pi Cloud Scratch Application Media Server/ File Server/ eLibrary Remote via Android Phone or Tablet အစရှိသည့် Raspberry Pi နည်းပညာနှင့် ပတ်သက်သည့် အကြောင်းအရာများကိုလည်း ရှင်းလင်းပြသသွားရန် စီစဉ်ထားကြောင်း သိရသည်။     Ubuntu အခွေများကို လိုအပ်သူများသည် http://ubuntu1404-mm.doattend.com တွင် မှတ်ပုံတင်ပြီး၊ မှတ်ပုံတင်ထားသော အထောက်အထားကို ရယူလာခြင်းဖြင့် အခမဲ့ရရှိနိုင်မည်ဖြစ်သည်။ အဆိုပါ မိုဘိုင်းပြပွဲကို ရန်ကုန်မြို့ရှိ AKK ဈေးဝယ် စင်တာတွင် ယခုလ ၁၈ မှ ၂၄ အထိ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ယုဇနကိုကို
Internet Journal



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>