6/19/2014

♪ Ubuntu & Raspberry Pi ပြခန်း AAK Shopping Mall ရှိ Mobile Show တွင်ပါဝင်ပြသမည် ♫

Ubuntu Myanmar LoCo Team photo ujpeg.jpg

AAK Shopping Mall တွင် ဇွန်လ ၁၈ ရက်မှ ၂၄ ရက်အထိ ကျင်းပမည့် Mobile Show တွင် Ubuntu Myanmar LoCo Team ၏ Ubuntu နှင့် Raspberry Pi ပြခန်းများပါဝင်ပြသမည်ဖြစ်ကြောင်းသိရ သည်။ Windows, Mac များကဲ့သို့ပင် အသုံးပြုနိုင်ပြီး ၎င်းတို့နှင့်မတူ အခမဲ့ရရှိနိုင်မည့် Ubuntu OS DVD ခွေများကိုလည်း ပြပွဲရက်အတွင်း ဝေငှသွားမည် ဖြစ်ကြောင်း သိရသည်။

Ubuntu 14.04 LTS မူရင်း အခွေနှင့် ပြည်တွင်း အသုံးပြုရလွယ်ကူစေရန် လိုအပ်သောဆော့ဝဲများ ထည့်သွင်းထားသည့် Ubuntu-MM 14.04 LTS အခွေများကို မှတ်ပုံတင်ထားသူများအနေဖြင့် အခမဲ့ ရယူနိုင်မည်ဟုသိရ သည်။ Ubuntu Booth ကို Ubuntu Corner ဟု အမည်ပေးထားမည်ဖြစ်ပြီး လာရောက် လေ့လာသူများအတွက် Ubuntu အကြောင်းသိကောင်းစရာ စာအုပ်များ ထားရှိပေးမည်ဖြစ်သည်။ ပြပွဲရက်အတွင်း အခြေခံနှင့် အဆင့်မြင့် သင်တန်းများကို ရက်တိုသင်တန်းအနေဖြင့် ပို့ချသွားမည်ဖြစ်သည်။ Ubuntu Corner တွင် Raspberry Pi နှင့် ဆက်စပ် ပစ္စည်းများကိုပါ ပြသသွားမည်ဖြစ်ပါသည်။ Raspberry Pi သည် ဆေးလိပ်ဘူးအရွယ် ၃၅ USD$ တန် အသေးစား Computer ဖြစ်ပြီး Power စားသက်သာကာ ဈေးနှုန်းချိုသာသဖြင့် ကျောင်းသုံး လုပ်ငန်းသုံးများအတွက် သင့်တော်သောနေရာများတွင် အသုံးချနိုင်သည်။ Ubuntu Corner တွင် Ubuntu ထည့်သွင်းနည်းနှင့် အသုံးပြုနည်း၊Ubuntu Mobile (Ubuntu Touch) ထည့်သွင်းနည်း၊ Application ရေးသားနည်း၊ LoCo Team အကြောင်း၊ Ubuntu OS နှင့် Application များကို မြန်မာဘာသာဖြင့် အသုံးပြုခြင်းစသည်တို့ကို ရှင်းလင်း ပြောကြားပေးသွား မည် ဖြစ်သည်။

Pi နှင့် ပတ်သက်၍Pi Install လုပ်နည်း၊Pi Cloud ,Scratch Application, Media server / file server / eLibrary,Remote via Android Phone or Tabletစသည်တို့ကို ရှင်းလင်း ပြသပေးသွားမည်ဖြစ်သည်။ Ubuntu အခွေရယူလိုသူများ အနေဖြင့် http://ubuntu1404-mm.doattend.com/ တွင် မှတ်ပုံတင်ပြီး လက်မှတ်ကို Print ထုတ်ယူလာရန် လိုအပ်ကြောင်းသိရသည်။




<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>